Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်လာရင် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မယ်လို့ အီရန်ကို နေတန်ညာဟု သတိပေး

အစ္စရေးကို နည်းနည်းလေး ရန်စရင်တောင် အီရန်ကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - DPA

အစ္စရေးကို နည်းနည်းလေး ရန်စရင်တောင် အီရန်ကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။

လောလောဆယ် အရှေ့အလယ်ပိုင်း ဒေသမှာ အမေရိကန်နဲ့ အီရန်ကြား တိုက်ခိုက်မှုတွေ ပြန်လည် စတင်လာတဲ့နောက် အီရန်က အစ္စရေးကို ရန်စတာမျိုး လုံးဝ လုပ်မလာဖို့ နေတန်ညာဟုက သတိပေးခဲ့တာ ဖြစ်ပါတယ်။

အီရန် အစိုးရ ခေါင်းဆောင်တွေကို ရည်ရွယ်ပြီး သတိပေးလိုကြောင်း၊ အီရန်ကသာ အစ္စရေးကို တိုက်ခိုက်ခဲ့မယ်ဆိုရင် အခြေအနေတွေ ငြိမ်ငြိမ်သက်သက် ဆက်ရှိနေမယ်လို့ မမျှော်လင့်သင့်ကြောင်း ဇူလိုင်လ ၁၄ ရက်နေ့က ဒီမိုနာမြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။

အစ္စရေး တောင်ပိုင်းမှာရှိတဲ့ ဒီမိုနာမြို့မှာ အစ္စရေး နျူကလီးယား သုတေသန စင်တာတစ်ခု တည်ရှိပြီး အစ္စရေးရဲ့ နျူကလီးယား လက်နက်တွေ ထိန်းသိမ်းထားတဲ့ နေရာအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆ ခံထားရပါတယ်။

Public Service Announcement

Public Service Announcement

တစ်ယောက်ယောက်က ရန်စတိုက်ခိုက်လာတာကို အစ္စရေးက လက်တုံ့မပြန်ဘဲ ငြိမ်ခံနေမယ့် ကာလတွေက ပြီးဆုံးသွားပြီလို့ သူက ဆိုပါတယ်။ တကယ်လို့ အီရန်ကသာ အစ္စရေးကို တိုက်ခိုက်ခဲ့မယ်ဆိုရင် နှစ်ဆန်းပိုင်းတုန်းက အမေရိကန်နဲ့ ပူးပေါင်းပြီး အစ္စရေးက ဆင်နွှဲခဲ့တဲ့ စစ်ဆင်ရေးတွေထက် ပိုပြင်းထန်တဲ့ အတိုင်းအတာမျိုးနဲ့ လက်တုံ့ပြန်သွားမယ်လို့ နေတန်ညာဟုက ဆိုပါတယ်။

အီရန်က နောက်တစ်ကြိမ် တူညီတဲ့ အခြေအနေမျိုး ကြုံလာမယ်လို့ မမျှော်လင့်သင့်ကြောင်း၊ အစ္စရေးရဲ့ လက်တုံ့ပြန်မှုဟာ အရင်တုန်းက တိုက်ခိုက်မှုတွေထက် ပိုပြီး ပြင်းထန်မှာဖြစ်ကြောင်း၊ အလုံးစုံ ကွဲပြားတဲ့ အခြေအနေမျိုး ပေါ်ပေါက်လာမှာဖြစ်ကြောင်းလည်း နေတန်ညာဟုက သတိပေးသွားပါတယ်။

တစ်ဖက်မှာတော့ အစ္စရေးရဲ့ မဟာမိတ်ဖြစ်တဲ့ အမေရိကန်ဟာ အီရန်နဲ့ စစ်ရေးတင်းမာမှုတွေ ပြန်လည် မြင့်တက်လာပြီး ဇူလိုင် ၁၄ ရက် ညပိုင်းက အီရန် ပိုင်နက်ထဲမှာ သုံးညဆက်တိုက်အဖြစ် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အမေရိကန်ဟာ အီရန်ရဲ့ တစ်ခုတည်းသော နျူကလီးယား စက်ရုံတည်ရှိရာ ဘူရှာဟာမြို့ကိုပါ ပစ်မှတ်ထားခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ရဲ့ တောင်းဆိုမှုတွေကို အမေရိကန်က မလိုက်လျောဘဲနဲ့တော့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးမှာ မဟုတ်ဘူးလို့ အီရန်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။

ဘာသာပြန်ဆောင်းပါး

“အနောက်ဘက်ကမ်းမှာ အခြေချနေထိုင်သူအစွန်းရောက် အစ္စရေးနိုင်ငံသား ယီနွန်လေဗီ ( Yinon Levy)ကို ပါလက်စတိုင်းတက်ကြွလှုပ်ရှားသူ အော်ဒေဟ်ဟာသာလင်း(Awdeh Hathaleen) သေဆုံးမှုအတွက် လူသေမှု နဲ့ အစ္စရေးနိုင်ငံက ၂၀၂၆ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က စွဲချက်တင် လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။