Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရွှေဖိနပ်ဆု ဘယ်သူရမလဲ

၂၀၂၆ ကမ္ဘာ့ဖလားမှာ နာမည်ကြီးကစားသမားအများစု ​ခြေစွမ်းပြ ဂိုး​တွေအပြိုင်သွင်းယူ​နေတာ​ကြောင့် ​ရွှေဖိနပ်ဆုအတွက် ပြိုင်ပွဲဟာ အကြိတ်အနယ်ဖြစ်​နေပါတယ် ။

ဇူလိုင်-၂၊၂၀၂၆။People’s Spring

၂၀၂၆ ကမ္ဘာ့ဖလားမှာ နာမည်ကြီးကစားသမားအများစု ​ခြေစွမ်းပြ ဂိုး​တွေအပြိုင်သွင်းယူ​နေတာ​ကြောင့် ​ရွှေဖိနပ်ဆုအတွက် ပြိုင်ပွဲဟာ အကြိတ်အနယ်ဖြစ်​နေပါတယ် ။

မြန်မာအချိန် ဇူလိုင် ၂ ရက် မနက်ခင်းပွဲ​တွေယှဥ်ပြိုင်ပြီးချိန်အထိ ​ရွှေဖိနပ်ဆုအတွက် မက်ဆီ ၊အမ်ဘက်ပီ ၊ဟာလန် ၊ဟယ်ရီကိန်း ၊ဗီနီးစီးယက်စ် ဂျူနီယာ ၊ဒန်ဘီလီ တို့က ထိပ်ဆုံးကဦး​ဆောင်​နေပါတယ်။

၃၂ သင်းရှုံးထွက်အဆင့် ပွဲ​တွေကန်မပြီး​သေးခင် ဇူလိုင် ၂ ရက်အထိ ​ရွှေဖိနပ်ဆုအတွက် မက်ဆီ နဲ့ ဘက်ပီတို့ က ၆ ဂိုးစီ နဲ့ဦး​ဆောင်​နေပါတယ် ။ မက်ဘီက ၄ ပွဲကစားပြီး ၃၇၈ မိနစ် ကစားတာမှာ ၆ ဂိုးသွင်းယူထားတာဖြစ်ပါတယ် ။မက်ဆီက ၃ ပွဲ (၁ ပွဲကလူစားဝင်)ကစားပြီး မိနစ်​ပေါင်း ၂၂၃ မိနစ်ကစားပြီး ၆ ဂိုးသွင်းယူထားတာပါ ။

Public Service Announcement

Public Service Announcement

ဒါ့​ကြောင့် မြန်မာစံ​တော်ချိန် လာမယ့်စ​နေ​​နေ့ မနက်မှာ အာဂျင်တီးနား နဲ့ ကိတ်ဗာဒီ တို့ရဲ့ ၃၂ သင်းရှုံးထွက်ပွဲမှာမက်ဆီဂိုးထပ်သွင်းရင်ဦး​ဆောင်မှုကိုထပ်တိုးနိုင်မှာဖြစ်ပါတယ်။

သူတို့ ၂ ဦးရဲ့​​နောက်မှာ ဟာလန် နဲ့ဟယ်ရီကိန်း တို့က ၅ ဂိုးစီနဲ့ဖိအား​ပေး​နေပါတယ်။

ဟာလန်က ၃၀၉ မိနစ်ကစားပြီး ၅ ဂိုး သွင်းယူထားပြီး ၊ကိန်းက ၃၉၄ မိနစ်ကစားပြီး၅ ဂိုး ရထားတာပါ ။

သူတို့​​ ၄ ဦး​နောက်မှာ အခုကမ္ဘာ့ဖလားမှာ​ခြေစွမ်းပြ​နေတဲ့ ဒမ်ဘီလီ နဲ့ ဗီနီစီးယက်စ် တို့က ၄ ဂိုးစီနဲ့ ရှိ​နေပါတယ် ။ဒန်ဘီလီက ၄ ဂိုးရဖို့ ၃၀၄ မိနစ်ကစားခဲ့ရပြီး ၊ ဗီနီစီးယက်စ်က​တော့ ၄ ပွဲလုံးပွဲချိန်ပြည့် ၃၉၈ မိနစ်ကစားပြီး ၄ ဂိုးရထားတာပါ ။

ဒါ​ကြောင့် အခုကမ္ဘာ့ဖလားဟာပြိုင်ပွဲမတိုင်ခင်ကတည်းက ​ခြေစွမ်းပြနိုင်တယ်ထင်​ကြေး​ပေးခံရတဲ့ ကစားသမားအများစု ဂိုးသွင်း​ခြေမြူ​နေကြတာဖြစ်ပါတယ်။ ဒီထဲမှာ အများမထင်ထားပဲ အသက် ၃၉ နှစ်ရှိ​နေတဲ့တိုင် လူငယ်​ခြေတက်​တွေနဲ့ အပြိုင် ဂိုးသွင်း​နေတာက မက်ဆီပဲဖြစ်ပါတယ် ။

​အသက် ၄၁ နှစ်အရွယ် ​ရော်နယ်ဒိုကလည်း အုပ်စုတွင်း ၂ ဂိုးသွင်းထားပြီး ၃၂ သင်းရှုံးထွက်အဆင့် ခရို​အေးရှားနဲ့ပွဲမှာဂိုးသွင်းနိုင်မလား​စောင့်ကြည့်ရပါမယ် ။ ပြိုင်ပွဲမှာ အထူး​ခြေစွမ်းပြဖို့ ထင်​ကြေး​ပေးခံထားရတဲ့ လာမိုင်ယာမယ်လ် က​တော့ ဒဏ်ရာကသက်သာ​ပျောက်ကင်းစမှာ သွင်းဂိုး ၁ ဂိုးပဲ ရထားပါ​သေးတယ် ။

၂၀၂၂ ကမ္ဘာ့ဖလား ​ရွှေဖိနပ်ဆုကို ဘက်ပီက သွင်းဂိုး ၈ ဂိုး နဲ့ ရခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလား​ရွှေဖိနပ်ဆုကို ဟယ်ရီကိန်းက သွင်းဂိုး ၆ ဂိုးနဲ့ဆွတ်ခူးခဲ့ကာ ၊၂၀၁၄ ကမ္ဘာ့ဖလား​ရွှေဖိနပ်ကိုဂျိမ်းစ်ရိုဒရီဂွတ်စ်က ၆ ဂိုးနဲ့ ရခဲ့ပါတယ် ။​ဘောလွန်ဒီ​အောဆု စံချိန်တင် ၈ ကြိမ်ရထားတဲ့မက်ဆီက ​ကမ္ဘာ့ဖလားမှာ​ရွှေဖိနပ်မရ​ဘူး​သေးပဲ ၂၀၂၂ မှာ ၇ ဂိုးနဲ့ ဒုတိယဂိုးအများဆုံးသွင်းသူပဲဖြစ်ခဲ့ပါတယ် ။ဒါ​ပေမယ့် အာဂျင်တီးနားအသင်း​ခေါင်း​ဆောင်က ၂၀၁၄ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ၂ ခုရဲ့အ​ကောင်းဆုံး​ဘောလုံးသမားဆု (​ရွှေ​ဘောလုံးဆု)ကို စံချိန်တင်ပြီး ၂ ကြိမ်ရထားပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလား ​​ရွှေဖိနပ်ဆုကို ဘယ်သူဆွတ်ခူးနိုင်မယ်လို့ စာဖတ်ပရိတ်သတ်​ရော ထင်ပါသလဲ။

ကိုးကား-FIFA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တစ်ခုကို ကုမ္ပဏီပိုင် လုပ်ငန်းအဖြစ် ပြောင်းလဲပြီး ရှယ်ယာတွေ ရောင်းချမယ်ဆိုတဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ အစီအမံဟာ တရားဝင် အဆိုမပြုနိုင်ခင် အဆင့်မှာတင် အကြီးအကျယ် ဝေဖန်ခံရလို့ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။

သတင်း

ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ ဖြစ်ပျက်ခဲ့တဲ့ အကျည်းတန်တဲ့ အခြေအနေတွေကြောင့် အာဂျင်တီးနား အသင်းအပေါ် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲပြီး ဆုဖလားကြီးကို သယ်ဆောင်လာတဲ့ စပိန်လက်ရွေးစင် ဘောလုံးအသင်းဟာ မက်ဒရစ် မြို့တော်ကို ပြန်ရောက်လာချိန်မှာ သူရဲကောင်းတွေလို သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခြင်း ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နိုင်ငံလက်ရွေးစင် အသင်းက ကမ္ဘာ့ချန်ပီယံ ဖြစ်လာတဲ့နောက် စပိန်နိုင်ငံမှာ ပြည်သူတွေ အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါတယ်။

Facebook