Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စမ်းသပ်ဆဲ ဆဋ္ဌမမျိုးဆက် တိုက်လေယာဉ် အသစ်ရဲ့ ပုံရိပ်ကို တရုတ် ပထမဆုံးထုတ်ပြ

တရုတ်ဟာ လျှို့ဝှက်အဆင့်အဖြစ် စမ်းသပ်နေတဲ့ ဆဋ္ဌမမျိုးဆက် တိုက်လေယာဉ်ရဲ့ ပုံရိပ်ကို ပထမဆုံးအကြိမ် တရားဝင် ထုတ်ပြလိုက်ပါတယ်။

ဓာတ်ပုံ - @WZZJWZ / X

တရုတ်ဟာ လျှို့ဝှက်အဆင့်အဖြစ် စမ်းသပ်နေတဲ့ ဆဋ္ဌမမျိုးဆက် တိုက်လေယာဉ်ရဲ့ ပုံရိပ်ကို ပထမဆုံးအကြိမ် တရားဝင် ထုတ်ပြလိုက်ပါတယ်။

J-36ဆိုတဲ့ ကုတ်ဒ်နာမည်နဲ့ သုံးနှုန်း ခေါ်ဝေါ်နေတဲ့ အဲဒီ တိုက်လေယာဉ် စမ်းသပ် ပျံသန်းမှု ဗီဒီယိုတွေက လူမှုကွန်ရက် မီဒီယာတွေပေါ် ပျံ့နှံ့ခဲ့ပေမယ့် တရုတ်စစ်တပ်ကတော့ ဘယ်တုန်းကမှ တိတိကျကျ မှတ်ချက်ပေးခဲ့တာမျိုး မရှိပါဘူး။

အခုအခါမှာတော့ တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ် (PLA)ရဲ့ တရားဝင် ပြန်ကြားရေး အကောင့်ဖြစ်တဲ့ China Military Bugleက ထုတ်ပြန်တဲ့ ၄ မိနစ်ကြာ ဗီဒီယိုထဲမှာ တိုက်လေယာဉ် အသစ်ရဲ့ ပုံရိပ်ကို ရည်ရွယ်ချက်ရှိရှိ ပထမဆုံးအကြိမ် ထည့်သွင်းပြထားတာ တွေ့ရပါတယ်။

ဗီဒီယိုထဲမှာတော့ J-36လို့ ယုံကြည်ရတဲ့ တိုက်လေယာဉ်ဟာ အမြီးတွေ လုံးဝ မပါဝင်တော့ဘဲ သုံးမြှောင့်ဆန်ဆန် ကိုယ်ထည်နဲ့ တောင်ပံတွေ ဖွဲ့စည်းပုံမျိုး ဒီဇိုင်းထုတ်ထားတာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

အမြီးမပါတဲ့ တိုက်လေယာဉ်တွေဟာ လွတ်လွတ်လပ်လပ် စစ်ကစား လှုပ်ရှားပျံသန်းနိုင်စွမ်း ပိုမိုကောင်းမွန်တယ်လို့ ယုံကြည်ရပြီး အမေရိကန်ကလည်း ဆဋ္ဌမမျိုးဆက် F-47 တိုက်လေယာဉ်တွေကို အဲဒီ ဒီဇိုင်း အယူအဆမျိုးနဲ့ ချဉ်းကပ် တည်ဆောက်နေပါတယ်။

လက်ရှိ ကမ္ဘာပေါ်မှာ နည်းပညာ အမြင့်ဆုံးလို့ သတ်မှတ်နိုင်တဲ့ ပဉ္စမမျိုးဆက် လက်တစ်ဆုပ်စာလောက်ပဲရှိပြီး အမေရိကန်က ၂ မျိုးနဲ့ တရုတ်က ၂ မျိုး ပိုင်ဆိုင်ပါတယ်။ အခုတော့ ပိုပြီး လွန်လွန်ကဲကဲ နည်းပညာ မြင့်မားဖွယ်ရှိတဲ့ ဆဋ္ဌမမျိုးဆက် တိုက်လေယာဉ်တွေ အတွက်ပါ နှစ်နိုင်ငံ အပြိုင်ကြဲနေတာ ဖြစ်ပါတယ်။

J-36နဲ့ ပတ်သက်ပြီး တရုတ်ရဲ့ လေကြောင်းနည်းပညာ လုပ်ငန်းစုကြီး Chenduရော၊ တရုတ်စစ်တပ် PLAကပါ ဘာမှတ်ချက်မှ မပေးဖူးပါဘူး။ PLAရဲ့ လေတပ်ဟာ အခုအခါ နမူနာ prototypeအဆင့် J-36 ၃ စီးကို လက်တွေ့ စမ်းသပ် ပျံသန်းမှုတွေ လုပ်ဆောင်နေတယ်လို့ ယုံကြည်ရပါတယ်။ တိုက်လေယာဉ်ဟာ လေယာဉ်မှူးနှစ်ဦး ဘေးချင်းယှဉ်လျက် ထိန်းချုပ် မောင်းနှင်ရတဲ့ ထိန်းချုပ်ခန်းမျိုး တည်ဆောက်ထားပြီး အင်ဂျင်သုံးလုံးနဲ့ မောင်းနှင်ပါတယ်။

အဲဒီလေယာဉ်ဟာ ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေလိုပဲ ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် (stealth) နည်းပညာ ပြန်လည် ပါဝင်လာမယ်လို့ ယုံကြည်ရပြီး ဒီထက်ပိုမို ဆန်းသစ်တဲ့ နည်းပညာတွေနဲ့ ပတ်သက်လို့တော့ တိတိကျကျ မသိရသေးပါဘူး။

တရုတ်ဟာ Shenyang လေကြောင်းနည်းပညာ ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ J-50ဆိုတဲ့ နောက်ထပ် ဆဋ္ဌမမျိုးဆက် တိုက်လေယာဉ် နမူနာသစ် တစ်ခုကိုလည်း စမ်းသပ်နေပေမယ့် J-36လောက်တော့ ခရီးမရောက်သေးဘူးလို့ ယူဆရပါတယ်။

ကိုးကား: Defence Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒီမိုကရေစီရေးတက်ကြွတောင်းဆိုသူတွေကိုတရုတ် အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့တဲ့ တိန်အင်မင်ရင်ပြင် ဖြိုခွင်းမှုကြီးကို တရုတ် သမ္မတ ရှီကျင့်ဖျင်က ချီးကျူးစကား ပြောသွားခဲ့ပါတယ်။

သတင်း

၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA) ထိန်းချုပ်နယ်မြေအတွင်း ခရစ္စယာန် ဘုရားကျောင်းတွေ ယာယီပိတ်သိမ်းမှုနဲ့ပတ်သက်ပြီး UWSP/UWSA ပြင်ပဆက်ဆံရေးဌာန တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဦးညီရန်းက ဩဂုတ် ၁၄ရက်မှာ ရှင်းလင်းချက် ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အယောင်ဆောင် လက်ထပ်စေတဲ့ နည်းကိုသုံးပြီး ရာနဲ့ချီ များပြားတဲ့ နိုင်ငံခြားသားတွေကို အမေရိကန်မှာ အမြဲတမ်း နေထိုင်ခွင့် (green card) ရရှိအောင် စီစဉ်ပေးခဲ့တဲ့ ဂိုဏ်းတစ်ခုကို အမေရိကန်မှာ စွဲချက်တင်ထားပါတယ်။

နိုင်ငံတကာ

တရုတ်ကို ကမ္ဘာ့ကုန်သွယ်ရေးနဲ့ စီးပွားရေး စူပါပါဝါ နိုင်ငံကြီးတစ်ခု ဖြစ်လာအောင် အုတ်မြစ်ချပေးခဲ့သူလို့ အသိအမှတ်ပြု ခံရသူ ဝန်ကြီးချုပ်ဟောင်း ကျူးရုန်ကျီဟာ အသက် ၉၇ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

Facebook