Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၃၀ ကျော်လာ၊ မိုးဆက်ရွာနိုင်သေးတယ်လို့ သတိပေးထား

ထိုင်းမှာ စက်တင်ဘာ လလယ်ကစလို့ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၃၀ ကျော်ထိ မြင့်တက်လာသလို အာဏာပိုင်တွေက နောက်ထပ်လည်း မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ ဖြစ်ပေါ်လာနိုင်သေးကြောင်း သတိပေးထားပါတယ်။

ဓာတ်ပုံ - AP

ထိုင်းမှာ စက်တင်ဘာ လလယ်ကစလို့ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၃၀ ကျော်ထိ မြင့်တက်လာသလို အာဏာပိုင်တွေက နောက်ထပ်လည်း မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ ဖြစ်ပေါ်လာနိုင်သေးကြောင်း သတိပေးထားပါတယ်။

အောက်တိုဘာ ၅ ရက်ကနေ ၇ ရက်နေ့ထိ ထိုင်းနိုင်ငံ အနှံ့မှာ မိုးသည်းထန်တာ၊ လေပြင်းတိုက်ခတ်တာ၊ မိုးကြိုးမုန်တိုင်းတွေ ဖြစ်ပေါ်တာမျိုး ရာသီဥတု အခြေအနေတွေ ပေါ်ပေါက်လာနိုင်တယ်လို့ မိုးလေဝသ ဌာနက ခန့်မှန်းထားပြီး မြေနိမ့်ဒေသတွေမှာ ရေကြီးမှုတွေ ကြုံလာနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဌာနရဲ့ အဆိုအရ မြို့တော်ဘန်ကောက် အပါအဝင် ထိုင်းနိုင်ငံ အလယ်ပိုင်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်း ဒေသတချို့ဟာ မိုးသည်းထန်တာ၊ ဒါမှမဟုတ် အလွန်မိုးသည်းထန်တာမျိုး အခြေအနေတွေ ကြုံနိုင်တယ်လို့လည်း သိရပါတယ်။

လွန်ခဲ့တဲ့ တစ်ပတ်လောက်တုန်းက ဘန်ကောက်မှာ နေ့စဉ်ရက်ဆက် ရွာသွန်းတဲ့မိုးကြောင့် မြို့အစိတ်အပိုင်း အများအပြား ရေမြုပ်ကုန်သလို လူပေါင်း ထောင်သောင်းချီ ရွှေ့ပြောင်းခဲ့ရပြီး ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ အကျပ်အတည်းတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။ အခုတော့ မြေနိမ့်ပိုင်း နေရာတချို့ကလွဲရင် တစ်မြို့လုံးရဲ့ အခြေအနေက အများကြီး ပြန်လည် ကောင်းမွန်နေပြီ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဘန်ကောက် ရေကြီးမှုတွေအပြီး အာဏာပိုင်တွေဟာ အနာဂတ်မှာ အလားတူ အခြေအနေမျိုး မကြုံရစေဖို့အတွက် အရေးပေါ် အစီအမံတွေကို ပြင်ဆင်နေပြီး မြို့ရဲ့ အဓိက တူးမြောင်းတွေက မိုးရေကို ပိုမိုသိုလှောင်စီးဆင်းနိုင်အောင် ဆောင်ရွက်တာ၊ ရေကြီးနိုင်ခြေ မြင့်မားတဲ့ နေရာတွေမှာ ရေစုပ်စက်တွေ ပိုမိုထားရှိတာတွေ လုပ်ဆောင်နေပါတယ်။

ဘေးအန္တရာယ် တားဆီးလျှော့ချရေး ဌာနရဲ့ အဆိုအရ ပြည်နယ် ၈ ခုမှာ ရေကြီးမှုတွေနဲ့ ဆက်စပ်ပြီး သေဆုံးသူ ၃၁ ဦး ရှိလာကြောင်း သိရပါတယ်။ ၄ ဦးကတော့ ဘန်ကောက်မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရေကြီးမှု ဒဏ်တွေကို သက်ရောက်ခံစားရသူ ဦးရေကလည်း ၃ သန်းခွဲကျော် ရှိတယ်လို့ ဆိုပါတယ်။

ရေကြီးမှုတွေ အခြေအနေ ဆိုးလာတဲ့နောက် ထိုင်းအစိုးရဟာ အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေး ရန်ပုံငွေထဲက ဘတ် ၄.၁ ဘီလီယံကျော်၊ တစ်နည်းအားဖြင့် ဒေါ်လာ ၁၂၂ သန်းကျော်ကို ပြန်လည် ထူထောင်ရေးအတွက် ထုတ်နုတ် သုံးစွဲခွင့် ပြုခဲ့ကြောင်းလည်း သိရပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေကြီးမှုတွေအတွင်း ဖြစ်ပေါ်ခဲ့တဲ့ အဆုံးအရှုံးတွေကြောင့် ပြည်ပကို ကြက်ဥ တင်ပို့မှုတွေ လျှော့ချထားဖို့ ထိုင်းအာဏာပိုင်တွေက ကြက်မွေးမြူရေး ကုမ္ပဏီတွေကို တိုက်တွန်း တောင်းဆိုထားပါတယ်။

သတင်း

‌ရေဘေးနဲ့ မြေပြိုဘေးရင်ဆိုင်နေရတဲ့ သရက်ချောင်းမြို့နယ်မှာစစ်တပ်ကလက်နက်ကြီးနဲ့ ပစ်လို့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက်ကို လူငယ်တွေအများအပြားထွက်ခွာကြတယ်။ အရင်ခေတ် နှစ်ပေါင်းများစွာ ကတော့ “ထိုင်းဘက်သွားရင် အလုပ်ရမယ်” ဆိုတဲ့ အကြောင်းပြချက်ကိုအဓိကကြားရတယ်။တောင်ပေါ်သွားကြတယ်ဆိုတာကို မကြာခဏကြားရနေကျ။ ကိုယ့်ရပ်ရွာ၊ ကိုယ့်နိုင်ငံမှာထက် အလုပ်ပိုရှိလို့၊လုပ်အားခပိုကောင်းလို့၊ မိသားစုကို ပိုကောင်းကောင်း ထောက်ပံ့ချင်လို့ နယ်စပ်ဖြတ်ကြတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်အတွင်း ကျေးရွာတွေက ပြည်သူတွေ ရေ ဘေးကြုံနေချိန်မှာ စစ်တပ်က စစ်ကြောင်းဆက်ထိုးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တနင်္သာရီတိုင်းစစ်ဌာနနည်းဗျူဟာ(၃၃)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

Facebook