Connect with us

Hi, what are you looking for?

သတင်း

ဝေဖန်ခံခဲ့ရတဲ့ ပုဂံမာရသွန် ဒီဇင်ဘာမှာ ထပ်လုပ်ဖို့ စီစဥ်

အရင်ကလည်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရဖူးတဲ့ ပုဂံမာရသွန်ပြေးပွဲကို လာမယ့် ဒီဇင်ဘာလ ၈ ရက်မှာ ထပ်မံပြုလုပ်သွားဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

(မနှစ်က ပြုလုပ်ခဲ့တဲ့ ပုဂံမာရသွန်မှာ ဝင်ရောက်ပြေးခဲ့ကြသူအချ်ို့အား တွေ့ရစဥ်။ ဓါတ်ပုံံ-Runner များ)

ဇူလိုင် ၁၃၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

အရင်ကလည်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရဖူးတဲ့ ပုဂံမာရသွန်ပြေးပွဲကို လာမယ့် ဒီဇင်ဘာလ ၈ ရက်မှာ ထပ်မံပြုလုပ်သွားဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

မန္တလေးတိုင်း၊ ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေမှာ လာမယ့် ဒီဇင်ဘာလ ၈ ရက်မှာ Bagan Race အပြေးပြိုင်ပွဲ ပြုလုပ်သွားမယ်လို့ အပြေးသမားအချို့ထံကနေ သိရပါတယ်။ ​ညောင်ဦးမြို့နယ်တဝိုက် မကြာခဏ စစ်ရေးတင်းမာလေ့ရှိတဲ့အချိန်မှာ မာရသွန်ပြေးပွဲ ပြုလုပ်မယ့်အပေါ် လူထုကြားမှာ ဝေဖန်မှုတွေ ရှိနေတာပါ။

“လူ‌ငယ်ဘဝ‌တွေ အသက်ပေးပြီး စကစ ကို တော်လှန်နေချိန်မှာ ဘာပွဲပွဲ လုပ်လုပ်ပါ။ သူတို့ကတော့ နိုင်ငံတကာက ထောက်ခံမှုရအောင် တိုင်းပြည် အေးချမ်းသာယာနေသော ပုံစံမျိုး ဖန်တီးယူကြတာပါပဲ”လို့ ညောင်ဦးဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပုဂံ၊ညောင်ဦးတဖက်ကမ်း မြစ်ခြေဒေသဟာ ပြီးခဲ့တဲ့ ဇွန်လဆန်းက ဒေသခံပြည်သူ ၄၀ ကျော် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရဖူးပြီး အိမ်ခြေရာချီ မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်။ ဇူလိုင် ၁၀ ရက်ကလည်း ညောင်ဦးနဲ့ နယ်ချင်းဆက်နေတဲ့ ချောက်မြို့နယ်မှာ တော်လှန်ရေးရဲဘော် ၂၃ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။ ညောင်ဦးနယ်မှာ စစ်ရှောင်တွေလည်း ရှိနေပါတယ်။

တဖက်မှာလည်း ညောင်ဦးဒေသမှာ ပုဂံမြို့လာတဲ့ဧည့်သည်တွေ မကြာခဏ ဓါးပြတိုက် ပြန်ပေးဆွဲခံနေရလို့ ခရီးသွား မရှိသလောက် နည်းပါးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့ကြောင့် မာရသွန်ပြေးပွဲ လာလုပ်ရင် ဧည့်သည်တွေ ပိုများလာနိုင်တာကြောင့် လိုလားတဲ့ ဒေသခံတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

“ပုဂံ၊ညောင်ဦးဆိုတာ နိုင်ငံခြား ဧည့်သည်တွေမှီခိုပြီး စားဝတ်နေရေး ရုန်းကန်ရတာတော့ အမှန်ပေါ့။ နေရာဒေသတိုင်းမှာတော့ အခက်အခဲ ကိုယ်စီရှိကြစမြဲပါ။ ပုဂံဒေသခံများအတွက် ပွဲလမ်းသဘင်ဆိုတာ စားဝတ်နေရေးဖြေရှင်းနိုင်ဖို့ အခွင့်အရေးပါပဲ။ စကစ ကလည်း အဲ့ပုံရိပ်ကို ပြန်ချပြဖို့လည်း ကောင်းတာပေါ့”လို့ ပုဂံမြို့က လူငယ်တစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့မှာလည်း ပြီးခဲ့တဲ့ မေလအတွင်းက အာဏာသိမ်းစစ်တပ်နဲ့ နီးစပ်တဲ့လုပ်ငန်းတွေက ဦးဆောင်ပြီး မာရသွန်ပြိုင်ပွဲ ပြုလုပ်ခဲ့ဖူးပြီး ပြည်သူတွေ သွားလာရေးခက်ခဲသွားစေလို့ ဝေဖန်ခံခဲ့ရပါသေးတယ်။

မနှစ်က ဝေဖန်ခံခဲ့ရတဲ့ ပုဂံမာရသွန်ကိုတော့ နိုဝင်ဘာ ၁၅ ရက်မှာ RUNDERFUL BAGAN TEMPLE RUN 2025 မာရသွန်အပြေးပြိုင်ပွဲခေါင်းစဥ်နဲ့ ကျင်းပခဲ့တာဖြစ်ပြီး အပြေးအားကစားသမား (၉၈၁) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

အဆိုပါပြိုင်ပွဲကို စစ်တပ်အာဏာသိမ်းကာလထဲမှာဖြစ်တဲ့ ၂၀၂၃က စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။

ပြိုင်ပွဲမှာ ၄၂ ကီလိုမီတာတန်း၊ ၂၁ ကီလိုမီတာတန်းနဲ့ ၁၀ ကီလိုမီတာတန်းဆိုပြီး ခွဲကာ ပုဂံမြို့ရှိ တောင်ဘီကျေးရွာ အာနန္ဒာဘုရားကြီး၊တောင်ဘက်မုခ် ကွင်းပြင်ကနေ တာထွက် တာဝင် သတ်မှတ်ကာ ယှဉ်ပြိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

၁၀ ကီလိုမီတာတန်းမှာ အမျိုးသား၊အမျိုးသမီး (၄၁၁) ဦး၊ ၂၁ ကီလိုမီတာတန်းကို အမျိုးသား၊အမျိုးသမီး (၄၆၀) ဦးနဲ့ (၄၂) ကီလိုမီတာတန်းကို အမျိုးသား၊အမျိုးသမီး (၁၁၀) စုစုပေါင်း (၉၈၁) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ