Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်ရဲ့ အောင်ပွဲမုခ်ဦး အသစ်နားမှာ စစ်စခန်းပါ တည်ဆောက်စေမယ်လို့ ထရမ့်ပြော

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အဲဒီ ဆောက်လုပ်ရေး စီမံကိန်းနဲ့ ပတ်သက်ပြီး အသစ်တိုးချဲ့မယ့် အစီအစဉ်တွေကို ထရမ့်က လူမှုကွန်ရက် မီဒီယာမှာ စက်တင်ဘာ ၂၀ ရက်နေ့တုန်းက မျှဝေထားခဲ့တာ ဖြစ်ပါတယ်။ သူက မုခ်ဦးကြီး တဝိုက်မှာ စစ်လက်နက် ခဲယမ်းတွေ ထားရှိနိုင်မယ့် နေရာတွေပါ တည်ဆောက်ပြီး ဒရုန်းတွေ၊ စနိုက်ပါ လက်ဖြောင့်တပ်သားတွေ ဖြန့်ကျက်ထားနိုင်ဖို့ ရည်ရွယ်ထားကြောင်း ပြောပါတယ်။

အခုလို အပြောင်းအလဲ လုပ်ရတာကလည်း အမေရိကန် စစ်တပ်ရဲ့ ပြင်းပြတဲ့ တောင်းဆိုမှုနဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ ရည်ရွယ်ချက်တွေကြောင့်လို့ ထရမ့်က ဆိုပါတယ်။

အောင်ပွဲ မုခ်ဦးတဝိုက်မှာ ထိပ်တန်းအဆင့် စစ်စခန်းတစ်ခု ရှိလာမှာဖြစ်ပြီး အရေအတွက် အတော်များမယ့် ဒရုန်းတွေ၊ စနိုက်ပါတွေကို ဖြန့်ကျက်ထားမှာ ဖြစ်ကြောင်း၊ ပြီးတော့ စနိုက်ပါတွေအတွက် ခဲယမ်းလက်နက် အများအပြားကိုလည်း စခန်းမှာ ထားရှိမှာ ဖြစ်ကြောင်း ထရမ့်က ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ အစီအမံတွေနဲ့ ဘယ်လောက်ကြာမြင့်နိုင်မလဲ ဆိုတာတွေကိုတော့ ထရမ့်က အသေးစိတ် ပြောမထားပါဘူး။ ပြီးတော့ ဘာကြောင့် အဲဒီနေရာမှာ စစ်စခန်းဆောက်ဖို့ လိုအပ်သလဲ၊ သူ့အနေနဲ့ ဒီကိစ္စအတွက် လွှတ်တော် ခွင့်ပြုချက်ကို သီးခြားလိုအပ်မလား ဆိုတာတွေကိုလည်း ထရမ့်က ရှင်းပြမထားခဲ့ပါဘူး။

အမေရိကန်ရဲ့ နှစ် ၂၅၀ ပြည့် လွတ်လပ်ရေးကို ဂုဏ်ပြုတဲ့ အနေနဲ့ ပေ ၂၅၀ အမြင့်ရှိအောင် တည်ဆောက်မယ့် မုခ်ဦးဟာ အိမ်ဖြူတော်၊ ဝါရှင်တန် ကျောက်တိုက်ကြီး၊ လင်ကွန်း အောက်မေ့ဖွယ် အဆောက်အအုံတွေနဲ့ ပိုတိုမက်မြစ် ခြားပြီး တည်ရှိမှာပါ။

ကမ္ဘာပေါ်ရှိတဲ့ ထိပ်တန်းအဆင့် နိုင်ငံမြို့တော်ကြီး ၅၉ ခုထဲမှာ ဝါရှင်တန်ဒီစီ တစ်ခုပဲ ဒီလို မုခ်ဦးမျိုး မရှိသေးတာလို့ ထရမ့်က ဆိုပါတယ်။ အဲဒီ မုခ်ဦး တည်ဆောက်မှုကို အခုလထဲမှာ စတင်မယ်လို့ ယုံကြည်ရပါတယ်။

မုခ်ဦးနားမှာ စစ်စခန်းတည်ဆောက်မယ့် ထရမ့်ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက သီးခြား မှတ်ချက် မပေးသေးပါဘူး။

ထရမ့်ရဲ့ လက်ရှိ သမ္မတ သက်တမ်းမှာတော့ ဒါဟာ အစိုးရရဲ့ ဒုတိယမြောက် အကြီးစား ဆောက်လုပ်ရေး ပရောဂျက်လည်း ဖြစ်လာမှာပါ။ ထရမ့်ဟာ အိမ်ဖြူတော်ရဲ့ ballroom ခန်းမဆောင်ကိုလည်း ဒေါ်လာ သန်း ၄၀၀ လောက် အကုန်အကျခံပြီး အကြီးစား ပြင်ဆင်မှုတွေ လုပ်ဖို့ ညွှန်ကြားထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

သတင်းဌာန တချို့ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အိမ်ဖြူတော် ဝင်ခွင့် တားမြစ် ပိတ်ပင်လိုက်တဲ့နောက် သက်ဆိုင်ရာ သတင်းထောက်တွေဟာ အိမ်ဖြူတော်ထဲ ဝင်ခွင့် ငြင်းပယ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။