Connect with us

Hi, what are you looking for?

ကဗျာ

ကူးမင်း​ဆွေး​နွေးပွဲအဆင်မ​ပြေ​ကြောင်း TNLA ထုတ်ပြန်ပြီး​နောက် စစ်​ကောင်စီက မိုးကုတ်နှင့် ​နောင်ချိုကိုဗုံးကြဲ

“မြေနိမ့်ရာလှံစိုက်တာပေါ့”

ဆိုကြတော့ နိုင်ငံတော်ကရယ်တယ်။

“ကံဆိုးမသွားလေရာမိုးလိုက်ရွာ”နေတော့တာပဲဆိုကြပြန်တော့

နိုင်ငံတော်ဟာခွက်ထိုးခွက်လန်ကိုထိုင်

ရယ်ချတော့တာပဲ။

“မြေနိမ့်ရာလှံစိုက်တာပေါ့”

■ မောင်ဇိုဖေ

“မြေနိမ့်ရာလှံစိုက်တာပေါ့”

ဆိုကြတော့ နိုင်ငံတော်ကရယ်တယ်။

Public Service Announcement

Public Service Announcement

“ကံဆိုးမသွားလေရာမိုးလိုက်ရွာ”နေတော့တာပဲဆိုကြပြန်တော့

နိုင်ငံတော်ဟာခွက်ထိုးခွက်လန်ကိုထိုင်

ရယ်ချတော့တာပဲ။

ပြီးတော့သူ့မျက်ရည်တွေကိုလူမသိအောင်သုတ်တယ်။

အမလေးရယ်လိုက်ရတာဖတ်ဖတ်မော

ရင်ဘတ်နောက်မှာကျောဆိုပြီး

ဆို့နင့်စွာသူငိုပြန်တယ်။

ဆောင်းဦးတဲ့၊မိုးဦးနဲ့နွေနှောင်းရယ်တဲ့

အရပ်ရှစ်မျက်နှာကမိသားစုတွေကမ္ဘာမြေပေါ်ကအဓိပ္ပာယ်မဲ့ရုတ်တရက်

ပျောက်ဆုံးနေကြရ။

လကွယ်တပေါင်းသမားညိုမှာ

ဘီလူးနက္ခတ်ရောင်ဝါအောက်

တဆွေလုံးတမျိုးလုံးမြေကြီးအောက်

အရှင်လတ်လတ်ပျောက်သွားမယ်လို့

ဘယ်သူထင်ပါ့မလည်းဆိုတော့

နိုင်ငံတော်ဟာဆံပင်ဖားလျားနဲ့

စိတ်လွတ်ကိုယ်လွတ်

တဟားဟားရယ်ချလိုက်တယ်ပြီးတော့

ရုတ်တရက်အရယ်ရပ်ပြီးမြေကြီးပေါ်လေးဖက်ထောက်ကပ်

နားထောင်ပြီးရှုးတိုးတိုးခဏလောက်တိတ်တိတ်နေကြစမ်းဆိုပြီးလှမ်းငေါက်လိုက်တယ် တလောကလုံးတိတ်စီတ်သွားပြီဆိုတော့မှမြေထဲကျွံကျနေတဲ့ကွန်ကရစ်ပုံထဲကထိုးထွက်နေတဲ့အုတ်မြစ်ချထားတဲ့သံတိုင်ကြီးကြီးတချောင်းကိုတဒေါက်ဒေါက်ခေါက်ပြီးဆက်နားထောင်လို့နေတယ်။

ထပ်ထပ်ခေါက်တယ် ခဏနေတော့ဝမ်းသာအားရထရယ်ပြီးအောက်မှာလူရှိနေသေးတယ်ဒီနေရာကိုဆက်တူးကြဆိုပြီးနိုင်ငံတော်ဟာအရူးတယောက်လို့နောက်တနေရာကိုထွက်ခွါသွားလေရဲ့။

မတ်.၂၉.၂၀၂၅

မတ်-၂၈-၂၀၂၅ခုနှစ်ငလျင်ဘေးကြုံရသောမိသားစုဝင်များသို့။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’​မောင်ဇို​ဖေ’ ​ရေးသားတဲ့ “မြေနိမ့်ရာလှံစိုက်တာပေါ့”

ကဗျာကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်

ဆက်စပ်သတင်းများ

ကဗျာ

မင်းလက်ဖဝါးမှာ ပွင့်တဲ့ပန်းတွေ ကိုယ်ယူလာတယ်။

ကဗျာ

ယောနသံ ကဗျာရေးနေရမယ့်ကောင်တွေက စစ်တိုက်နေရတာဆိုတော့ စစ်တိုက်နေရတဲ့ကောင်တွေက Public Service Announcement ကဗျာရေးနေရတာပေါ့။ သွေးစွန်းနေတဲ့ ကလောင်တွေနဲ့ သွေးထွက်နေတဲ့ ကဗျာတွေကို တိုက်ပွဲတွေကြားမှာ ရေးကြ။ မတရားမှုနဲ့ကြုံလာတိုင်း ခေတ်အဆက်ဆက် သွေးထွက်တဲ့ဘက်က။ အလိုနည်းသူကဗျာဆရာတို့ရဲ့ သွေးနဲ့ ဆေးတဲ့ကမ္ဘာ ကြီးနိုင်ငယ်ညှင်းဝါဒများ ပပျောက်ပါစေ။ (“The Call...

ကဗျာ

ဟင်းမကောင်းတဲ့နေ့ရက်တိုင်း မိသားစုထမင်းစားပွဲမှာ ဂျီးများတတ်တဲ့ကောင် အဖေ့ရဲ့ လုပ်ငန်းခွင်ဦးထုပ်အောက်က ချွေးစက်တွေကို သူရဲကောင်းရုပ်ရှင်လို့ ကျနော် မမြင်ခဲ့ဘူး။

ကဗျာ

မေမေဟာ မြေကြီးတွေကို တူးလား တူးရဲ့ မေမေဟာ မြေသားတွေကို ဆွလား ဆွရဲ့။ မေမေဟာ သစ်ချောင်းတွေကိုသယ်တယ် သဲအိတ်တွေကို ထမ်းတယ်။ တံမြက်စည်းတချောင်းနဲ့ လှည်းကျင်းတယ် သစ်ချောင်းတွေကို တန်းတယ် သဲအိတ်တွေကို ကာတယ်။

Facebook