Connect with us

Hi, what are you looking for?

ကဗျာ

‘Window’

အခန်းပြတင်းပေါက်ရဲ့ အပြင်မှာ
ဥတုသုံးလီရှိတယ်…
လူယန္တရားတွေရှိတယ်…
ဒိတ်လွန်နေတဲ့ ပျော်ရွင်ခြင်းတွေကို
စျေးပေါပါနဲ့ချရောင်းနေတဲ့ ဆိုင်တွေရှိတယ်

ဂျော့လင်းညို

အခန်းပြတင်းပေါက်ရဲ့ အပြင်မှာ
ဥတုသုံးလီရှိတယ်…
လူယန္တရားတွေရှိတယ်…
ဒိတ်လွန်နေတဲ့ ပျော်ရွင်ခြင်းတွေကို
စျေးပေါပါနဲ့ချရောင်းနေတဲ့ ဆိုင်တွေရှိတယ်…

အတုမျိုးစုံရနိုင်တဲ့ဆိုင်တွေ
ရင်သားအတု တင်အတုကနေ
အပြုံးအတု ခံစားချက်အတုတွေအထိ
ရဲရဲတင်းတင်း ချရောင်းနေကြ…

အခန်းပြတင်းပေါက်ရဲ့ အပြင်မှာ
ကိုယ့်သဘောနဲ့ကို စံနှုန်းကို
စိတ်ကြိုက်ပြင်ဆင်သတ်မှတ်ကြ…

အသက်တစ်ချောင်းက ဆယ်သိန်း
ဂန်းတစ်လက်က သုံးရာ့ငါးဆယ်
မုဒိမ်းမှုက သိန်းခုနှစ်ဆယ်…
လာထား လာထား ရေများရေနိုင် မီးများမီးနိုင်ပဲ…

အခန်းပြတင်းပေါက်ရဲ့ အပြင်မှာ
ကိုယ့်သဘောနဲ့ကိုယ် ကျင့်ဝတ်တွေ
ပြင်ဆင်ပြောင်းလဲကြ…

လည်သလို စီးပွားရှာတဲ့ မြေခွေးအိုတွေက
ကိုယ်ကျင့်သမိုင်းကောင်းခဲ့ကြောင်းတွေ
စာတစ်တန် ပေတစ်တန်နဲ့…
အကောင်းစားမျက်နှာဖုံးတွေနဲ့ ရဲရင့်နေကြ…

ဆင်းရဲခြင်းဟာ အရှက်မလုံ…
အသစ်ဖြစ်နေတဲ့ ငွေဝယ်ဂုဏ်စနစ်မှာ
လေလံဆွဲနိုင်တဲ့ကောင်တွေက ရိုးသားကြ
လိပ်ပြာလုံကြ လေးစားစရာကောင်းစွ…

အခန်းပြတင်းပေါက်ရဲ့ အပြင်မှာ
ဆိတ်ဖလူးပန်းဟာ မသင်းပျံ့ခဲ့…
ရေစီးသံဟာ အသံမသာခဲ့…
ရှုခင်းတွေဟာ ပန်းချီကားလောက် မလှပခဲ့…

အခန်းပြတင်းပေါက်ရဲ့ အပြင်မှာ…
…..

ငါဟာဒေါသတကြီး ပြတင်းတံခါးကို
ဆောင့်ပိတ်ခဲ့.…..

(The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ‘​​ဂျော့လင်းညို” ရဲ့ “​ Window”ကဗျာကို
People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

မင်းလက်ဖဝါးမှာ ပွင့်တဲ့ပန်းတွေ ကိုယ်ယူလာတယ်။

ကဗျာ

ယောနသံ ကဗျာရေးနေရမယ့်ကောင်တွေက စစ်တိုက်နေရတာဆိုတော့ စစ်တိုက်နေရတဲ့ကောင်တွေက Public Service Announcement ကဗျာရေးနေရတာပေါ့။ သွေးစွန်းနေတဲ့ ကလောင်တွေနဲ့ သွေးထွက်နေတဲ့ ကဗျာတွေကို တိုက်ပွဲတွေကြားမှာ ရေးကြ။ မတရားမှုနဲ့ကြုံလာတိုင်း ခေတ်အဆက်ဆက် သွေးထွက်တဲ့ဘက်က။ အလိုနည်းသူကဗျာဆရာတို့ရဲ့ သွေးနဲ့ ဆေးတဲ့ကမ္ဘာ ကြီးနိုင်ငယ်ညှင်းဝါဒများ ပပျောက်ပါစေ။ (“The Call...

ကဗျာ

ဟင်းမကောင်းတဲ့နေ့ရက်တိုင်း မိသားစုထမင်းစားပွဲမှာ ဂျီးများတတ်တဲ့ကောင် အဖေ့ရဲ့ လုပ်ငန်းခွင်ဦးထုပ်အောက်က ချွေးစက်တွေကို သူရဲကောင်းရုပ်ရှင်လို့ ကျနော် မမြင်ခဲ့ဘူး။

ကဗျာ

မေမေဟာ မြေကြီးတွေကို တူးလား တူးရဲ့ မေမေဟာ မြေသားတွေကို ဆွလား ဆွရဲ့။ မေမေဟာ သစ်ချောင်းတွေကိုသယ်တယ် သဲအိတ်တွေကို ထမ်းတယ်။ တံမြက်စည်းတချောင်းနဲ့ လှည်းကျင်းတယ် သစ်ချောင်းတွေကို တန်းတယ် သဲအိတ်တွေကို ကာတယ်။