Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ်တွင် ပျူစောထီးတစ်ဦး စစ်သားများထံမှ လက်နက်ခိုးယူ၍ မြိုင်ပကဖထံ အလင်းဝင်

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် ပျူစောထီးတစ်ဦး စစ်ကောက်စီတပ်သားများထံမှ လက်နက်ခိုးယူ၍ အလင်းဝင်လာကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

အလင်းဝင်လာသူပျူအား လက်နက်ခဲယမ်းနှင့်တကွ တွေ့ရစဥ်။ ဓာတ်ပုံ-မြိုင်- ပကဖ

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် ပျူစောထီးတစ်ဦး စစ်ကောက်စီတပ်သားများထံမှ လက်နက်ခိုးယူ၍ အလင်းဝင်လာကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

ယနေ့ (အောက်တိုဘာ ၄ ရက်) နံနက်ပိုင်းက ပေါက်မြို့နယ်၊ ဇီးပြားပျူရွာမှ ပျူစောထီးအဖွဲ့ဝင် အသက် (၁၇)နှစ်အရွယ် ရဲမြတ်စိုးဆိုသူသည် ကင်းအတူစောင့်နေသော စစ်သားများထံမှ M4 Carbine အမျိုးအစား သေနတ် တစ်လက်အားခိုးယူ၍ အလင်းဝင်ရောက်လာကြောင်း မြိုင်ပကဖခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့က(မြိုင်ပကဖက) မြို့ဝင်စီးရင်သေတော့မှာကိုသိတယ်တဲ့။ မသေချင်ဘူး ကျွန်တော်တို့်နဲ့ပေါင်းမယ်ဆိုပြီး အလင်းဝင်လာတာပြောတယ်။”ဟု ကိုလက်ယျာက ပြောသည်။

ထို့အပြင် ကျည်ဘောက် ၂ ခု၊ကျည်များ၊ လက်ပစ်ဗုံး ၂ လုံး၊ ၆၀ မမ အဖူး၁ ဖူးနှင့် ဟန်း ဖုန်း တစ်လုံးတို့ကိုပါ ယူဆောင်လာပြီး မြိုင်ပကဖထံ အပ်နှံခဲ့သည်။

စက်တင်ဘာ ၁၂ ရက်ကလည်း မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်မှ ပျူစောထီးအဖွဲ့ဝင်နှစ်ဦးသည် ရဲတပ်သား ယောကြီးဆိုသူကို ပစ်သတ်ပြီး G3 အမျိုးအစား သေနတ်တစ်လက်နှင့်ခဲယမ်းများဖြင့် မြိုင်ပကဖအဖွဲ့ထံ အလင်းဝင်ခဲ့သေးသည်။

မြိုင်ပကဖသည် ပေါက်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးရွာများအား မြိုင်-ပေါက် ပူးပေါင်းကာကွယ်ရေးအဖွဲ့များဖြင့် ဝိုင်းဝန်းပိတ်ဆို့ဖြတ်တောက်ထားမှုကြောင့် စစ်ကြောင်းဝင်ရောက်မှု နည်းပါးလာပြီး ဝင်ရောက်လာသော စစ်ကြောင်းများအား ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကကက အသိပေးသည်။

ပေါက်မြို့နယ် ဇီးပြားပျူရွာနှင့် တရော်ကိုင်းပျူစောထီးကျေးရွာအတွင်းရှိ စစ်သားနှင့်ပျူစေညထီးများအား ရွာအပြင်ထွက်သည်နှင့် အသေပစ်ခတ်တိုက်ခိုက်မည်ဖြစ်ပြီး ချိတ်ဆက်၍ လက်နက်ဖြင့် အလင်းဝင်ရောက်လာမည်ဆိုပါက ကောင်းမွန်စွာ ထိန်းသိမ်း၍ အသက်ချမ်းသာပေးမည်ဟု သတိပေးခဲ့ပြီးဖြစ်ကြောင်း မြိုင်ပကဖအဖွဲ့က ပြောသည်။

ဇီးပြားနှင့် တရော်ကိုင်းပျူနှစ်ရွာမှ အလင်းဝင်ရောက်မှု များပြားပြီး ဝင်ရောက်လာသူများအား ထိန်းချုပ်နယ်မြေနေရာများ၌ ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း မြိုင်ပကဖက ထပ်မံအသိပေးသည်။

ပေါက်နှင့် နယ်မြေချင်းထိဆက်နေသည့် မြိုင်မြို့နယ်တွင်လည်း အောက်တိုဘာ ၂ ရက်က မြိုင်မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီးတစ်ဦး ဇနီးသည်အား ခေါ်ဆောင်ကာ လက်နက်ခဲယမ်းနှင့်တကွ မြိုင်ပကဖထံ အလင်းဝင်လာခဲ့သည်။

စက်တင်ဘာအတွင်းကလည်း မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်မှ ပျူစောထီးအဖွဲ့ဝင်နှစ်ဦး၊ စစ်သားတစ်ဦးနှင့် ဒုတပ်ကြပ်တစ်ဦးတို့ လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်လာခဲ့သည်။

ထို့အပြင် တစ်လအတွင်း အလင်းဝင်ရန် သတိပေးခံရသည့် မြိုင်မြို့နယ်ရှိ သရက်ကန်ပျူရွာမှ ပျူစောထီးမိသားစုဝင် ၅၀ နီးပါးလည်း ကာကွယ်ရေးအဖွဲ့များထံ လာရောက်ခိုလှုံခဲ့သည်။

စစ်အာဏာရှင်စစ်တပ် ပြုတ်ကျရေးအတွက် စစ်ရေးအရှိန်မြှင့်တင်နေသောကြောင့် ပြည်သူ့ရင်ခွင်သို့ ဝင်ရောက်ခိုလှုံပါက အချိန်မရွေး ဆက်သွယ်နိုင်ကြောင်းနှင့် အာဏာသိမ်းစစ်တပ်အဖွဲ့ဝင် တပ်သားများ၊ ပျူစောထီးများအနေဖြင့်လည်း ပြည်သူကို နည်းမျိုးစုံနှင့် ညှင်းပန်းနှိပ်စက်သတ်ဖြတ်နေသည့် စစ်တပ်အား စွန့်ခွာပြီး ပြည်သူကိုမျက်နှာမူ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အမြန်ပူးပေါင်းရန် မြိုင်ပကဖအဖွဲ့က တိုက်တွန်း သတင်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဆောင်းပါး

အလံဖြူနောက်ကွယ်က စစ်သား​တွေရဲ့ ဆုံးဖြတ်ချက်