Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ ငါးချဉ်ပါတဲ့ သင်္ဘောသီးထောင်းကြောင့် အသည်းကပ်ပါးပိုး ကူးစက်မှုတွေကို သတိပေးထား

ထိုင်းမှာ သင်္ဘောသီးထောင်း စားကြရာကနေ ပြင်းထန် အသည်းရောဂါပိုးတစ်မျိုး (liver fluke) ပျံ့နှံ့ ကူးစက်မှုတွေကို ကျန်းမာရေး အာဏာပိုင်တွေက သတိပေးထားပါတယ်။

ထိုင်းမှာ သင်္ဘောသီးထောင်း စားကြရာကနေ ပြင်းထန် အသည်းရောဂါပိုးတစ်မျိုး (liver fluke) ပျံ့နှံ့ ကူးစက်မှုတွေကို ကျန်းမာရေး အာဏာပိုင်တွေက သတိပေးထားပါတယ်။

ဇူလိုင်လ – ၈ ၊ ၂၀၂၆

ထိုင်းမှာ သင်္ဘောသီးထောင်း စားကြရာကနေ ပြင်းထန် အသည်းရောဂါပိုးတစ်မျိုး (liver fluke) ပျံ့နှံ့ ကူးစက်မှုတွေကို ကျန်းမာရေး အာဏာပိုင်တွေက သတိပေးထားပါတယ်။

မဟာဆာရာခမ် ပြည်နယ်ထဲမှာ ရေချိုငါး၊ ငါးချဉ်နဲ့ ဂဏန်းတို့ ထည့်စားလေ့ရှိတဲ့ သင်္ဘောသီးထောင်းကြောင့် လူငယ်တွေကြား အသည်းရောဂါပိုး ကူးစက်မှုတွေ မြင့်တက်နေတာကို ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။ ထိုင်းမှာတော့ သင်္ဘောသီးထောင်းကို အဲဒီလို စားသောက်မှုမျိုး ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။

မဟာဆာရာခမ်မှာ ရှောင်တခင် ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့ ရလဒ်အရ အများပြည်သူကြားမှာ အဲဒီ ကပ်ပါးပိုးမွှား ပျံ့နှံ့မှုဟာ ၁၁ ရာခိုင်နှုန်းလောက် ရှိနေပြီး တက္ကသိုလ် ကျောင်းသားအရွယ် လူငယ်ထုကြားမှာဆိုရင် ၃၃ ရာခိုင်နှုန်းလောက်ထိ မြင့်တက်နေတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ကနဦး ဆီးစစ် စမ်းသပ်မှုတွေအရ အခုနှစ် စာသင်နှစ်အတွင်း မဟာဆာရာခမ် တက္ကသိုလ်ရဲ့ ကျောင်းသားသစ် ၁၂၇၀၀ ထဲက ၄၂၃၃ ဦးမှာ အဲဒီ အသည်းကပ်ပါးပိုးမွှား စွဲကပ်နေတာကို စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ အလားတူ မဟာဆာရာခမ် ရာဇဘတ် တက္ကသိုလ်မှာလည်း ကျောင်းသားသစ် ၁၉၂၂ ဦးထဲက ၃၈၀ မှာ ရောဂါပိုး တွေ့ရှိခဲ့ပါတယ်။

ပြည်နယ်အုပ်ချုပ်ရေးမှူး ချမ်ပစ် ဒတ်ဂျရတ်က အခုကိန်းဂဏန်းတွေက စိုးရိမ်စရာဖြစ်ကြောင်း ဝန်ခံခဲ့ပြီး ငါးချဉ်ပါဝင်တဲ့ သင်္ဘောသီးထောင်းကို လူငယ်တွေကြား ကျယ်ကျယ်ပြန့်ပြန့် စားသုံးနေမှုက အဓိက အကြောင်းရင်း ဖြစ်နေကြောင်း ပြောကြားခဲ့ပါတယ်။

တချို့သော ငါးချဉ်တွေဟာ သေချာစနစ်တကျနဲ့ သန့်သန့်ရှင်းရှင်း ပြုလုပ်ထားတာ မဟုတ်သလို အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲမှုဌာန (FDA)ရဲ့ စံနှုန်းတွေနဲ့လည်း မကိုက်ညီတာကြောင့် အသည်းကပ်ပါ ရောဂါပိုးဥတွေ ရောနှောပါဝင် လာနိုင်ကြောင်း ကျန်းမာရေး ပညာရှင်တွေက ထောက်ပြထားပါတယ်။

ရေချိုငါး အစိမ်းတွေနဲ့ ဂဏန်းလို ရေနေသက်ရှိတွေရဲ့ အသားတွေမှာ အသည်းကပ်ပါး ပိုးဥတွေ ပါဝင်လာနိုင်ခြေ ရှိနေပါတယ်။ အဲဒီရောဂါပိုး ကူးစက်ခံရတဲ့အခါ ရေရှည်မှာ သည်းခြေလမ်းကြောင်း ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်တက်လာနိုင်တယ်လို့ ချမ်ပစ်က ပြောပါတယ်။ အထူးသဖြင့် ၁၅ နှစ်ကနေ နှစ် ၂၀ ထိ ကာလ အပိုင်းအခြားအတွင်း ကင်ဆာရောဂါ စတင် ဖြစ်ပေါ်လာနိုင်ခြေမျိုး ရှိနေတယ်လို့ သူက ဆိုပါတယ်။

ဒီကိစ္စကို ပေါ့ပေါ့ဆဆ လျစ်လျူရှုထားလို့ မရကြောင်း၊ ကျောင်းသားတွေမှာ အသည်းကပ်ပါးရောဂါ ကူးစက်မှု ညွှန်ကိန်းက အရမ်းမြင့်မားနေကြောင်း သူက ပြောပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ထိုင်းကျန်းမာရေး အာဏာပိုင်တွေဟာ သင်္ဘောသီးထောင်း ရောင်းချတဲ့ ဆိုင်တွေကို အရည်အသွေးပိုင်း စစ်ဆေးမှုတွေ တင်းကျပ်ဖို့ စီစဉ်နေပြီး ငါးအစိမ်းအစား သေချာချက်ပြုတ်ထားတဲ့ ငါးတွေနဲ့ ငါးချဉ်တွေကို အသုံးပြုကြဖို့၊ စားသုံးသူတွေကိုလည်း ကျန်းမာရေး ပညာပေး အသိတွေ ဖြန့်ဝေပေးဖို့ စီစဉ်နေပါတယ်။

မဟာဆာရာခမ် တက္ကသိုလ်ထဲမှာလည်း ကျောင်းသားနဲ့ ဝန်ထမ်း စုစုပေါင်း ၅ သောင်းကျော်ကို အသည်းကပ်ပါးပိုး စစ်ဆေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပြီး တက္ကသိုလ် မုန့်စျေးတန်းနဲ့ စားသောက်ဆိုင်တွေမှာလည်း ပညာပေး အစီအစဉ်တွေ အရှိန်မြှင့် အကောင်အထည် ဖော်သွားမယ်လို့ သိရပါတယ်။

ကိုးကား: Nation

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဖက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မဲဆောက်မှာရှိတဲ့ မဟာဝမ် ခရိုင်ခွဲထဲက နယ်စပ်ဂိတ် အားလုံးကို ယာယီ ပိတ်လိုက်ကြောင်းထိုင်းအာဏာပိုင်တွေကပြောပါတယ်။

နိုင်ငံတကာ

အသက် ၁၁ နှစ်သာရှိသေးတဲ့ကလေးတစ်ဦးတက်မောင်းလာတဲ့ကားဝင်တိုက်လို့ထိုင်းမှာဘုန်းကြီး ရှစ်ပါးပျံလွန်တော်မူခဲ့ကြောင်း သိရပါတယ်။

ဆောင်းပါး

လူ့အဖွဲ့စည်းတွင် ယနေ့ခေတ်ကာလမှာ AI (Artificial Intelligence) ဉာဏ်ရည်တုကို နယ်ပယ်အသီးသီးတွင် တွင်ကျယ်စွာ အသုံးပြုနေကြပြီ ဖြစ်သည်။ ထို AI ဉာဏ်ရည်တုကို အသုံးပြုသည့်အခါ သိသယောင် အားနည်းချက်(Hallucination)သည် အန္တရာယ်အလွန် ရှိနိုင်သည့် ပြဿနာတခု ဖြစ်နေပါသည်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် စစ်ဘေးရှောင်ဒုက္ခသည်တွေ ထပ်တိုး လာနေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ရှောင်တွေဟာ အမိုးအကာတွေအလုံအလောက်မရသေးသလို မိုးတွင်းကာလ စားနပ်ရိက္ခာအခက်အခဲနဲ့လည်း ကြုံလာရနိုင်တယ်လို့ ကူညီရေးအဖွဲ့တွေက ပြောပါတယ်။