Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကာကွယ်ရေး ဝန်ကြီးနဲ့ တင်းမာမှုတွေကြောင့် အမေရိကန် ကြည်းတပ်ဝန်ကြီး နုတ်ထွက်

ကာကွယ်ရေး ဝန်ကြီးနဲ့ ဆက်ဆံရေး တင်းမာမှုတွေ မြင့်တက်လာတဲ့နောက် အမေရိကန် ကြည်းတပ် ဝန်ကြီးဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဓာတ်ပုံ - AP

ကာကွယ်ရေး ဝန်ကြီးနဲ့ ဆက်ဆံရေး တင်းမာမှုတွေ မြင့်တက်လာတဲ့နောက် အမေရိကန် ကြည်းတပ် ဝန်ကြီးဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ကြည်းတပ်ဝန်ကြီး ဒန် ဒရစ်ဆောလ်ဟာ သူ့ရဲ့ နုတ်ထွက်စာကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဆီ ပေးပို့ခဲ့ကြောင်း ဝန်ကြီးဌာနရဲ့ သတင်းရင်းမြစ် တချို့က ပြောပါတယ်။ ဒရစ်ဆောလ်ဟာ ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဆက်သ်နဲ့ ဆက်ဆံရေး သိသိသာသာ တင်းမာလာနေတာကြောင့် သူ့ရဲ့ နုတ်ထွက်မှုဟာ ကြိုတင်မျှော်လင့်မထားတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။

ကြည်းတပ်ဝန်ကြီးဟာ အမေရိကန် ကြည်းတပ်တစ်ခုလုံးကို စီမံခန့်ခွဲရတဲ့ အမြင့်ဆုံး အရပ်သား အရာရှိဖြစ်ပြီး ကာကွယ်ရေး ဝန်ကြီးဆီကို တိုက်ရိုက် အစီရင်ခံရပါတယ်။

ကြည်းတပ်ထဲမှာ ပြုပြင်ပြောင်းလဲရေး အစီအမံတွေနဲ့ စစ်ဆင်ရေးစွမ်းရည် အသင့်ပြင်ဆင်မှုကို အဓိက တာဝန်ယူရတဲ့ ဗိုလ်ချုပ်တွေကို ဝန်ကြီး ဟက်ဂ်ဆက်သ်က ထုတ်ပယ်ခဲ့တာနဲ့ ပတ်သက်ပြီး ဒရစ်ဆောလ်မှာ စိုးရိမ်မှုတွေ ကြီးကြီးမားမား ရှိနေတယ်လို့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒရစ်ဆောလ်ဟာ လက်ရှိ အမေရိကန် စစ်တပ်ထဲမှာ ဖြစ်ပျက်နေတာတွေမှာ သူစိုးရိမ်တဲ့ အကြောင်းတွေကို သမ္မတဆီ ပွင့်ပွင့်လင်းလင်း အစီရင်ခံပြီး နုတ်ထွက်စာကို ပေးအပ်ခဲ့ကြောင်း အမေရိကန် စစ်ဘက် အရာရှိ တစ်ဦးက ဆိုပါတယ်။

အမေရိကန် ကြည်းတပ် အမှုထမ်းဟောင်း တစ်ဦးဖြစ်ပြီး ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်နဲ့ ရင်းနှီးတဲ့ ဒရစ်ဆောလ်ဟာ ကြည်းတပ်ဝန်ကြီး အဖြစ်ကနေ နုတ်ထွက်မယ်ဆိုတဲ့ ခန့်မှန်းမှုတွေ အရင်ကတည်းက ရှိနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း သူနဲ့ ဟက်ဂ်ဆက်သ်ကြားက ဆက်ဆံရေးဟာ လူသိရှင်ကြား အက်ကြောင်းတွေ ထင်လာခဲ့ပါတယ်။

အိမ်ဖြူတော်ကတော့ ဒရစ်ဆောလ်ဟာ အမေရိကန်ကို တကျော့ပြန် ကြီးမြတ်လာအောင် ကြိုးစားပေးခဲ့တဲ့ သမ္မတ ထရမ့်ရဲ့ ရည်မှန်းချက်တွေမှာ အများကြီး အကူအညီ ပေးခဲ့ပြီး သမိုင်းဝင် စစ်ဆင်ရေးတွေမှာလည်း ထူးချွန်ထက်မြက်တဲ့ ဦးဆောင်မှုတွေ ပြသပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

သူ့ရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်မှာ အမေရိကန် ကြည်းတပ်ဟာ အရင်ကထက် ပိုပြီး အင်အားတောင့်တင်းလာခဲ့တယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး အန်နာ ကယ်လီက ဆိုပါတယ်။

ဟက်ဂ်ဆက်သ်ဟာ ကြည်းတပ်ရဲ့ ထင်ရှားတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ ရန်ဒီ ဂျော့ဂျ်ကို ဧပြီလမှာ ထုတ်ပယ်ခဲ့သလို ဥရောပနဲ့ အာဖရိကတိုက်က အမေရိကန် စစ်ဆင်ရေးတွေကို ကွပ်ကဲနေသူ ဗိုလ်ချုပ်ကြီး ခရစ္စတိုဖာ ဒိုနာဟွေးကလည်း ဇွန်လမှာ ရုတ်တရက် အနားယူသွားပါတယ်။ အဲဒီဖြစ်ရပ်တွေအတွင်း ဟက်ဂ်ဆက်သ်နဲ့ ဒရစ်ဆောလ်တို့ရဲ့ ဆက်ဆံရေးဟာ သိသိသာသာ တင်းမာအေးစက်လာခဲ့ကြောင်း ဌာနတွင်း သတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရွေးကောက်ပွဲနောက်ပိုင်း သူ့ကို ပစ်မှတ်ထားပြီး ဒီမိုကရက်တစ် ပါတီက စုံစမ်းမှုတွေ လုပ်လာရင် ငြိမ်ခံနေမှာ မဟုတ်ဘူးလို့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီ ပထမဆုံးအသုတ် ဒီဇယ်ဆီတွေကို အောက်တိုဘာ ၂၂ ရက်နေ့မှာ တင်ပို့သွားမယ်လို့ ရုရှား အစိုးရက ပြောပါတယ်။

နိုင်ငံတကာ

ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးလိုက်တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝေဖန်လိုက်ပါတယ်။

နိုင်ငံတကာ

အကြမ်းဖက်မှု တရားခံ တစ်ဦးကို ကွပ်မျက်မယ့် အစီအစဉ် တိုက်ရိုက် ထုတ်လွှင့်မှာကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တားမြစ်လိုက်ပါတယ်။