Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုရီးယားနှစ်နိုင်ငံအရေး ဦးဆောင်ဆွေးနွေးပေးဖို့ ထရမ့်ကို တောင်ကိုရီးယား သမ္မတ တောင်းဆို

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

ဓာတ်ပုံ - News1

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

ပြင်သစ်နိုင်ငံမှာ ကျင်းပတဲ့ G7 ညီလာခံအတွင်း နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံချိန်မှာ တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အခုလို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ ဇွန်လ ၁၆ ရက်နေ့က မြောက်ကိုရီးယား အရေးနဲ့ ပတ်သက်လို့ ခဏတာ ဆွေးနွေးဖြစ်ခဲ့ကြောင်း လီရဲ့ သမ္မတရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထရမ့်က ကိုရီးယားကျွန်းဆွယ်ရဲ့ ပြိုင်ဘက် နှစ်နိုင်ငံကြားက ဆက်ဆံရေးအကြောင်း စိတ်ဝင်တစား စတင် မေးမြန်းခဲ့ပြီး လီကလည်း မြောက်ကိုရီးယားနဲ့ သဘောထား တင်းမာမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းလိုကြောင်း၊ ပြီးတော့ အဲဒီ ရည်မှန်းချက်မှာ အမေရိကန်ရဲ့ ခေါင်းဆောင်ပေးမှုကို လိုလားကြောင်း တုံ့ပြန်ခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းမှာ အမေရိကန် ပါဝင်တိုက်ခိုက်နေတဲ့ စစ်ပွဲက ပြီးဆုံးသွားပြီ ဖြစ်တာကြောင့် မြောက်ကိုရီးယား အရေးကို ထရမ့်အနေနဲ့ ပိုပြီး အာရုံစိုက်ပေးနိုင်ဖို့ မျှော်လင့်ကြောင်းလည်း လီက ပြောကြားခဲ့ပါတယ်။ ထရမ့်ကလည်း သူဟာ မြောက်ကိုရီးယား ကိစ္စကို ခေါင်းထဲထည့်ထားပါ့မယ်လို့ လီကို ကတိပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ဟာ သူ့ရဲ့ အမေရိကန် သမ္မတ ပထမအကြိမ် ၄ နှစ်သက်တမ်းတုန်းက ကင်မ်နဲ့ သုံးကြိမ်တိုင်တိုင် လူချင်းတွေ့ဆုံခဲ့ဖူးပါတယ်။ အဲဒီထဲက နှစ်ကြိမ်ဟာ ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး ကိစ္စအတွက် စင်ကာပူမှာ ဆွေးနွေးခဲ့တာပါ။ နောက်တစ်ကြိမ်ကတော့ ကိုရီးယား နှစ်နိုင်ငံကြား စစ်မဲ့ဇုန်ကို ထရမ့် ရောက်ရှိခဲ့ချိန်တုန်းက ဖြစ်ပါတယ်။

တောင်ကိုရီးယားမှာ သမ္မတဟောင်း ယွန်ဆွတ်ယော လက်ထက်တုန်းက မြောက်ပိုင်း အိမ်နီးချင်း ပြိုင်ဘက်နဲ့ ဆက်ဆံရေး အဆိုးဆုံး အခြေအနေထိ ရောက်ရှိသွားခဲ့ပါတယ်။ လက်ရှိ သမ္မတ လီရဲ့ လက်ထက်မှာ နှစ်ဖက် တင်းမာမှုတွေကို လျှော့ချနိုင်ဖို့ ကြိုးစားနေပေမယ့်လည်း မြောက်ကိုရီးယားကတော့ တောင်ပိုင်းက နိုင်ငံအပေါ် ရန်သူအနေနဲ့ သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။