Connect with us

Hi, what are you looking for?

ကဗျာ

‘စစ်ကြီးပြီးအောင်တိုက်မှရတော့မယ်’

◼️လင်းညိုရိပ်


လူငယ်တွေဟာ အချစ်ကို
ခေတ်နဲ့ယှဉ်ပြီး ဦးစားပေးလို့မရမှန်းသိတဲ့အခါ
အချစ်ဆိုတာကို ခဏမေ့ထားပြီး
သူတို့တွေ ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်
စစ်ကြီးပြီးအောင်တိုက်မှရတော့မယ်။


နောက်မျိုးဆက်တွေအတွက် အနာဂတ်ဆိုတာဟာ
စနစ်အပေါ်မှာပဲ မူတည်နေတော့
သူတို့အနာဂတ်ဆိုတာကို ခဏမေ့ထားပြီး
သူတို့တွေ ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်
စစ်ကြီးပြီးအောင်တိုက်မှရတော့မယ်။


လူငယ်တွေဟာ ပန်းသိပ်ကြိုက်တဲ့အမေအိုအတွက်
ပန်းကလေးတွေကို အရင်လိုအလွယ်တကူ
ခူးပေးလို့မရမှန်းသိတဲ့အခါ ဓားထက်ထက်သွေးပြီး
ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်
စစ်ကြီးပြီးအောင်တိုက်မှရတော့မယ်။

Public Service Announcement

Public Service Announcement


သံချေးကိုက်နေတဲ့ ယန္တရားအပျက်ကြီးကို
ပြင်လို့မရနိုင်မှန်းသိတဲ့အခါ လူငယ်တွေဟာ
ပိုကောင်းတဲ့အသစ်တစ်ခုနဲ့ အစားထိုးဖို့အတွက်
ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်
စစ်ကြီးပြီးအောင်တိုက်မှရတော့မယ်။


ကြွေလွင့်ခဲ့ရတဲ့ကြယ်တွေအတွက်
သူတို့ထမ်းဆောင်လို့မရတော့တဲ့ တာဝန်တွေကို
“ငါတို့ပခုံးပေါ်လွှဲပြောင်းယူရမယ်လို့” ခံယူထားကြတဲ့အခါ
အဲ့ဒီခံယူချက်အတွက်
ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်
စစ်ကြီးပြီးအောင်တိုက်မှရတော့မယ်။


မပြောမဆိုနဲ့ အိမ်ကထွက်လာတဲ့နောက်
အမေ့ကိုဖုန်းဆက်ပြီးပြောခဲ့တဲ့စကား
“အောင်ပွဲနဲ့အတူပြန်ခဲ့မယ်အမေ” ဆိုတဲ့
အဲ့ဒီသွေးထဲက ကတိအတွက်
ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်
စစ်ကြီးပြီးအောင်တိုက်မှရတော့မယ်။


လူငယ်တွေဟာ အိမ်အပြန်ခရီးအတွက်
သူတို့လမ်းကိုသူတို့ဖောက်
သူတို့သွေးကိုသူတို့သောက်လို့
ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်
စစ်ကြီးပြီးအောင်တိုက်မှရတော့မယ်။ ။


(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လင်းညိုရိပ်’ ရေးဖွဲ့တဲ့ “စစ်ကြီးပြီးအောင်တိုက်မှရတော့မယ်” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

အေးစက်စက်ရာသီဥတုထဲ တယောက်တည်းလျှောက်သွားမိတိုင်း အမလက်ဖဝါးနွေးနွေးကိုသတိရတယ်။ အမကြိုက်တဲ့ မြက်ရိုင်းပန်းဖြူတွေ၊ အမ မကြိုက်တဲ့စစ်ပွဲတွေ။

ဝတ္ထုတို

■ နွေဦးနေ (၁) အခါတိုင်းဆို ဘွားဆယ်မိက နံနက်ငါးနာရီလောက်ထပြီး ဆွမ်းချက်နေကျ။ ဆွမ်းကျက်ပြီဆိုတာနဲ့ ဘုရားဆွမ်းတော်ကပ်၊ မေတ္တာပို့ဆုတောင်း၊ အမျှဝေလိုက်ရမှာ သူ့တနေ့တာလုံး စိတ်ချမ်းသာတတ်တာ။ ဒီအကျင့်က ကိုယ့်တိုင်းကိုယ့်ပြည်မှာကတည်းက အရိုးစွဲနေတဲ့အဖြစ်ရယ်။ ထိုင်းကိုရောက်တော့လည်း ဝတ်မပျက်အောင် အားထုတ်ခဲ့တယ်။ လှေဟောင်းတွေပြင်ပြီး အသစ်ပြန်ဆောက်တဲ့လှေကျင်း(လှေဒေါက်)က အလုပ်သမားတွေဆို ဘွားဆယ်မိ မေတ္တာပို့သံလေးကို...

ဝတ္ထုတို

ရာမွန် “မနက်ဖြန် ငါ့ကို ဖမ်းမယ်လို့ အသံထွက်နေကြတယ်။ သတင်းတွေထဲမှာ ငါတို့အကြောင်းတွေချည်းပဲ” ပြတင်းပေါက်ဖက်ကို ငေးပြီး သူက ကျနော့်ကို ကျောခိုင်းထားရင်းနဲ့ ပြောတယ်။ အဲဒါဆို ငါက ဘာလုပ်ရမှာလဲလို့ ကျနော် မေးတော့ တောဖက်ကိုပြေးလေ၊ ဘဝကို အဲဒီ့မှာ အသစ်ပြန်စ တဲ့။ သူ့စကားကို...

ကဗျာ

အခုတလော ဖတ်ဖြစ်တဲ့စာတွေထဲမှာ ကျော်ကြားတဲ့ အစ္စရေးကဗျာဆရာကြီး ရဟူဒါ အမိခီး (Yehuda Amichai (1924-2000)) ရဲ့ ကဗျာတချို့လည်းပါပါတယ်။ အစ္စရေးလို့ ဆိုလိုက်တာနဲ့ သူ့ရဲ့ကဗျာတွေမှာစစ်ရဲ့ အငွေ့အသက်တွေရယ် ဘာသာရေး အငွေ့အသက်တွေရယ် လွှမ်းခြုံနေမယ်ဆိုတာ ခန့်မှန်းလို့ ရမယ် ထင်ပါရဲ့။ဟီးဘရူးဘာသာစကားနဲ့ ရေးခဲ့တဲ့ သူ့ကဗျာတွေဟာ အံ့သြစရာကောင်းအောင်...