Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Jurassic Park မင်းသားကြီး ဆမ်နီးလ် ကွယ်လွန်

Jurassic Park ရုပ်ရှင်ဇာတ်ကားတွေနဲ့ ကမ္ဘာသိ ကျော်ကြားခဲ့တဲ့ နယူးဇီလန် ရုပ်ရှင်မင်းသားကြီး ဆမ်နီးလ်ဟာ အသက် ၇၈ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ဓာတ်ပုံ - Getty

Jurassic Park ရုပ်ရှင်ဇာတ်ကားတွေနဲ့ ကမ္ဘာသိ ကျော်ကြားခဲ့တဲ့ နယူးဇီလန် ရုပ်ရှင်မင်းသားကြီး ဆမ်နီးလ်ဟာ အသက် ၇၈ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ဇူလိုင် ၁၃ ရက်နေ့က နီးလ်ဟာ ဩစတြေးလျ နိုင်ငံမှာ ကွယ်လွန်သွားကြောင်း မိသားစုက ထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ နီးလ်ဘာကြောင့် သေဆုံးသလဲ ဆိုတာကို တိတိကျကျ ဖော်ပြမထားဘဲ အရမ်း ရုတ်တရက်ဆန်ဆန် ဖြစ်သွားခဲ့တာလို့ ပါရှိခဲ့ပါတယ်။

ရုပ်ရှင်သရုပ်ဆောင်သာ မကဘဲ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးလည်းဖြစ်တဲ့ နီးလ်ဟာ ပြန်ရည်ကြိတ် ကင်ဆာကြောင့် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ကုသမှု ခံယူခဲ့ရပေမယ့် အခုနှစ်မှာတော့ သူဟာ ကင်ဆာရောဂါ ကင်းစင်သွားပြီလို့ ကြေညာခဲ့ပါတယ်။ ပြီးတော့ သေဆုံးချိန်မှာလည်း ကင်ဆာ ကင်းစင်နေဆဲလို့ ဆိုပါတယ်။

နီးလ်ဟာ ဆစ်ဒနီမှာရှိတဲ့ စိန့်ဗင်းဆင့် ပုဂ္ဂလိက ဆေးရုံမှာ တက်ရောက်ကုသမှု ခံယူနေရင်း ကွယ်လွန်ခဲ့တာလို့ သိရပါတယ်။ သူကွယ်လွန်ချိန်မှာ မိသားစုဝင်တွေ စုံစုံလင်လင် ရှိနေခဲ့ကြောင်း၊ သူ့ရဲ့ တစ်ဘဝလုံး ဖြတ်သန်းခဲ့တဲ့ တည်ကြည် ဂုဏ်သိက္ခာရှိမှုကို နီးလ်က နောက်ဆုံးထွက်သက်ထိ ထိန်းသိမ်းသွားခဲ့ကြောင်း ထုတ်ပြန်ချက်ထဲမှာ ပါရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နယူးဇီလန် ဝန်ကြီးချုပ် ခရစ္စတိုဖာ လက်ဆန်က နီးလ်ကို အကြီးကျယ် အခမ်းနားဆုံး ပုဂ္ဂိုလ်တစ်ဦးလို့ ချီးကျူး ညွှန်းဆိုခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ အတွင်း နီးလ်ဟာ နယူးဇီလန်ရဲ့ အကြောင်းကို ကမ္ဘာကြီးဆီ မိတ်ဆက်ပေးခဲ့ကြောင်း၊ သူ့ရဲ့ ပင်ကို ပါရမီကြောင့် နယူးဇီလန်ရဲ့ အကြီးကျယ်ဆုံး ယဉ်ကျေးမှု ပို့ကုန်တွေထဲက တစ်ခုအဖြစ် ရပ်တည်ခဲ့သလို မျက်မှောက်ခေတ် နယူးဇီလန် ရုပ်ရှင်အဆင့်အတန်း မြင့်တက်လာအောင်လည်း နီးလ်က အများကြီး ကူညီပေးခဲ့ကြောင်း လက်ဆန်က ဆိုပါတယ်။

နီးလ်ဟာ ဘဝတလျှောက်လုံးမှာ ရုပ်ရှင်နဲ့ အမြောက်အမြား ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၁၉၉၃ ခုနှစ်မှာ ရုံတင်ခဲ့တဲ့ Jurassic Park ဇာတ်ကားမှာ ဒိုင်နိုဆော ပညာရှင် ဒေါက်တာ အလန်ဂရန့်အဖြစ် ပါဝင်သရုပ်ဆောင်ရင်း ကမ္ဘာကျော် ရုပ်ရှင်ကြယ်ပွင့်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူဟာ Jurassic Park ဇာတ်ကားရဲ့ နောက်ဆက်တွဲ ရုပ်ရှင်နှစ်ခုမှာလည်း ဒေါက်တာ ဂရန့်အဖြစ် ဆက်လက် သရုပ်ဆောင်ခဲ့ပြီး Peaky Blinders၊ The Hunt for Red Octoberတို့လို အောင်မြင်တဲ့ ပရောဂျက်တွေမှာလည်း ပါဝင်ခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ