Connect with us

Hi, what are you looking for?

ကဗျာ

နရသိန်ကိုကျော်လွန်လာသော အိုဘယ့်ချစ်ခြင်းမေတ္တာ

ယနေ့(ဇွန်လ ၁၉ရက်)ကျရောက်သောနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၈၀)ပြည့် မွေးနေ့အတွက် အကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားတစ်ဦးက ကဗျာတစ်ပုဒ်ရေးစပ်၍ မွေးနေ့ဆုမွန်တောင်းထားသည်။

ယောနသံ/People’s Spring
ယနေ့(ဇွန်လ ၁၉ရက်)ကျရောက်သောနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၈၀)ပြည့် မွေးနေ့အတွက် အကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားတစ်ဦးက ကဗျာတစ်ပုဒ်ရေးစပ်၍ မွေးနေ့ဆုမွန်တောင်းထားသည်။


ထိုကဗျာကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထပ်ဆင့် ထုတ်ပြန်ခြင်းဖြင့် အကျဉ်းထောင်ထဲမှ မွေးနေ့ဆုတောင်းစကားကို ပြင်ပသို့ဆောင်ကြဉ်းပေးခဲ့သည်။


“လိုချင်မျှော်မှန်း အပြုံးပန်း” ဟု အမည်ပေးထားသောကဗျာကို နိုင်ငံရေးအကျဉ်းသားလူငယ်က KK(ကေကေ)က‌လောင်ဖြင့် ခံစားရေးဖွဲ့ထားခြင်းဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာလူထုအပေါ်ထားသောစေတနာ၊ နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ နိုင်ငံတော်မိခင်အ‌ပေါ် ထားသောချစ်ခြင်းမေတ္တာကို ကဗျာတွင် ရှာဖွေတွေ့ရှိနိုင်ပါသည်။

Public Service Announcement

Public Service Announcement

“လိုချင်မျှော်မှန်း အပြုံးပန်း”
လွတ်မြောက်ရာလမ်းကနေ ခြေဦးလှည့်
ငါတို့ ဆင်းရဲနေတာကို မကြည့်ရက်
ငဲ့ကွက်ခဲ့တဲ့ အမေအို….။
ပန်းတစ်ပွင့်ကို ခေါင်းမှာပန်
ဒုက္ခတွေကို ရင်စီးခံလို့
ဆုံးဖြတ်ချက်ကို မပြင်
ရဲဝံ့တဲ့ ခြေလှမ်းဆင်
လင်ကိုစွန့် သားကိုစွန့်
ပျော်ရွှင်မှုတွေကို စွန့်
လွတ်လပ်ခြင်းကို စွန့်
အရာရာကို စွန့်လို့
လျှောက်လှမ်းခဲ့တဲ့ အမေအို…။
တိုင်းပြည်ကို ချစ်ပြ
ပြည်သူကို ချစ်ပြ
အမှန်တရားကို ချစ်ပြ
ရိုးရာဝတ်စုံကို ချစ်ပြ နဲ့
သြော်…သူချစ်မပြခဲ့တာ
သူ့မိသားစု နဲ့
သူ့လွတ်လပ်မှုတွေပါလား…။
ဗိုလ်ချုပ်တစ်ဦးက မေးတယ်
သားတွေကို စိတ်မပူဘူးလား တဲ့
သူက ပြန်ဖြေတယ်
လူ့အခွင့်အရေး
အပြည့်အဝရတဲ့ နိုင်ငံမှာနေတာ
မပူဘူး တဲ့
သူ ပူပင်နေတာ
လူ့အခွင့်အရေး ဆုံးရှုံးနေတဲ့
မြန်မာပြည်သူတွေ
လူ့အခွင့်အရေး
ချိုးဖောက်ခံနေရတဲ့ တို့တတွေ။
အဲ့ဒီအချိန်တုန်းက
လူ့အခွင့်အရေး ဆိုတာ ဘာလဲ
ငါတို့ မသိခဲ့သေး။
သေနတ်ပြောင်းရှေ့လည်း နေရဲတယ်
အကျဉ်းချထားလည်း နေတာပဲ
အကျယ်ချုပ်ထားလည်း
ဘာမှ မပြောရှာဘူး။
ပြန်လွတ်လာတော့
လျှောက်ရမဲ့လမ်းမှာ ဆက်လျှောက်ဆဲ
သူ့ခြေလှမ်းတွေ ခပ်သွက်သွက်
ခပ်မြန်မြန် လှမ်းနေခဲ့တာ
သံမဏိလို စိတ်ထားကြောင့်ပဲလား
ခရီးဝေးနေသေးတဲ့ ပန်းတိုင်ကြောင့်ပဲလား
ဝေခွဲမရ…။
Maskတွေ ချုပ်ပြ လက်ဆေးပြနဲ့
ကိုဗစ်ကာလမှာပေါ့
အသေးစိတ်က သင်ကြား
မတ်ေတာတရားနဲ့ အမအေို…။
စိတ်ထားဖြူတော့ မျက်နှာကြည်တယ်
စိတ်ထားလှတော့ အရွယ်တင်တယ်
ဘယ်အချိန် ကြည့်ကြည့်
ကျက်သရေ အမြဲရှိ။
သောင်ပြို ကမ်းပြို
ကမ္ဘာပြို စကြာဝဠာပြို
အို..ဘာတွေပဲ ပြိုအောင် နိုင်ပါစေ
မိစ္ဆာတစ်သိုက် ရူးမိုက်တော့လည်း
ကံကြမ္မာမလှ အကျဉ်းစံရ။
ဒီတစ်ခါတော့ တို့မခံ
တွန်းလှန်မယ်ဆိုတဲ့စိတ်
အတိတ်ကို နမူနာယူလို့
အရိုးကြေကြေ အရေခမ်းခမ်း
အမှန်တရားအတွက် လျှောက်တဲ့လမ်းမှာ
ညီညီညာညာ လှမ်းကြပြီ အမေ…။
ဒီအချိန်မှာ…
ကျန်းမာအောင် နေပေးပါ
ကိုယ့်ကိုယ့်ကို ဂရုစိုက်ပါ
မီးလျှံထဲမှာ ပွင့်တဲ့ပန်း
ဘယ်တော့မှ မနွမ်းတာ သိပေမဲ့
စိုးရိမ်လို့ပါ အမေ…။
ပန်းတိုင်ကို ဆွတ်ခူး
ပြည်သူအားလုံး ပျော်မြူးတဲ့နေ့မှာ
ဘာဆုမှ မလိုချင်ပါဘူး
အပြုံးပန်း တစ်ပွင့်ပဲ
လက်ဆောင်ပေးပါ အမေ…။
ချစ်သောအမေ မွေးနေ့မှစ၍ အသက်ရာကျော်ရှည်ပါစေ။

◼︎ KK(​ကေ​ကေ)

ဆက်စပ်သတင်းများ

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကမ္ဘာသိပုဂ္ဂိုလ်ကို စစ်အုပ်စုဖျောက်ဖျက်ထားဝံ့လို့ သောင်းချီတဲ့ နိုင်ကျဉ်းတွေ အလွန်အန္တရာယ်ကြီးဟု သတိပေး

ကဗျာ

-​အောင်​စေ​နွေဦး အမေအို ကနိုင်ငံတော်ကိုနောက်တွဲဆံထုံးလေးလုပ်ပြီးထုံးထားတယ်၊အဲဒီ နောက်တွဲ ဆံထုံးလေးကိုပန်းလေးတွေ ချိတ်တွဲ ပန်ဆင်ပေးထားတယ်၊လှလှပပ မွှေးမွှေးပျံ့ပျံ့ သေသေသပ်သပ်နီနီရဲရဲ တင့်တင့်တယ်တယ် ကြွကြွရွရွသူမကျန်းမာပါစေသက်ရှည်ပါစေအနာကင်းပါစေမသူတော်ဘေး ဝေးပါစေ။ ၁၉၊ ဇွန်၊ ၂၀၂၆ Views: 101

ဆောင်းပါး

ကဖေး/People’s Spring သန့်ရှင်းသော ထိုဝန်းကျင်တွင် ပန်းရနံ့တို့ပိုသင်းပျံ့နေသည်။ ရွာဦးထိပ်က ယာယီစာသင်ကျောင်းဆီလှမ်းလာနေသော ကျောင်းဆရာမလေး၏ ဦးခေါင်းထက်မှာ နှင်းဆီပန်းနီနီရဲရဲက ဟန်ကျပန်ကျ လှပနေသည်။ ရွာလမ်းတလျှောက်တွေ့မြင်နေရသူတိုင်း၏ ဦးခေါင်းထက်မှာလည်း နှင်းဆီပန်းနှင့်အခြားသော အလျဉ်းသင့်ရာပန်းတွေ ပန်ဆင်ထားကြသည်။ ကြိုးသိုင်းလွယ်အိပ်လေးတွေ အဆင်ပြေသလိုလွယ်ထားကြသောကျောင်းသားကျောင်းသူလေးတွေလက်ထဲမှာလည်း နှင်းဆီပန်းလေးတွေ ကိုင်ထားကြပြန်သည်။ ပန်းရနံ့တို့သင်းထုံနေသောရွာလမ်းလေးအတိုင်းကျောင်းဆရာမလေး ဒေါ်နှင်းဆီ(အမည်လွှဲ)က ကျောင်း...