Connect with us

Hi, what are you looking for?

ကဗျာ

‘သေနတ်နဲ့ပစ်လို့မသေတဲ့ငါတို့ခေါင်းတွေ’

◼️ဂနိုက်

တကယ်သတ်ဖို့ပြင်ဆင်ပြီးရင် ရှေ့တိုးခဲ့တော့

မင်းတို့သေနတ်ကကျည်ဆံဟာ ငါတို့ကိုမသတ်နိုင်ဘူး

ငါတို့ဉီးခေါင်းခွံတွေအောက်မှာ ချစ်ခြင်းမေတ္တာတွေရှိတယ်

Public Service Announcement

Public Service Announcement

မင်းတို့ပစ်ရင် မင်းတို့သေမယ် ငါတို့ကနောက်ဆုတ်မှာမဟုတ်။

ခုတ်လို့မပြတ်တဲ့ကြိုးဟာ ငါတို့ခေါင်းပဲ

ခပ်လို့မကုန်တဲ့ရေဟာ ငါတို့နှလုံးသား

မင်းတို့သေရဲလားလို့မေးပြီးပြီ

ငါတို့မှာတကယ်မသေတဲ့ခေါင်းတွေရှိတယ်

မသတ်ရဲရင် နောက်ကိုရဲရဲဆုတ်လိုက်

ငါတို့ဟာ စစ်ချီတေးကို သံပြိုင်အော်ပြီး ဒုန်းစိုင်းလာနေပြီ

ဒီလမ်းတွေလွန်ရင် ပန်းတွေပွင့်တော့မှာ

ကောက်ပဲသီးနှံတွေဖွေးဖွေးလှုပ်တဲ့နေ့တွေထပ်မမြင်ချင်တော့ရင်

မင်းလက်ညိုးက ထရေဂါကိုဆွဲညှစ်ချလိုက်

ငါတို့ကတော့ ဘယ်တော့မှမသေနိုင်တဲ့လူသားတွေ

မင်းတို့လုပ်သမျှ မင်းတို့ခံရမယ်

ငါတို့ကိုတချက်ပစ်ရင် မင်းတို့အသဲတခါကွဲမယ်

နတ်ဘုရားတွေမရှိတဲ့ငါတို့ဘက်မှာ ချစ်ခြင်းမေတ္တာပဲရှိတယ်

ကဲ ဘာလိုသေးလဲ အနာဂတ်မိုးကောင်းကင်မှာ တိမ်မည်းတွေပြည့်နေပြီ

အပြင်းအထန်ရွာချဖို့ ငါတို့လာနေပြီ

သေရဲတဲ့ကောင်ထွက်ခဲ့ဆိုတဲ့ကောင်တွေဆီ ငါတို့လာနေပြီ။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​​ဂနိုက်’

ရေးဖွဲ့ခဲ့တဲ့ “သေနတ်နဲ့ပစ်လို့မသေတဲ့ငါတို့ခေါင်းတွေ” ကဗျာကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

မောင်မိုးအေး နေညိုရင် ငါးမျှားမယ် ချိတ်မှာ ဘဝနဲ့ မျှော်လင့်ချက် Public Service Announcement တွဲလဲကြီး ဝေးဝေးကိုပစ်ကွာ ကြီးကြီးကိုဆွဲ ဘဝနဲ့ရင်းပြီးမျှားတာပဲ ကြီးကြီးရသင့်တယ်မလား ပန်းပွင့်တာတွေလှလား နေဝင်ချိန်လှလား မီးသင့်ဒဏ်ရာကို တက်တူးနဲ့ ဖုံးလိုက်တယ် လှသလား ဒီလိုပဲ တူရာစုကြ ဒဏ်ရာနဲ့လူ လေးငါးခြောက်ယောက်...

Short Story

တာပလု “အိမ်မရှိ ခွေးမွေး”တဲ့။ ခွေးပိုင်ရှင်က ဘယ်လိုစိတ်ကူးနဲ့ ပြောတာလဲတော့ မသိပါဘူး။ တကယ်လည်း ခွေးပိုင်ရှင်က ဒီနိုင်ငံမှာ လှည့်လည်သွားလာနေသူတွေ၊ တဘက်နိုင်ငံကနေ ထွက်ပြေးလာခဲ့ရသူတွေလို့ ပြောလို့ရတယ်။ ခွေးပိုင်ရှင်က မြန်မာနိုင်ငံသား၊ ခွေးတွေကတော့ ထိုင်းခွေးတွေပါ။ ခွေးပိုင်ရှင်နဲ့ ခွေးနှစ်ကောင်ဇာတ်လမ်းက မဲဆောက်က စခဲ့ကြတယ်။ လမ်းဘေးခွေးတကောင်ကို ကောက်ယူမွေးစားရာကနေ...

ကဗျာ

လူရောင်လွင် သေဆုံးသူရဲ့ သွေးနဲ့ စီးတဲ့ မြစ်ရေကို ဆယ်ယူပြီး ငါတို့အဖ လယ်ယာလုပ်ရတယ် Public Service Announcement ‘ပြန်မလာတော့ဘူးလို့ မပြောရဘူး’ လို့ ပြောနေတုန်း ပြန်မလာသူဟာ ရပ်တန့်သွားတယ် စစ်ကြီးက ကဗျာဆန်တယ် ငါ့သူငယ်ချင်းဟာ သူ့ရဲ့ ကွေးကောက်နေတဲ့ ကျောရိုးကို ထုတ်ပြပြီး...

Short Story

ရဲသူအောင် (၁) အနိုင်ဆိုတာက သူ့ကိုယ်သူ ပြောတဲ့နာမည်။ နာမည်အရင်းက ထွန်းအောင်နိုင်။ အသက်က (၂၁)နှစ်။ အသားအရည်က ဖြူဖြူသန့်သန့်၊ မျက်လုံးမျက်ခုံးကောင်းကောင်းနဲ့ ပြောရရင် သူ့ရုပ်ရည်က ရုပ်ရှင်မင်းသားတောင် လုပ်လို့ရတယ်။ ဒါပေမယ့် အနိုင့်မှာ ခြေထောက်တွေ မရှိတော့ပါဘူး။ Public Service Announcement (၂)...