Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ပေါ် ရေကြီးမှုအပြီး ဥမင်တွေထဲ ပျောက်ဆုံးနေတဲ့ ရေအားလျှပ်စစ် လုပ်သား ၆၀၀ ကျော်ကို နီပေါ ရှာဖွေနေ

တောင်ပေါ် ရေကြီးမှုအပြီး အလုပ်သမား ၆၀၀ ကျော် ပိတ်မိနေတယ်လို့ ယူဆရတဲ့ ဥမင်တွေကို နီပေါ ကယ်ဆယ်ရေး အဖွဲ့တွေက တစ်ဆင့်ချင်း ဖောက်ခွဲရင်း ပျောက်ဆုံးနေသူတွေကို လိုက်ရှာနေပါတယ်။

ဓာတ်ပုံ - Reuters

တောင်ပေါ် ရေကြီးမှုအပြီး အလုပ်သမား ၆၀၀ ကျော် ပိတ်မိနေတယ်လို့ ယူဆရတဲ့ ဥမင်တွေကို နီပေါ ကယ်ဆယ်ရေး အဖွဲ့တွေက တစ်ဆင့်ချင်း ဖောက်ခွဲရင်း ပျောက်ဆုံးနေသူတွေကို လိုက်ရှာနေပါတယ်။

ဩဂုတ် ၂၆ ရက်နေ့က နီပေါနဲ့ တိဘက်ကုန်းမြင့် နယ်စပ်မှာ ရေခဲမြစ် ကျိုးကျမှုကြောင့် ရုတ်တရက် ရေကြီးမှုတစ်ခု ဖြစ်ပွားပြီး နှစ်ဖက်စလုံးမှာ လူ ၁၀၀၀ နီးပါး သေဆုံးပြီး ၄၄၀၀ လောက် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ဟိမဝန္တာ တောင်တန်းတွေနဲ့ ဆက်စပ်တဲ့ အဲဒီ တောင်ပေါ်ဒေသမှာ နီပေါရဲ့ ရေအားလျှပ်စစ် ထုတ်လုပ်ရာ စက်ရုံတွေလည်း တည်ရှိနေပါတယ်။ အဲဒီစက်ရုံတွေဆီ ဆက်သွယ်ထားတဲ့ ရှုပ်ထွေး ရှည်လျားတဲ့ ဥမင်စနစ်တွေ ထဲမှာတော့ အခင်းဖြစ်ချိန်က အလုပ်သမား ၆၀၀ ကျော်လောက် ပိတ်မိနေခဲ့တယ်လို့ ယုံကြည်ရတဲ့အတွက် ကယ်ဆယ်ရေးတွေ အပူတပြင်း ဆောင်ရွက်နေတာပါ။

ဥမင်ထဲက အလုပ်သမားတွေရဲ့ ကံကြမ္မာကို တိတိကျကျ မသိရသေးပေမယ့် မိသားစုတွေကတော့ သူတို့ချစ်ခင်သူတွေနဲ့ ပြန်ဆုံဖို့ မျှော်လင့်ချက်ကို မစွန့်ချင်ကြသေးပါဘူး။ ထရိုင်ရှူလီ မြစ်ရဲ့ 3Aဆိုတဲ့ ရေအားလျှပ်စစ် ထုတ်လုပ်မှု ဇုန်ထဲက ကယ်ဆယ်ရေး လုပ်ငန်းတွေမှာတော့ ပိတ်မိနေသူတွေအတွက် အသက်ရှင်နိုင်ခြေ ရှိနေသေးတဲ့ အချိန်မကုန်ခင် ရှာတွေ့နိုင်ဖို့ အပူတပြင်း ကြိုးစားနေကြပါတယ်။

Public Service Announcement

Public Service Announcement

နီပေါအာဏာပိုင်တွေရဲ့ အဆိုအရ နိုင်ငံပိုင်နက်ခြမ်းမှာ ပျောက်ဆုံးနေသူ စုစုပေါင်းရဲ့ ၇ ပုံ ၁ ပုံလောက်ဟာ ရေအားလျှပ်စစ် စက်ရုံ ဝန်ထမ်းတွေလို့ သိရပါတယ်။ ဩဂုတ်လ ၃၁ ရက်နေ့မှာတော့ ရေကြီးရာ နေရာတွေမှာ အသက်ရှင်လျက် ရှာတွေ့ပြီး ကယ်ဆယ်နိုင်သူ အရေအတွက်ဟာ ၂၇၉ ဦးထိ ရှိလာပြီလို့ နီပေါ ဝန်ကြီးချုပ် ဘာလန်ဒရာ ရှားက ပြောကြားခဲ့ပါတယ်။

နီပေါဖက်က ကယ်ဆယ်ရေး မစ်ရှင်ကိုတော့ နီပေါနဲ့ တရုတ်စစ်တပ်ရဲ့ စစ်သားတွေ၊ အိန္ဒိယ၊ တောင်ကိုရီးယားနဲ့ ဩစတြေးလျတို့ဆီက ကျွမ်းကျင်သူတွေ အဓိက ဦးဆောင်နေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ နီပေါ ကယ်ဆယ်ရေး အဖွဲ့တွေဟာ ဥမင်တစ်ခုထဲက ရေတွေကို စပြီး စုပ်ထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပျောက်ဆုံးနေတဲ့ ဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေကတော့ အဲဒီလုပ်ငန်းစဉ်ဟာ ပိုပြီး အချိန်စောစော စတင်နိုင်ခဲ့သင့်ကြောင်း ဝေဖန်ခဲ့ပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တစ်ခုဟာ ရေအားလျှပ်စစ် စက်ရုံတစ်ခုဆီ ဆက်သွယ်ထားတဲ့ ဥမင် အစိတ်အပိုင်း တစ်ခုရဲ့ အတွင်းပိုင်းထိ ဝင်ရောက်နိုင်ခဲ့ပေမယ့် လူတစ်ယောက်မှ ရှာမတွေ့လို့ ပြန်လည် ဆုတ်ခွာခဲ့ရပါတယ်။

အချိန်တွေ ကြာလာတာနဲ့အမျှ ပိတ်မိနေသူတွေရဲ့ အသက်ရှင်ဖို့ အခွင့်အရေးက ပိုလျော့ပါးလာနိုင်တာကြောင့် အမြန်ဆုံး ရှာတွေ့ဖို့ အရေးကြီးနေကြောင်း နီပေါ ဝန်ကြီးချုပ် ရှားက ဖွင့်ဟခဲ့ပါတယ်။

တိဘက်ဒေသကို ထိန်းချုပ်ထားတဲ့ တရုတ် အစိုးရကတော့ ရေကြီးမှုကြောင့် ဖြစ်ပေါ်တဲ့ အသေအပျောက် စာရင်းကို လူမှုကွန်ရက်ပေါ်မှာ ချဲ့ကားဖော်ပြသူတွေ၊ ခန့်မှန်းရေးသားသူတွေကို အပြစ်ပေး အရေးယူမယ်လို့ သတိပေးထားပါတယ်။ နီပေါအစိုးရကလည်း ရေကြီးမှုနဲ့ ပတ်သက်ပြီး သတင်းမှားတွေကို အွန်လိုင်းပေါ်ကနေ လိုက်လံ ဖယ်ရှားနေကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

ဆောင်းပါး

နိပေါ ရေဘေးကနေ တိဘက်ရဲ့ မဟာဆည်၊ အိန္ဒိယရဲ့ တန်ပြန်စီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေအနာဂတ်

နိုင်ငံတကာ

တိဘက်-နီပေါနယ်စပ် တောင်ပေါ်ရေကြီးမှုတွေအပြီး ရွှံ့တွေအောက်မှာ ၁၀ ရက်နီးပါးလောက် ပိတ်မိနေခဲ့တဲ့ ရေအားလျှပ်စစ်စက်ရုံ ဝန်ထမ်းနှစ်ဦးကို နီပေါ ကယ်ဆယ်ရေး အဖွဲ့တွေက အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့ပါတယ်။