Connect with us

Hi, what are you looking for?

ကဗျာ

‘ခရင်မ်ကာလာ မိန်းကလေး’

ခရင်မ်ကာလာ မြို့ကလေးတဲ့

နေရာသစ်ကို သမီးက ဒီလို နာမည်ပေးလိုက်တယ်

ပြီးတော့. . .

◼️စံပယ်ဖြူနု

ခရင်မ်ကာလာ မြို့ကလေးတဲ့

နေရာသစ်ကို သမီးက ဒီလို နာမည်ပေးလိုက်တယ်

ပြီးတော့. . .

Public Service Announcement

Public Service Announcement

ခရင်မ်ကာလာ အနု အရင့်ရောင် တိုက်တာ အဆောက်အအုံများ

ဝရံတာထက်က လှုပ်လှုပ်ယိမ်းယိမ်း ပန်းရောင်စုံများ

ခန်းဆီးရှည် ပိတ်ကာထားသော ဆိတ်ငြိမ်ပြတင်းတံခါးများ

ဆောင်းဦးအမီ တဖွဲဖွဲ ကြွေသက်သော သစ်ရွက်ရော်များ

မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ပဲ အရာရာကို တစိမ့်စိမ့် ငေးတယ်။

အိမ်ပြန်ချင်တယ် အိမ်ပြန်ချင်တယ်လို့ သမီး ပြောတိုင်း

ကမ္ဘာကြီးကိုက အိမ်တအိမ် ဖြစ်လို့

ကမ္ဘာကြီးရဲ့ ဘယ်နေရာမဆို အိမ်ပါပဲလို့ မေမေက ပြန်ပြောတတ်တယ်

ဒါပေမဲ့ မေမေ့ ကမ္ဘာကြီးက ကျယ်ပြောလွန်းပါတယ်

သမီး သူငယ်ချင်းရဲ့ လက်ကလေးတွေကို ပြန်မဆုပ်ကိုင်နိုင်တော့တဲ့အထိ

အရုပ်ဟောင်းလေးတွေကို ပြန်မမြင်နိုင်တော့တဲ့အထိ

ချစ်ရသူတွေရဲ့ ရယ်သံကို ပြင်ပကမ္ဘာမှာ မကြားနိုင်တော့တဲ့အထိ။

သမီးက ဂဏန်းသင်္ချာကို သိပ်ချစ်တော့

ဘာကိုမဆို စိတ်နံရံမှာ ဂဏန်းတွေနဲ့ ကောက်ကောက်ခြစ်တာပဲ

သမီး အသက် ၆ နှစ်မှာ ဟောဒီအိမ်ဟာ ၇ ခုမြောက်အိမ် ဖြစ်တဲ့အကြောင်း

အိမ်နံပါတ် (၁) ကို စွန့်ခွာရချိန်က အချစ်ဆုံး ကြောင်ကလေး ၂ ကောင်ကို ချန်ရစ်ခဲ့ရဖူးကြောင်း

ဇူလိုင် ၄ ရက် ရောက်တဲ့အခါ မွေးနေ့ကိတ်ကို ဘယ်သူငယ်ချင်းနဲ့ ခွဲရပါ့မလဲလို့ စိတ်ပူဖူးတဲ့အကြောင်း

အိမ်ကလေး ၁ အိမ် အတည်တကျ ရှိချိန်ကျရင် ကြောင်ကလေး ၁ ကောင် မွေးပေးဖို့ မေမေ့ကို တောင်းဆိုဖူးတဲ့အကြောင်း။

ခရင်မ်ကာလာ မြို့ကလေးရဲ့ မနက် မနက်ဆို

အိပ်မက်တွေအကြောင်း ဇာတ်လမ်းဆင် ပြောရတာတော့ ပျော်စရာကောင်းသားပဲ မေမေရဲ့

တကယ် မမက်တဲ့ အဲဒီ အိပ်မက်တွေထဲ

သမီးက ကစားကွင်းအဟောင်းတွေဆီ ပြန်ရောက်လို့

သူငယ်ချင်းဟောင်းတွေနဲ့ ပျော်ရွှင် ဆော့ကစားလို့

မငြိမ်းချမ်းခြင်းက သမီးတို့ဆီ ဘယ်တော့မှ ရောက်မလာခဲ့သလိုမျိုး

အပြီးတိုင် ခွဲခွာရခြင်းဆိုတာကို တကြိမ်လေးတောင် မကြုံကြိုက်ခဲ့သလိုမျိုး။

ဒီတစ်ခါ အိမ်ပြန်ရောက်ရင်လေလို့ တွေးတွေးပြီး

သူငယ်ချင်းအတွက် ပို့စကတ်လေးတွေ သမီး ရေးတယ်

မပေးဖြစ်တဲ့ စာလေးတွေ ခဏခဏ စီတယ်

နောက်တကြိမ် ခရစ္စမတ်လား ဒါမှမဟုတ် နောက်တစ်နှစ်လားလို့ မေးရင်တော့

မေမေက တနေ့နေ့လို့ ပြန်ဖြေဦးမှာပဲ

တကယ် တနေ့နေ့ဆိုတာ ဘယ်တော့များလဲ။

ဟောဟိုမှာ ခရင်မ်ကာလာ မြို့ကလေးရဲ့ ကောင်းကင်ထဲ ငှက်တွေ အုပ်ဖွဲ့ပျံနေကြတာကို မေမေ တွေ့သလား

သူတို့လို အတောင်ပံကို ဆန့်နိုင်သမျှ ဆန့်ပြီး အရှိန်နဲ့ အဟုန်နဲ့ ပျံသွားရင်ရော

သမီး အိမ်ပြန်ရောက်နိုင်မလား။

(သမီး လင်း သို့ ရည်ညွှန်းကဗျာ)

(The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ‘​​စပယ်ဖြူနု” ရဲ့ “”ခရင်မ်ကာလာ မိန်းကလေး’

ကဗျာကိုPeople’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

မင်းလက်ဖဝါးမှာ ပွင့်တဲ့ပန်းတွေ ကိုယ်ယူလာတယ်။

ကဗျာ

ယောနသံ ကဗျာရေးနေရမယ့်ကောင်တွေက စစ်တိုက်နေရတာဆိုတော့ စစ်တိုက်နေရတဲ့ကောင်တွေက Public Service Announcement ကဗျာရေးနေရတာပေါ့။ သွေးစွန်းနေတဲ့ ကလောင်တွေနဲ့ သွေးထွက်နေတဲ့ ကဗျာတွေကို တိုက်ပွဲတွေကြားမှာ ရေးကြ။ မတရားမှုနဲ့ကြုံလာတိုင်း ခေတ်အဆက်ဆက် သွေးထွက်တဲ့ဘက်က။ အလိုနည်းသူကဗျာဆရာတို့ရဲ့ သွေးနဲ့ ဆေးတဲ့ကမ္ဘာ ကြီးနိုင်ငယ်ညှင်းဝါဒများ ပပျောက်ပါစေ။ (“The Call...

ကဗျာ

ဟင်းမကောင်းတဲ့နေ့ရက်တိုင်း မိသားစုထမင်းစားပွဲမှာ ဂျီးများတတ်တဲ့ကောင် အဖေ့ရဲ့ လုပ်ငန်းခွင်ဦးထုပ်အောက်က ချွေးစက်တွေကို သူရဲကောင်းရုပ်ရှင်လို့ ကျနော် မမြင်ခဲ့ဘူး။

ကဗျာ

မေမေဟာ မြေကြီးတွေကို တူးလား တူးရဲ့ မေမေဟာ မြေသားတွေကို ဆွလား ဆွရဲ့။ မေမေဟာ သစ်ချောင်းတွေကိုသယ်တယ် သဲအိတ်တွေကို ထမ်းတယ်။ တံမြက်စည်းတချောင်းနဲ့ လှည်းကျင်းတယ် သစ်ချောင်းတွေကို တန်းတယ် သဲအိတ်တွေကို ကာတယ်။