Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘန်ကောက် စျေးဝယ်စင်တာ စက်လှေကားကနေ လူပြုတ်ကျပြီး သေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရဲ့ စျေးဝယ်စင်တာ တစ်ခုမှာ စက်လှေကား အမြင့်ကနေ ပြုတ်ကျပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

ဓာတ်ပုံ - X/@Mr_Whathapened

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရဲ့ စျေးဝယ်စင်တာ တစ်ခုမှာ စက်လှေကား အမြင့်ကနေ ပြုတ်ကျပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

Terminal 21 စျေးဝယ်စင်တာမှာ ဩဂုတ် ၃၁ ရက် ညပိုင်းက လူသေမှု ဖြစ်ခဲ့တာပါ။ အသက် ၃၀ အရွယ်လောက်လို့ ယူဆရတဲ့ အမျိုးသားဟာ ၄ ထပ်မှာ ရွေ့လျားနေတဲ့ စက်လှေကားကနေ အောက်ဆုံးထပ်ထိ ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။

မျက်မြင်တွေရဲ့ အဆိုအရ အဲဒီ အမျိုးသားဟာ အောက်ဆင်းလာတဲ့ စက်လှေကားမှာ တစ်ဦးတည်း စီးနင်း လိုက်ပါလာခဲ့ကြောင်း၊ လှေကားရဲ့ တစ်ဝက်လောက် အရောက်မှာ လက်ရန်းကို ရုတ်တရက် ကိုင်လိုက်ဟန် တွေ့ရပြီး ဘေးဖက်ကို ပြုတ်ကျသွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။

သူဟာ မြေပြင်ပေါ် လဲနေချိန်မှာ သတိမေ့နေပြီး အသက်လည်း မရှူတော့ပါဘူး။ မြင်ကွင်းကို တွေ့လိုက်ရတဲ့ စျေးဝယ်သူတွေဟာ အခုဖြစ်ရပ်ကြောင့် အရမ်းတုန်လှုပ်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအမျိုးသား ဘာကြောင့် ပြုတ်ကျသလဲဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ဘန်ကောက် ရဲတပ်ဖွဲ့ဟာ ဖြစ်စဉ်နဲ့ ပတ်သက်လို့ သေမှုသေခင်း အမှုဖွင့်ပြီး ဆက်လက် စုံစမ်းနေပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဘုန်းတော်ကြီးကျောင်း ရန်ပုံငွေ ဘတ်သန်း ၁၀၀ ကျော် အလွဲသုံးစား လုပ်ခဲ့ကြောင်း စွပ်စွဲခံထားရတဲ့ ကျောင်းထိုင် ဘုန်းကြီးနဲ့ အမျိုးသမီးကို ထိုင်းတရားရုံး တစ်ခု ရှေ့မှောက်ကို ပို့ဆောင်ပြီး ချုပ်ရက် ရမန်ယူခဲ့ပါတယ်။

Facebook