Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ခက်ခဲတဲ့ နိုင်ပွဲအပြီး အာဂျင်တီးနား နောက်တစ်ဆင့်တက်၊ မက်ဆီ ပွဲတိုင်းဂိုးသွင်း

အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီရဲ့ ၄ ပွဲဆက် ဂိုးသွင်းမှုနဲ့အတူ အာဂျင်တီးနား အသင်းဟာ ကိပ်ဗာဒီကို အနိုင်ယူပြီး ကမ္ဘာ့ဖလား နောက်ဆုံး ၁၆ သင်း ရှုံးထွက်အဆင့်ဆီ တက်လှမ်းသွားပြီ ဖြစ်ပါတယ်။ ဒီပွဲမှာ ကမ္ဘာ့ဖလားရဲ့ လူသစ်တန်း အသင်းငယ်လေး ကိပ်ဗာဒီဟာ ကမ္ဘာ့ချန်ပီယံတွေ အခက်တွေ့ရလောက်အောင် ထူးထူးခြားခြား တုံ့ပြန်ကစားသွားတာကြောင့် အချိန်ပို မိနစ် ၁၂၀ ထိ ယှဉ်ပြိုင်ခဲ့ရပါတယ်။

ဓာတ်ပုံ - Reuters

အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီရဲ့ ၄ ပွဲဆက် ဂိုးသွင်းမှုနဲ့အတူ အာဂျင်တီးနား အသင်းဟာ ကိပ်ဗာဒီကို အနိုင်ယူပြီး ကမ္ဘာ့ဖလား နောက်ဆုံး ၁၆ သင်း ရှုံးထွက်အဆင့်ဆီ တက်လှမ်းသွားပြီ ဖြစ်ပါတယ်။ ဒီပွဲမှာ ကမ္ဘာ့ဖလားရဲ့ လူသစ်တန်း အသင်းငယ်လေး ကိပ်ဗာဒီဟာ ကမ္ဘာ့ချန်ပီယံတွေ အခက်တွေ့ရလောက်အောင် ထူးထူးခြားခြား တုံ့ပြန်ကစားသွားတာကြောင့် အချိန်ပို မိနစ် ၁၂၀ ထိ ယှဉ်ပြိုင်ခဲ့ရပါတယ်။

အာဂျင်တီးနားဟာ ပွဲစကတည်းက တိုက်စစ်ကို တင်ကစားဖို့ ကြိုးစားခဲ့ပေမယ့် ကိပ်ဗာဒီရဲ့ စုစည်းပြီး စနစ်ကျလွန်းတဲ့ ခံစစ်စုဖွဲ့ပုံနဲ့ ပြိုင်ပွဲတလျှောက် လက်စွမ်းပြနေတဲ့ ဝါရင့် ဂိုးသမားကြီး ဂျိုဆီမာဒီယက်ဇ် ဗိုဇင်ဟာရဲ့ ဂိုးပေါက် ကာကွယ်မှုတွေကြောင့် ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမဲ့ သမ္ဘာပိုင်းမှာ အသာစီး ရနေတဲ့ အာဂျင်တီးနားက အဖွင့်ဂိုး စတင် ရရှိခဲ့ပါတယ်။ ပွဲစပြီး နာရီဝက်လောက် အကြာမှာ နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို မက်ဆီက သပ်သပ်ရပ်ရပ် ထိန်းရင်း အပြင်းကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၉ နှစ်အရွယ် မက်ဆီဟာ အခုနှစ် ကမ္ဘာ့ဖလားမှာ ၄ ပွဲစလုံး ဂိုးသွင်းတဲ့ မှတ်တမ်းကို ပိုင်ဆိုင်လာသလို ဂိုးသွင်းဘုရင်ဆုအတွက် တန်းစီဇယားမှာလည်း ၇ ဂိုးနဲ့ ဦးဆောင်နေပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာ ပွဲစဉ်တိုင်း ဂိုးသွင်းတဲ့ ကစားသမားက သူတစ်ဦးတည်းပဲ ရှိပါတယ်။

ပွဲချိန် ၅၉ မိနစ်မှာတော့ ဒီရွိုင်ဒူရာတေးက ကိပ်ဗာဒီအတွက် ချေပဂိုး ပြန်သွင်းပြီး ၂၀၂၂ ချန်ပီယံဆုရှင်တွေကို အာခံလာခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အာဂျင်တီးနားရဲ့ ဂိုးရဖို့ အားထုတ်မှုတွေကို ကိပ်ဗာဒီ ခံစစ်နဲ့ ဂိုးသမားက ကြံ့ကြံ့ခံခဲ့တာကြောင့် မိနစ် ၉၀ ပြည့်တဲ့ထိ တစ်ဂိုးစီ သရေကျနေပြီး အချိန်ပို မိနစ် ၃၀ ဆက်လက် ယှဉ်ပြိုင်ခဲ့ရပါတယ်။ အချိန်ပို စတင်ပြီး သိပ်မကြာခင်မှာပဲ အာဂျင်တီးနားရဲ့ အဖွင့်ဂိုး ဖန်တီးရှင် မာတီနက်ဇ်က ဂိုးဧရိယာထဲကနေ အပြင်းကန်သွင်းပြီး အာဂျင်တီးနားအတွက် တကျော့ပြန် ဦးဆောင်မှုကို ရှာဖွေပေးခဲ့ပါတယ်။ ဒါပေမဲ့ အချိန်ပို ၁၀၃ မိနစ်မှာ ဆစ်ဒ်နီ လိုပက်စ် ကာဘဲလ်က လှပတဲ့ အဝေးကန်ချက်နဲ့ ကိပ်ဗာဒီအတွက် ချေပဂိုးကို သွင်းယူသွားခဲ့ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

နှစ်ဂိုးစီ သရေဖြစ်နေလို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူရမယ့် အခြေအနေဆီ ဦးတည်နေရာက ကိပ်ဗာဒီတို့ ကံဆိုးသွားခဲ့ပါတယ်။ ပွဲချိန် ၁၁၁ မိနစ်မှာ မက်ဆီ ကန်တင်ပေးတဲ့ ထောင့်ကန်ဘောကို အာဂျင်တီးနား နောက်ခံလူ ခရစ္စတီယန် ရိုမဲရိုးနဲ့ အပြိုင် ခေါင်းယှဉ်တိုက်ရင်း ကိပ်ဗာဒီ ကစားသမား ဒင်နီ ဘောဂက်စ်က ကိုယ့်ဂိုးကိုယ် သွင်းမိသွားခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးလက်ကျန် မိနစ်တွေမှာ ကိပ်ဗာဒီက ချေပဂိုးရဖို့ တိုက်စစ်ကို ပိုဖွင့်ကစားလာခဲ့ပေမယ့် အာဂျင်တီးနား ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ကို မကျော်ဖြတ်နိုင်တော့တာကြောင့် သုံးဂိုး-နှစ်ဂိုးနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

အခုနှစ်ကျမှ ပထမဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ဖူးတဲ့ ကိပ်ဗာဒီ အတွက်တော့ ၃၂ သင်း ရှုံးထွက်အဆင့်မှာတင် ပြိုင်ပွဲကို လက်ပြ နှုတ်ဆက်ခဲ့ရပေမယ့် လုံးဝဂုဏ်ငယ်စရာ မရှိတဲ့ မှတ်တမ်းမျိုး၊ ပုံရိပ်မျိုးကို ချန်ထားနိုင်ခဲ့ပါတယ်။ နောက်တစ်ဆင့် တက်သွားတဲ့ အာဂျင်တီးနားကတော့ ၁၆ သင်းရှုံးထွက်အဆင့်မှာ အီဂျစ်နဲ့ ရင်ဆိုင်ရပါမယ်။ အီဂျစ်ဟာ ဩစတြေးလျကို တစ်ဂိုးစီ သရေကျခဲ့တဲ့နောက် ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရပြီး အခုအဆင့်ထိ တက်လှမ်းလာနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: FIFA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား လက်ရှိချန်ပီယံ အာဂျင်တီးနားနဲ့ ကိပ်ဗာဒီတို့ရဲ့ အကြိတ်အနယ်ယှဥ်ပြိုင်ကြတဲ့ ပွဲစဥ်မှာ မက်ဆီက ၁ ဂိုးထပ်သွင်းနိုင်တာ​ကြောင့် စံချိန်သစ် ၂ ခုထပ်တင်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ပေါ်တူဂီ အသင်းဟာ ခရိုအေးရှား အသင်းနဲ့ ခက်ခဲတဲ့ ပွဲစဉ်ကို ဖြတ်သန်းပြီးတဲ့နောက် ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်ဆီ ရောက်ရှိလာနိုင်ခဲ့ပါတယ်။ ဒီပွဲက ပရိသတ်တွေအတွက် ဖျော်ဖြေမှုတွေ ပေးနိုင်ခဲ့သလို နောက်ဆုံးမိနစ် သွင်းဂိုး ပယ်ဖျက်ခံရမှုလို ပြဇာတ်ဆန်တဲ့ အလှည့်အပြောင်းတွေကိုပါ မြင်တွေ့စေခဲ့ရပါတယ်။

နိုင်ငံတကာ

စပိန်အသင်းဟာ ဥရောပပြိုင်ဘက် ဩစတြီးယားကို ဂိုးပြတ်နဲ့ အနိုင်ယူပြီး ကမ္ဘာ့ဖလား နောက်ဆုံး ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။

နိုင်ငံတကာ

၂၀၂၆ ကမ္ဘာ့ဖလားမှာ နာမည်ကြီးကစားသမားအများစု ​ခြေစွမ်းပြ ဂိုး​တွေအပြိုင်သွင်းယူ​နေတာ​ကြောင့် ​ရွှေဖိနပ်ဆုအတွက် ပြိုင်ပွဲဟာ အကြိတ်အနယ်ဖြစ်​နေပါတယ် ။