ဂနိုက်
ဆယ်လ်မွန်ငါးတကောင်လိုဖြစ်ဖြစ်
မြောက်အိုင်ယာလန်က

Public Service Announcement
အမွှေးပွပွခွေးကလေးလိုဖြစ်ဖြစ်
ကြိုသူမရှိတဲ့အိမ်နဲ့ကြိုသူမရှိတဲ့မြို့ကလေးကို
စွန်ရဲတကောင်လို လှစ်ခနဲ ပြန်ချင်တယ်
“အရာအားလုံးအဆင်ပြေတယ်၊နေကောင်းတယ်” လို့
နေ့နေ့ညည ညာပြောနေရတဲ့နေ့တွေအလွန်မှာ
တကယ်ပဲအိမ်ကိုပြန်ဖြစ်လိမ့်မယ်
ပြာဖုံးမီးခဲကလေးတွေရှိဖူးတဲ့မြို့ကလေးရဲ့အိမ်က
ပုတီးစိပ်သံတဂျောက်ဂျောက်(နဲ့)
ကရုဏာဒေါသောသံတကျီကျီ နားထောင်ဖို့
ဝေါခနဲ စီးကျလာတဲ့ ရေအလျင်လို
ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရောက်အောင်ပြန်ချင်တယ်
အိမ်နဲ့ဝေးခဲ့သမျှရက်တွေ
ငါ့အပေါ် ဝဋ်ပြန်လည်တဲ့တနေ့
နီးစပ်ရာ အပျော်ကိုဂုတ်ခွစီးပြီးတော့
အိမ်လွမ်းစိတ်အပြန်နဲ့ အိမ်ဆီလှမ်းခဲ့မယ်။
၂၃၊၂၊၂၀၂၅ ဗမာ့ကဗျာနေ့
(The Call – ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ”ဂနိုက်’
ရေးဖွဲ့တဲ့ “အိမ်ပြန်ချင်တယ်” ကဗျာကို People’s Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)
