Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ပုံနဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေ ထုတ်ဝေမယ်လို့ ကြေညာ

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မျက်နှာပုံပါတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေ သွန်းလောင်း ထုတ်ဝေသွားမယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ခံ ကြေးသွန်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ - X/SecScottBessent

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မျက်နှာပုံပါတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေ သွန်းလောင်း ထုတ်ဝေသွားမယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ခံ ကြေးသွန်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

သမ္မတထရမ့်ရဲ့ ပုံနဲ့ ဒင်္ဂါးတွေ ထုတ်ဝေတာဟာ နှစ် ၂၅၀ ပြည့် လွတ်လပ်ရေးနေ့ ဂုဏ်ပြု အစီအစဉ်တွေထဲက အစိတ်အပိုင်း တစ်ခုဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်က ဇူလိုင် ၁၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ထုတ်ပြထားတဲ့ ဒင်္ဂါးရဲ့ ဒီဇိုင်းအရ မျက်နှာပြင် တစ်ဖက်မှာ ထရမ့်ပုံ၊ နောက်တစ်ဖက်မှာတော့ အမေရိကန် သမ္မတရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ လင်းယုန်ငှက်ပုံတွေကို ရိုက်နှိပ်ထားတာ တွေ့ရပါတယ်။ ပြီးတော့ လွတ်လပ်ရေး၊ ဘုရားသခင်ကို ယုံကြည်တယ်၊ ၁၇၇၆-၂၀၂၆ ဆိုတဲ့ စာသားတွေလည်း ပါဝင်လာတာကို တွေ့ရပါတယ်။

နှစ် ၂၅၀ ပြည့် လွတ်လပ်ရေးနေ့ ဂုဏ်ပြုအစီအစဉ်အဖြစ် ထုတ်ဝေဖို့ လျာထားခဲ့တဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးဒီဇိုင်းကို မနှစ်က အောက်တိုဘာလ ကတည်းက ထုတ်ပြခဲ့ဖူးပြီး အခုတော့ မွမ်းမံပြင်ဆင်မှုတွေ ပါဝင်လာတာကို တေ့ွရပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်က ဒင်္ဂါးမျက်နှာပြင်ပေါ်မှာ သူ့ပုံ ရိုက်နှိပ်ဖော်ပြ ခံရတာကို ဂုဏ်ယူတယ်လို့ ပြောပါတယ်။ တစ်ဖက်မှာတော့ လက်ရှိ သမ္မတရဲ့ ပုံကို အမေရိကန်သုံး ငွေကြေးယူနစ်မှာ ပုံနှိပ် ဖော်ပြမှုက တရားဝင်သလားဆိုတဲ့ မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။

၁၈၆၆ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေ ပြင်ဆင်မှုအရ အမေရိကန်သုံး ငွေကြေးမှာ သက်ရှိထင်ရှား လူပုဂ္ဂိုလ် တစ်ဦးရဲ့ပုံကို လုံးဝ ဖော်ပြခွင့် မရှိပါဘူး။ ဒါပေမဲ့ အဲဒီဥပဒေဟာ ငွေစက္ကူတွေ အပေါ်မှာသာ အကျုံးဝင်တဲ့သဘောရှိပြီး ဒင်္ဂါးတွေ ပုံနှိပ်မှုနဲ့တော့ ကင်းလွတ်နေပါတယ်။ အမေရိကန်မှာ ငွေစက္ကူတွေကို ငွေကြေးရိုက်နှိပ်ရေး ဗျူရိုက တာဝန်ယူ ထုတ်ဝေးပြီး ဒင်္ဂါးတွေကိုတော့ ကြေးသွန်းဌာနက ဖြန့်ဖြူးပါတယ်။

နောက်ပိုင်းနှစ်တွေမှာတော့ ငွေအကြွေတွေက အမေရိကန် ငွေကြေးလည်ပတ်မှု စနစ်ထဲမှာ ရှားပါးသွားပြီး အထိမ်းအမှတ် ဒင်္ဂါးတွေကိုသာ ကြေးသွန်းဌာနက အဓိက ထုတ်ဝေပေးနေပါတယ်။

ဘက်ဆန့်ကတော့ အမေရိကန် လွတ်လပ်ရေး နှစ် ၁၅၀ ပြည့်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် ၁၀၀ တုန်းက လက်ရှိ သမ္မတ ကယ်လ်ဗင် ကူးလစ်ဒ်ဂျ်ရဲ့ ပုံကို ဒင်္ဂါးပေါ်မှာ ပုံနှိပ် ထုတ်ဝေဖူးတယ်လို့ ထောက်ပြခဲ့ပါတယ်။ ဒီတော့ သက်ရှိထင်ရှား ပုဂ္ဂိုလ်တွေကို ဒင်္ဂါးပေါ်မှာ ပုံနှိပ်ဖော်ပြတာက ဥပဒေနဲ့ မငြိစွန်းဘူးလို့ သူက ပြောပါတယ်။

အမေရိကန် လွတ်လပ်ရေး နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ထရမ့်ရဲ့ပုံပါတဲ့ အမေရိကန် ဒေါ်လာ ၂၅၀ တန်တွေ ထုတ်ဝေသင့်တယ်လို့ ဘဏ္ဍာရေး ဝန်ကြီးဌာနက မှတ်ချက်ပေးခဲ့ဖူးပေမယ့် လွှတ်တော် ထောက်ခံချက်ကိုတော့ ဘယ်တုန်းကမှ မရခဲ့ပါဘူး။ အခု ထရမ့်ပုံပါတဲ့ ဒင်္ဂါးတွေကိုတော့ ဖီလာဒဲလ်ဖီးယားမှာ သွန်းလုပ်သွားမယ်လို့လည်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကနေဒါမှာ လောင်ကျွမ်းနေတဲ့ တောမီးတွေကြောင့် အမေရိကန်ဖက်မှာ လေထုညစ်ညမ်းနေတဲ့အတွက် အိမ်နီးချင်း နိုင်ငံအပေါ် အခွန်စည်းကြပ်မှုတွေ တိုးမြှင့်ဖို့ စဉ်းစားနေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်လိုက်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဗိုလ်လုပွဲစဉ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် တက်ရောက် အားပေးမယ်လို့ အိမ်ဖြူတော်က အတည်ပြု ကြေညာခဲ့ပါတယ်။

သတင်း

"တရုတ်နိုင်ငံက အရမ်းအင်အားကြီးနေပြီ၊ ဘယ်သူမှ မယှဉ်နိုင်တော့ဘူး" ဆိုတဲ့ အမြင်ဟာ ဒီနေ့ကမ္ဘာမှာအတော်လေးကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံ၊ ကမ္ဘာ့အကြီးဆုံး ကုန်ထုတ်လုပ်ရေး နိုင်ငံ၊ နည်းပညာနဲ့ စစ်အင်အား ကိုလည်း အရှိန်အဟုန်နဲ့ တိုးချဲ့နေတဲ့ တရုတ်နိုင်ငံကို ကြည့်လိုက်ရင် အဲဒီအမြင်က အကြောင်းမဲ့တော့ မဟုတ်ပါဘူး။

နိုင်ငံတကာ

အီရန်နိုင်ငံရဲ့ မြို့တော် တဟီရန်မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အခေါင်းတစ်ခုထဲ လှဲလျောင်းနေပုံ ရေးဆွဲထားတဲ့ billboard အကြီးကြီး တစ်ခုကို စိုက်ထူထားပါတယ်။

Facebook