Connect with us

Hi, what are you looking for?

ကဗျာ

‘စစ်ကြီးပြီးတဲ့အခါ သေသူတွေကိုတွေ့ရပါလိမ့်မယ် မာရီနာ’

အိပ်ယာကျဥ်းကျဥ်းလေးကနေ

အတွေးအကျယ်ကြီးကို

ကိုယ်ဖြတ်ကူးနေမိတယ် မာရီနာ။

အိပ်ယာဆိုတာထက်

အိပ်စရာနေရာပါ

မြေကြီးနံ့နဲ့ယမ်းနံ့တွေ

တခါတလေသွေးညှီနံ့တွေနဲ့

ဝေါဟာရ အရတော့အိပ်ယာပေါ့

ပျော်တာမပျော်တာအကြောင်းမပြချင်ဘူး

မျက်လုံးခဏမှိတ်ထားဖို့နေရာဆိုရင်

ပိုသင့်တော်ပါတယ် မာရီနာ ။

(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ '​ခွန်းနီ' ရေးဖွဲ့တဲ့ “​​​စစ်ကြီးပြီးတဲ့အခါ သေသူတွေကိုတွေ့ရပါလိမ့်မယ် မာရီနာ" ကဗျာကို People's Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

◼️ ခွန်းနီ

အိပ်ယာကျဥ်းကျဥ်းလေးကနေ

အတွေးအကျယ်ကြီးကို

ကိုယ်ဖြတ်ကူးနေမိတယ် မာရီနာ။

Public Service Announcement

Public Service Announcement

အိပ်ယာဆိုတာထက်

အိပ်စရာနေရာပါ

မြေကြီးနံ့နဲ့ယမ်းနံ့တွေ

တခါတလေသွေးညှီနံ့တွေနဲ့

ဝေါဟာရ အရတော့အိပ်ယာပေါ့

ပျော်တာမပျော်တာအကြောင်းမပြချင်ဘူး

မျက်လုံးခဏမှိတ်ထားဖို့နေရာဆိုရင်

ပိုသင့်တော်ပါတယ် မာရီနာ ။

မပျော်ရတော့တဲ့ကမ္ဘာမှာ

မျှော်လင့်စရာကနည်းလာတယ်

သေလုမြောပါးနေ့တွေထဲ

ဖုန်းတစ်ကောလ်လောက်

စာတစ်ကြောင်းလောက်

ဘာလွဲမှားမှုမှမရှိတဲ့မိန်းကလေးတစ်ယောက်ရဲ့

ဓာတ်ပုံလေးတစ်ပုံလောက်

ကိုယ့်ထံရောက်လာဖို့

သေမလောက်မျှော်ဖူးတယ် ။

မင်းကအကောင်းတိုင်းကျန်နေပြီး

ကိုယ်ကသဲကြိုးပျက်သွားတဲ့ဖိနပ်ပါ

ဆက်စီးလို့မရတော့တဲ့အခါ

အတူတူလှမ်းကြမဲ့ခြေလှမ်းများအား

အနူးအညွှတ်တောင်းပန်ရုံပါ မာရီနာ။

ကိုယ့်ဆန္ဒနဲ့ကိုယ်

လိုလိုချင်ချင်ဝေးခဲ့ကြတော့

မင်းကိုလဲမငြိုညင်ပါဘူး

ခေတ်ကိုလဲအပြစ်မဆိုသာ

ဆိုးဝါးလှတဲ့စနစ်ကိုသာအပြစ်ဖို့ကြစို့ မာရီနာ

ကိုယ်တို့မချစ်လို့ဝေးကြတာမှမဟုတ်တာ

စနစ်ကြောင့်ဝေးရတာ။

ကိုယ်အဆာလောင်ဆုံးနဲ့

အမွတ်သိပ်ဆုံးက အချစ်ဖြစ်ပြီး

ကိုယ်အရွံရှာဆုံးနဲ့

အစက်ဆုပ်ဆုံးက စစ်ဖြစ်တယ်

အခုတော့ကိုယ်သိပ်မုန်းတဲ့စစ်ကြီးထဲ

မီးကိုရှာသလိုတိုးခဲ့မိပြီ

ကျေနပ်စွာလောင်မြိုက်ခဲ့မိပြီ။

လက်ဖက်ရည်ကြိုက်တယ်

အရက်ကြိုက်တယ်

ဆေးလိပ်ကြိုက်တယ်

အနုပညာကြိုက်တယ်

သွေးသားဆန္ဒမပါတဲ့ချစ်ခြင်းကို

ကြိုက်ချင်ဟန်ဆောင်ပြီး

တကယ်တော့မကြိုက်ပါဘူး

မင်းဆိုတဲ့ဆန့်ကျင်ဘက်လိင်ကိုကြိုက်တယ်

စကားကိုတိုးတိုးပြောပြီး

သီချင်းအကျယ်ကြီးဆိုရတာကြိုက်တယ်

ဇိမ်ခံရတာမကြိုက်ဘူး

(ဇိမ်ခံစရာဘာမှမရှိတော့လို့ )

ငြိမ်းချမ်းရေးကိုကြိုက်ပေမဲ့

အခုထိရေရေရာရာမသိတဲ့

ငယ်ဘဝအိမ်မက်လိုကြိုက်မိတာ

စစ်ကိုမကြိုက်ဘူး

ဒါပေမဲ့ချစ်နေမိပြီ မာရီနာ။

ကြိုက်တယ် မကြိုက်ဘူးဆိုတာ

ရတယ် မရဘူးနဲ့ဆိုင်တော့

ဟန်လုပ်ပြီးရေးခဲ့တာပါ

ခေတ်အပျက်ကြီးထဲ

ရွေးချယ်စရာဘာများရှိလို့လဲ

(ဦးနှောက်နဲ့နှလုံးသားပါရင်)

ဘာမှမရှိတော့သလို

စစ်ကိုပဲရွေးခဲ့ရတာ မာရီနာ။

ဒါတွေထားပါတော့လေ

တစ်ယောက်နဲ့တစ်ယောက်

မသေမပျောက်ရှိနေသေးတာကိုက

လောကဓံကိုစျေးဆစ်ရကျိုးနပ်လှပါပြီ

မင်းကိုအကောင်းတိုင်းလေးရှိစေချင်တာ

တကိုယ်ရည်အတ္တလို့ဆိုချင်ဆို

ဒီ့ထက်တော့မပိုဘူး မာရီနာ။

မပျော်ရမှတော့

အသက်ရှည်ရတာပျင်းစရာကောင်းတယ်

မင်းကရှင်သန်နေပေမဲ့

ကိုယ့်မှာသေလူလိုပဲ

အခါခါသေခဲ့ပြီးပါပြီ

ဘဝမှာ

ဘဝတွေမှာ

ဘဝတွေများစွာမှာ

ဘာမှမရှိတော့အောင်

စစ်ကဝါးမြိုခဲ့ပြီဆိုတော့

သေလူပါပဲ ။

အသက်ရှင်လျက်ပြန်တွေ့တဲ့အခါ

ဒီစစ်ကြီးပြီးဆုံးသွားတဲ့အခါ

အသက်ရှုနေတဲ့သေသူတွေကို

မင်းတွေ့ရပါလိမ့်မယ် မာရီနာ ။

ကံမကောင်းလို့မသေခဲ့တဲ့

သေသူတွေကိုတွေ့ရပါလိမ့်မယ်

တကယ်မသေခဲ့ရလို့

သေလောက်အောင်စိတ်ပျက်နေတဲ့

သေသူတွေကိုတွေ့ရပါလိမ့်မယ်

ရှင်ခြင်းရဲ့အကြောင်းသွားမပြောမိစေနဲ့

မင်းပါသေလောက်အောင်နာကျဥ်သွားမယ်

လုံးဝ မပြောမိစေနဲ့ မာရီနာ။ ။

ဆက်စပ်သတင်းများ

ကဗျာ

မင်းလက်ဖဝါးမှာ ပွင့်တဲ့ပန်းတွေ ကိုယ်ယူလာတယ်။

ကဗျာ

ယောနသံ ကဗျာရေးနေရမယ့်ကောင်တွေက စစ်တိုက်နေရတာဆိုတော့ စစ်တိုက်နေရတဲ့ကောင်တွေက Public Service Announcement ကဗျာရေးနေရတာပေါ့။ သွေးစွန်းနေတဲ့ ကလောင်တွေနဲ့ သွေးထွက်နေတဲ့ ကဗျာတွေကို တိုက်ပွဲတွေကြားမှာ ရေးကြ။ မတရားမှုနဲ့ကြုံလာတိုင်း ခေတ်အဆက်ဆက် သွေးထွက်တဲ့ဘက်က။ အလိုနည်းသူကဗျာဆရာတို့ရဲ့ သွေးနဲ့ ဆေးတဲ့ကမ္ဘာ ကြီးနိုင်ငယ်ညှင်းဝါဒများ ပပျောက်ပါစေ။ (“The Call...

ကဗျာ

ဟင်းမကောင်းတဲ့နေ့ရက်တိုင်း မိသားစုထမင်းစားပွဲမှာ ဂျီးများတတ်တဲ့ကောင် အဖေ့ရဲ့ လုပ်ငန်းခွင်ဦးထုပ်အောက်က ချွေးစက်တွေကို သူရဲကောင်းရုပ်ရှင်လို့ ကျနော် မမြင်ခဲ့ဘူး။

ကဗျာ

မေမေဟာ မြေကြီးတွေကို တူးလား တူးရဲ့ မေမေဟာ မြေသားတွေကို ဆွလား ဆွရဲ့။ မေမေဟာ သစ်ချောင်းတွေကိုသယ်တယ် သဲအိတ်တွေကို ထမ်းတယ်။ တံမြက်စည်းတချောင်းနဲ့ လှည်းကျင်းတယ် သစ်ချောင်းတွေကို တန်းတယ် သဲအိတ်တွေကို ကာတယ်။