အာကာဘုန်းဝေ
လူတွေဟာ ခေတ်တွေဆီသို့
သွားနေတာလား
ခေတ်တွေကပဲ လူတွေဆီသို့
လာနေတာလား
အရာရာဟာ မသဲမကွဲ ။
ကျောက်ခေတ်
ကြေးခေတ်
သံခေတ်
နည်းပညာခေတ်
ခေတ်တွေဟာ တဖြည်းဖြည်း
ပြောင်းလဲလာခဲ့ရတယ် ။
အချစ်နှင့်အနုပညာခေတ်ကို
မရောက်နိုင်သေးဘူးမဟုတ်လား ။

Public Service Announcement
အလင်းနှစ်သန်းပေါင်းများစွာ
ဖြတ်ကျော်လာခဲ့ရတယ် ။
ကမ္ဘာဟာ ဒဏ်ရာတွေကို
တကယ်မဖြေဖျောက်နိုင်သေးဘူးမဟုတ်လား ။
ကမ္ဘာဟာ
ခက်ထန်ကြမ်းတမ်းတဲ့
နေ့ရက်တွေနှင့်အတူ
ခက်ထန်ကြမ်းတမ်းတဲ့
ဘဝတွေနှင့်အတူ
အခုထိ အသည်းကွဲနေရဆဲ ။
ခေတ်တွေဟာ
ချစ်စရာကောင်းတာလား
ဒါမှမဟုတ်
ခေတ်တွေဟာ
ကြောက်စရာကောင်းတာလား
ငါတို့ရဲ့ ကမ္ဘာကြီးထဲမှာ ။ ။
(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘အာကာဘုန်းဝေ’ရေးဖွဲ့တဲ့ “ခေတ်တွေဟာ” ကဗျာကို People’s Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

















































