Connect with us

Hi, what are you looking for?

သတင်း

မတူပီ မြို့သိမ်းတိုက်ပွဲ၌ ပါဝင်ခဲ့သည့် CDF မတူပီ တပ်မဟာ(၁)ကို AA လက်နက်ထောက်ပံ့ပေးအပ်

ချင်းညီနောင် (Chin Brotherhood) အဖွဲ့ဝင်ဖြစ်သော ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့- မတူပီ (တပ်မဟာ-၁) အား မဟာမိတ် အာရက္ခတပ်တော်(AA)က လက်နက်ခဲယမ်းအချို့ကူညီထောက်ပံ့ပေးအပ်ခဲ့ကြောင်း CDF – မတူပီ တပ်မဟာ(၁)က သတင်းထုတ်ပြန်သည်။

AA က CDF မတူပီ (တပ်မဟာ-၁)ကိုလက်နက်ခဲယမ်း​ထောက်ပံ့​ပေးအပ်စဥ်။ဓါတ်ပုံ-CDFမတူပီ

ဟန်နွေ/People’s Spring

ချင်းညီနောင် (Chin Brotherhood) အဖွဲ့ဝင်ဖြစ်သော ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့- မတူပီ (တပ်မဟာ-၁) အား မဟာမိတ် အာရက္ခတပ်တော်(AA)က လက်နက်ခဲယမ်းအချို့ကူညီထောက်ပံ့ပေးအပ်ခဲ့ကြောင်း CDF – မတူပီ တပ်မဟာ(၁)က သတင်းထုတ်ပြန်သည်။

လက်နက် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာလ (၂၇) ရက်နေ့ တွင် ပြုလုပ်ခဲ့ရာ AA တပ်မှူး များ၊ မတူပီ-တပ်မဟာ-၁ မှ တပ်မှူးများ၊ တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့သည်ဟုအသိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

အဖွဲ့အစည်းနှစ်ခုကြားတွင် အားကောင်းလာသည့် မဟာမိတ်ဆက်ဆံရေးများကိုဆက်လက်အားကောင်းစေရေး၊ စစ်ရေးပူးပေါင်းမှု ယခုထက်ပိုမိုအားကောင်းစေရေး၊ အိမ်နီးနားချင်း အတူ နေထိုင်လာကြသော လူမျိုးအချင်းချင်းအကြား ချစ်ခင်ရင်နှီးမှုများ ပိုမိုတိုးပွားလာစေရေးကို နှစ်ဖက် တပ်မှူးများက အခမ်းအနား၌ ပြောကြားခဲ့​ကြောင်း CDF မတူပီ တပ်မဟာ(၁)က ​ဖော်ပြသည်။

ထို့အပြင်ချင်းပြည်အတွင်းရှိစစ် ကောင်စီကင်းစင်ရေးတိုက်ပွဲတွင် အိမ်နီးနားချင်းမဟာမိတ်ပီသစွာဖြင့် ပူးပေါင်းတိုက်ပွဲဝင်ပေးခဲ့ခြင်း၊ လက်နက်ခဲယမ်းများ ထောက်ပံ့ပေးခဲ့ခြင်း တို့ အပေါ် AA အား ကျေးဇူးတင်ကြောင်း CDF – မတူပီ တပ်မဟာ(၁)က အသိ​ပေးသည်။

ထောက်ပံ့ပေးအပ်သည့် လက်နက်အရေအတွက်ကို ဖော်ပြမထားသော်လည်း ဓာတ်ပုံမှတ်တမ်းတွင် စစ်ကောင်စီထံမှသိမ်းရထားသည်ဟုယူဆရသည့်လက်နက် အလက် ၃၀ ဝန်းကျင်ခန့် ပေးအပ်ခဲ့သည်ကို တွေ့ရသည်။

CDF – မတူပီစုဖွဲ့မှုတွင်တပ်မဟာ(၁)နှင့်တပ်မဟာ(၂)တို့ရှိရာ CDF မတူပီ တပ်မဟာ(၁) သည် ချင်းညီနောင်အဖွဲ့ဝင်အဖြစ် ပါဝင်ကာ AAနှင့် စစ်ရေးမဟာမိတ်အဖြစ် မတူပီမြို့သိမ်းတိုက်ပွဲ၌ ပါဝင်ခဲ့သည်။ အဆိုပါ မြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ကြီး လက်နက်ငယ်များစွာ သိမ်းပိုက်ရရှိထားသော်လည်း မြို့သိမ်းတိုက်ပွဲ၌ ပါဝင်ခဲ့သည့် ချင်းညီနောင်အဖွဲ့ဝင်၊ AA နှင့် အခြား မဟာမိတ်တပ်များအကြား စစ်ကောင်စီထံမှ သိမ်းရသည့် လက်နက်များအား မည်သို့ ခွဲဝေရယူသည်ဆိုသည့် အချက်ကို အသိပေးထားခြင်းမရှိပေ။

CDF မတူပီ တပ်မဟာ(၂)သည် ချင်းအမျိုးသားတပ်ဦး(CNF/CNA) နှင့် အခြား CDF တပ်ဖွဲ့များ စုပေါင်းဖွဲ့စည်းထားသည့် ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ ကာကွယ်ရေးအောက်တွင် ပါဝင်ထားသည်။

CDF မတူပီ တပ်မဟာ(၁) ပါဝင်သည့် ချင်းညီနောင်နှင့် တပ်မဟာ(၂)ပါဝင်သည့် ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များအကြား ပြဿနာ အချို့ရှိကာ ဇွန်လအတွင်း တိုက်ပွဲများ ရှိခဲ့ရာ နှစ်ဖက်ထိခိုက်ကျဆုံးရှိခဲ့သည်။ လက်ရှိတွင် ထိုသို့ ပြဿနာများ ထပ်မံမဖြစ်ရေး ချင်းညီနောင်၊ ICNCC နှင့် ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ၊ CNF တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးသဘောတူညီထားသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။