Connect with us

Hi, what are you looking for?

သတင်း

မန္တလေးအိုးဘိုထောင်မှာ လူထုခေါင်းဆောင် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်

ထောင်တွင်းဖိနှိပ်မှုတွေရှိပေမယ့် မန္တလေးအိုးဘိုထောင်က နိုင်ငံရေးအကျဉ်းသားတွေစုပေါင်းပြီး ‌လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေပြုလုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

ဇွန်-၂၃၊၂၀၂၆။သတိုး/People’s Spring

ထောင်တွင်းဖိနှိပ်မှုတွေရှိပေမယ့် မန္တလေးအိုးဘိုထောင်က နိုင်ငံရေးအကျဉ်းသားတွေစုပေါင်းပြီး ‌လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေပြုလုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ၁၉ ရက်မှာကျ‌ရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ အိုးဘိုထောင်က နိုင်ငံရေအကျဉ်းသား‌တွေက မိသားစုတွေ ပို့ပေးထားတဲ့ ထောင်ဝင်စာ ပါဆယ်ပစ္စည်း တွေထဲက မုန့်‌ ၊ ကော်ဖီမစ်ထုတ်နဲ့ ခေါက်ဆွဲခြောက်တွေကို ထောင်ဝင်စာပါဆယ်မလာတဲ့ အခြားအမှုသည်‌တွေနဲ့ နိုင်ကျဉ်းတွေကို လိုက်လံဝေမျှခဲ့ပြီး သူတို့ရရှိထားတဲ့ ဟင်းတွေကိုလည်း ထောင်တွင်းမှာ မျှဝေစားသုံးခဲ့ကြတယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“ညနေပိုင်း အကျဉ်းထောင်အတန်းပိတ်ချိန် ဘုရားရှိခိုးချိန်တွင်မူ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူ အားလုံး အမြန်ဆုံးပြန်လည်လွတ်မြောက်ရေး၊ မြန်မာပြည်သူပြည်သားအပေါင်း ဘေးရန်ခပ်သိမ်း ငြိမ်းချမ်းကြေအေးစေရေးတို့အတွက် ရည်စူး၍ နိုင်ငံရေးအကျဉ်းသားများက မိမိတို့အဆောင်ခန်းများအလိုက် မေတ္တာသုတ်ကို သံပြိုင်ညီညာစွာ ရွတ်ဆိုဆုတောင်းခြင်းဖြင့် မွေးနေ့အထိမ်းအမှတ်လှုပ်ရှားမှုကို ရဲရဲဝံ့ဝံ့ အဆုံးသတ်ခဲ့ကြသည်။” လို့ PPNM က ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

လတ်တလော ထောင်တွင်း တင်းကျပ်မှုနဲ့ ဖိအားပေးမှုတွေ ရှ်ိနေပေမယ့် လူထုခေါင်းဆောင်ရဲ့ မွေးနေ့အထိမ်းအမှတ်ကို အောင်မြင်စွာကျင်းပနိုင်ခဲ့တာက နိုင်ငံရေးကျဉ်းသားတွေရဲ့ မလျော့တဲ့ဇွဲ နဲ့ တော်လှန်ရေးစိတ်ဓာတ်ကို ပြသတာလို့ PPNM က မှတ်ချက်ပြုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook