Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကာကွယ်ရေး ဝန်ကြီးနဲ့ တင်းမာမှုတွေကြောင့် အမေရိကန် ကြည်းတပ်ဝန်ကြီး နုတ်ထွက်

ကာကွယ်ရေး ဝန်ကြီးနဲ့ ဆက်ဆံရေး တင်းမာမှုတွေ မြင့်တက်လာတဲ့နောက် အမေရိကန် ကြည်းတပ် ဝန်ကြီးဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဓာတ်ပုံ - AP

ကာကွယ်ရေး ဝန်ကြီးနဲ့ ဆက်ဆံရေး တင်းမာမှုတွေ မြင့်တက်လာတဲ့နောက် အမေရိကန် ကြည်းတပ် ဝန်ကြီးဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ကြည်းတပ်ဝန်ကြီး ဒန် ဒရစ်ဆောလ်ဟာ သူ့ရဲ့ နုတ်ထွက်စာကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဆီ ပေးပို့ခဲ့ကြောင်း ဝန်ကြီးဌာနရဲ့ သတင်းရင်းမြစ် တချို့က ပြောပါတယ်။ ဒရစ်ဆောလ်ဟာ ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဆက်သ်နဲ့ ဆက်ဆံရေး သိသိသာသာ တင်းမာလာနေတာကြောင့် သူ့ရဲ့ နုတ်ထွက်မှုဟာ ကြိုတင်မျှော်လင့်မထားတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။

ကြည်းတပ်ဝန်ကြီးဟာ အမေရိကန် ကြည်းတပ်တစ်ခုလုံးကို စီမံခန့်ခွဲရတဲ့ အမြင့်ဆုံး အရပ်သား အရာရှိဖြစ်ပြီး ကာကွယ်ရေး ဝန်ကြီးဆီကို တိုက်ရိုက် အစီရင်ခံရပါတယ်။

ကြည်းတပ်ထဲမှာ ပြုပြင်ပြောင်းလဲရေး အစီအမံတွေနဲ့ စစ်ဆင်ရေးစွမ်းရည် အသင့်ပြင်ဆင်မှုကို အဓိက တာဝန်ယူရတဲ့ ဗိုလ်ချုပ်တွေကို ဝန်ကြီး ဟက်ဂ်ဆက်သ်က ထုတ်ပယ်ခဲ့တာနဲ့ ပတ်သက်ပြီး ဒရစ်ဆောလ်မှာ စိုးရိမ်မှုတွေ ကြီးကြီးမားမား ရှိနေတယ်လို့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒရစ်ဆောလ်ဟာ လက်ရှိ အမေရိကန် စစ်တပ်ထဲမှာ ဖြစ်ပျက်နေတာတွေမှာ သူစိုးရိမ်တဲ့ အကြောင်းတွေကို သမ္မတဆီ ပွင့်ပွင့်လင်းလင်း အစီရင်ခံပြီး နုတ်ထွက်စာကို ပေးအပ်ခဲ့ကြောင်း အမေရိကန် စစ်ဘက် အရာရှိ တစ်ဦးက ဆိုပါတယ်။

အမေရိကန် ကြည်းတပ် အမှုထမ်းဟောင်း တစ်ဦးဖြစ်ပြီး ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်နဲ့ ရင်းနှီးတဲ့ ဒရစ်ဆောလ်ဟာ ကြည်းတပ်ဝန်ကြီး အဖြစ်ကနေ နုတ်ထွက်မယ်ဆိုတဲ့ ခန့်မှန်းမှုတွေ အရင်ကတည်းက ရှိနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း သူနဲ့ ဟက်ဂ်ဆက်သ်ကြားက ဆက်ဆံရေးဟာ လူသိရှင်ကြား အက်ကြောင်းတွေ ထင်လာခဲ့ပါတယ်။

အိမ်ဖြူတော်ကတော့ ဒရစ်ဆောလ်ဟာ အမေရိကန်ကို တကျော့ပြန် ကြီးမြတ်လာအောင် ကြိုးစားပေးခဲ့တဲ့ သမ္မတ ထရမ့်ရဲ့ ရည်မှန်းချက်တွေမှာ အများကြီး အကူအညီ ပေးခဲ့ပြီး သမိုင်းဝင် စစ်ဆင်ရေးတွေမှာလည်း ထူးချွန်ထက်မြက်တဲ့ ဦးဆောင်မှုတွေ ပြသပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

သူ့ရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်မှာ အမေရိကန် ကြည်းတပ်ဟာ အရင်ကထက် ပိုပြီး အင်အားတောင့်တင်းလာခဲ့တယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး အန်နာ ကယ်လီက ဆိုပါတယ်။

ဟက်ဂ်ဆက်သ်ဟာ ကြည်းတပ်ရဲ့ ထင်ရှားတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ ရန်ဒီ ဂျော့ဂျ်ကို ဧပြီလမှာ ထုတ်ပယ်ခဲ့သလို ဥရောပနဲ့ အာဖရိကတိုက်က အမေရိကန် စစ်ဆင်ရေးတွေကို ကွပ်ကဲနေသူ ဗိုလ်ချုပ်ကြီး ခရစ္စတိုဖာ ဒိုနာဟွေးကလည်း ဇွန်လမှာ ရုတ်တရက် အနားယူသွားပါတယ်။ အဲဒီဖြစ်ရပ်တွေအတွင်း ဟက်ဂ်ဆက်သ်နဲ့ ဒရစ်ဆောလ်တို့ရဲ့ ဆက်ဆံရေးဟာ သိသိသာသာ တင်းမာအေးစက်လာခဲ့ကြောင်း ဌာနတွင်း သတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာ

လွန်ခဲ့တဲ့ ၂၅ နှစ်က ကြုံတွေ့ခဲ့တဲ့ 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီးရဲ့ နှစ်ပတ်လည် အောက်မေ့မှု အခမ်းအနားမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အဲဒီ ဆိုးရွားလှတဲ့ ကိစ္စကြီးကို အမေရိကန်က ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

သိမ်းဆည်းရမိတဲ့ အမေရိကန် မောင်းသူမဲ့ ရေငုပ်သင်္ဘော (ဒရုန်း)ကို အီရန်က နည်းပညာပိုင်း ခွဲခြမ်းလေ့လာပြီး ကိုယ်တိုင်တုပ တည်ဆောက်တာမျိုး လုပ်လာနိုင်ကြောင်း သိရပါတယ်။