Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်ဆီက Hellfire ဒုံးကျည်တွေ ထပ်ဝယ်မယ့် စင်ကာပူ

စင်ကာပူဆီ Hellfire ဒုံးကျည်တွေ ထပ်မံရောင်းချဖို့ အစီအစဉ်ရှိကြောင်း အမေရိကန် အစိုးရက အတည်ပြုခဲ့ပါတယ်။

စင်ကာပူဆီ Hellfire ဒုံးကျည်တွေ ထပ်မံရောင်းချဖို့ အစီအစဉ်ရှိကြောင်း အမေရိကန် အစိုးရက အတည်ပြုခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒေါ်လာ ၂၂.၃ သန်း တန်ဖိုးရှိတဲ့ လက်နက် အရောင်းအဝယ် စာချုပ်အရ ဝေဟင်က မြေပြင်ပစ် Hellfire ဒုံးကျည် နောက်ထပ် ၂၄ စင်းကို စင်ကာပူဆီ ရောင်းချဖို့ သဘောတူ ခွင့်ပြုပေးထားကြောင်း အခု သီတင်းပတ် အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

AGM-114R Hellfire ဒုံးကျည်တွေသာ မကဘဲ တခြားဆက်စပ် အစိတ်အပိုင်းတွေနဲ့ နည်းပညာပိုင်း အကူအညီတွေကိုပါ အမေရိကန်က ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ အရေအတွက် ထပ်တိုးလိုက်တဲ့ သဘောတူညီမှုကြောင့် စင်ကာပူဟာ အမေရိကန်ဆီက စုစုပေါင်း Hellfire ဒုံးကျည် ၆၇ စင်းထိ ဝယ်ယူမယ့် အဓိပ္ပါယ် ဖြစ်လာပါတယ်။

Hellfire ဒုံးကျည်တွေဟာ အမေရိကန် လေကြောင်း နည်းပညာ လုပ်ငန်းစုကြီး Lockheed Martinက ထုတ်လုပ်ပြီး ဝေဟင်ကနေ မြေပြင်ကို တိတိကျကျ ချေမှုန်းပစ်ခတ်နိုင်တဲ့ ဒုံးကျည် အမျိုးအစားတွေ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အခု လက်နက် ဝယ်ယူမှုဟာ စင်ကာပူ လေတပ်ရဲ့ လေ့ကျင့်မှုနဲ့ စစ်ဆင်ရေး စွမ်းရည်တွေကို ပိုမို အားဖြည့်ပေးနိုင်လိမ့်မယ်လို့ စင်ကာပူ ကာကွယ်ရေး ဝန်ကြီးဌာနကလည်း ကြေညာပါတယ်။ စင်ကာပူဟာ အမေရိကန်လုပ် Apache Longbow တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေမှာ အဲဒီ Hellfire ဒုံးကျည်တွေကို တပ်ဆင် အသုံးပြုနေပါတယ်။

လက်နက် အရောင်းအဝယ် သဘောတူညီမှုမှာ အင်ဂျင်နီယာနဲ့ နည်းပညာပိုင်း လိုအပ်ချက်တွေ၊ သယ်ယူပို့ဆောင်မှုတွေ အတွက်ပါ အကူအညီပေးဖို့စင်ကာပူဖက်က တောင်းဆိုထားကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

Hellfire ဒုံးကျည်တွေဟာ အမျိုးအစားပေါ် မူတည်ပြီး ၁၁ ကီလိုမီတာ အကွာအဝေးလောက်ထိ ရောက်ရှိနိုင်ပါတယ်။ အဲဒီဒုံးကျည်တွေဟာ အသံထက် မြန်တဲ့နှုန်းနဲ့ ပစ်မှတ်ဆီ တိတိကျကျ ပျံသန်းသွားပြီး ချေမှုန်းနိုင်ပါတယ်။ အမေရိကန် အတွက်လည်း Hellfireတွေဟာ အထူးအားကိုးရတဲ့ တာတိုပစ် ဒုံးကျည် အမျိုးအစားတစ်ခု ဖြစ်နေပါတယ်။

အဲဒီဒုံးကျည်တွေကို တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ သံချပ်ကာယာဉ်တွေ၊ ရေယာဉ်တွေအပြင် ဒရုန်းတွေကနေပါ တပ်ဆင်ပစ်ခတ်နိုင်အောင် တီထွင်ထားပါတယ်။ အထင်ရှားဆုံး စစ်ဆင်ရေး တစ်ခုကတော့ ၂၀၂၀ နှစ်ဆန်းပိုင်းတုန်းက အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)ရဲ့ ထိပ်တန်း စစ်ဗိုလ်ချုပ် ကာဆမ် ဆိုလိုင်မာနီကို အီရတ် ပိုင်နက်ထဲမှာ လုပ်ကြံခဲ့ချိန်ကဖြစ်ပြီး ဆိုလိုင်မာနီ လိုက်ပါလာတဲ့ ယာဉ်တန်းကို အမေရိကန်ရဲ့ ဒရုန်းတစ်စီးက Hellfire ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာပါ။

အမေရိကန်ဟာ ဇွန်လတုန်းကလည်း စင်ကာပူဆီ HIMARS လက်နက်ကြီး စနစ်တွေ အဆင့်မြှင့်တင်မယ့် အစိတ်အပိုင်းတွေ ရောင်းချပေးဖို့ ဒေါ်လာ ၇၃ သန်းတန် ကမ်းလှမ်းမှုကို ခွင့်ပြုပေးခဲ့ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အမိန့်ပေးခဲ့တဲ့နောက် တောင်ကိုရီးယား-အမေရိကန် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုကို အတိုင်းအတာ ပမာဏ အရရော၊ အချိန်ကြာမြင့်မှု အရပါ လျှော့ချပစ်ခဲ့ရပါတယ်။

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ ဥက္ကဋ္ဌနဲ့ အမှုစစ်အရာရှိ တစ်ဦးကို အမေရိကန်က ပိတ်ဆို့ အရေးယူမှု စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးပေါင်းလုပ်ဆောင်တဲ့ စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို မြောက်ကိုရီးယား အစိုးရ မီဒီယာက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို အမေရိကန် ပိုင်နက်အဖြစ် ရည်ညွှန်းရေးသားထားတဲ့ မြေပုံဖြတ်ပိုင်း တစ်ခုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လူမှုကွန်ရက်ပေါ်မှာ တင်ထားခဲ့ပါတယ်။

Facebook