Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရဲတပ်ဖွဲ့ အရေးပေါ် ဖုန်းနံပါတ်ကို လှမ်းဆက်ပြီး အရုပ်တွေ ကြွားခဲ့တဲ့ ၄ နှစ်သားလေး

ဒီသတင်းကို ပိုပြီး ချစ်စရာ ကောင်းသွားစေတာကတော့ ကင်းလှည့် ရဲအရာရှိ တစ်ယောက်က ဖုန်းခေါ်တဲ့ အိမ်ကို ရောက်အောင်သွားပြီး ကလေးငယ် ပြောပြတဲ့ အရုပ်တွေအကြောင်း စိတ်ရှည်လက်ရှည် နားထောင်ပေးခဲ့တာ ဖြစ်ပါတယ်။

နယူးဇီလန် နိုင်ငံမှာ ၄ နှစ်သား ကလေးငယ် တစ်ဦးဟာ ရဲတပ်ဖွဲ့ရဲ့ အရေးပေါ် ဖုန်းနံပါတ်ကို လှမ်းခေါ်ပြီး သူ့အရုပ် အလန်းစားတွေကို လှမ်းကြွားခဲ့ပါတယ်။

ဒီသတင်းကို ပိုပြီး ချစ်စရာ ကောင်းသွားစေတာကတော့ ကင်းလှည့် ရဲအရာရှိ တစ်ယောက်က ဖုန်းခေါ်တဲ့ အိမ်ကို ရောက်အောင်သွားပြီး ကလေးငယ် ပြောပြတဲ့ အရုပ်တွေအကြောင်း စိတ်ရှည်လက်ရှည် နားထောင်ပေးခဲ့တာ ဖြစ်ပါတယ်။

အင်ဗာဆာဂီလ်မြို့ ရဲတပ်ဖွဲ့ရဲ့ အရေးပေါ် ဖုန်းနံပါတ် ၁၁၁ ကို ဖုန်းခေါ်ဆိုမှုတစ်ခု ရောက်လာလို့ တာဝန်ကျ ရဲဝန်ထမ်း အမျိုးသမီးက လက်ခံ ဖြေကြားခဲ့ပါတယ်။ အဲဒီအခါ ကလေးသံလေး တစ်ခုက သူ့ရဲ့ အလန်းစား အရုပ်တွေကို ရဲတပ်ဖွဲ့ဝင် အန်တီအနေနဲ့ လာကြည့်နိုင်မလားလို့ ယဉ်ယဉ်ကျေးကျေး လှမ်းမေးခဲ့ပါတယ်။

သူတို့နှစ်ယောက် အပြန်အလှန် စကားပြောနေတုန်းမှာပဲ ကလေးရဲ့ ဖခင်ဖြစ်သူက ကြားဝင်လာပြီး သူ့သားက အရေးပေါ် ကိစ္စမဟုတ်ဘဲ ဖုန်းခေါ်ခဲ့တာအတွက် တောင်းပန်ခဲ့ပါတယ်။ ကလေးရဲ့မိခင် နေသိပ်မကောင်းလို့ ပြုစုပေးနေတုန်း ကလေးက အရေးပေါ် ဖုန်းနံပါတ်ကို လှမ်းခေါ်ခဲ့တာလို့ ဖခင်ဖြစ်သူက ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် တာဝန်ကျ ရဲဝန်ထမ်း အမျိုးသမီးက ကင်းလှည့်ယူနစ်တွေဆီ ဆက်သွယ်ပြီး ကလေးတစ်ယောက် သူ့အရုပ်တွေ ကြွားချင်နေလို့ သွားနားထောင်ပေးနိုင်မလားဆိုပြီး မေးခဲ့ပါတယ်။ မီဒီယာတွေမှာ ကာ့တ်လို့သာ နာမည် ဖော်ပြထားတဲ့ ရဲအရာရှိ တစ်ဦးက သူ့ရဲကားဟာ ကလေးရဲ့ အိမ်နားမှာ ရှိနေတဲ့အတွက် သွားတွေ့လိုက်မယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။

တကယ်လည်း ကာ့တ်က ကလေးငယ်ရဲ့ အိမ်ထိ သွားရောက်ခဲ့ပါတယ်။ စကားပြောဖော် ရှာနေတဲ့ ကလေးက သူ့အရုပ်လေးတွေအကြောင်း ကြွားသမျှကိုလည်း ကာ့တ်က စိတ်ရှည်လက်ရှည် နားထောင်ခဲ့ပါတယ်။ နောက်တော့မှ အရေးပေါ် ဖုန်းနံပါတ် ၁၁၁ ဆိုတာ ဘယ်လို အခြေအနေတွေမှာသာ လှမ်းခေါ်သင့်သလဲ ဆိုတာကို ကလေးငယ် နားလည်အောင် ကာ့တ်က သေချာ ပညာပေး ရှင်းလင်းပြပြီး စခန်းကို ပြန်လာခဲ့ပါတယ်။

အင်ဗာဆာဂီလ်မြို့ ရဲတပ်ဖွဲ့က ကာ့တ်နဲ့ ကလေးငယ်တို့ ရဲကား စက်ဖုံးပေါ်မှာ အတူထိုင်ပြီး တွဲရိုက်ထားတဲ့ ဓာတ်ပုံနဲ့အတူ ကလေးငယ် ဖုန်းခေါ်တဲ့ အသံဖိုင်ကိုပါ လူမှုကွန်ရက် မီဒီယာပေါ်တင်ပြီး ဒီအကြောင်းတွေကို မျှဝေခဲ့ပါတယ်။

ကလေးက ရဲကားပေါ်က မီးတန်းကို ဖွင့်ပြပေးဖို့ တောင်းဆိုလို့ ကာ့တ်က ဖွင့်ပြပေးခဲ့ပါသေးတယ်။ ပြီးတော့ ကလေးငယ်မှာ ရှိနေတဲ့ အရုပ်တွေက သူပြောသလိုပဲ တကယ်လည်း အရမ်းလန်းတယ်လို့ ရဲအရာရှိက မှတ်ချက် ပေးသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နီပေါနိုင်ငံမှာ လူမှုကွန်ရက် သုံးစွဲခွင့် ပိတ်ပင်မှုကို မကျေနပ်တဲ့ ဆန္ဒပြသူတွေကို ရဲတွေက အင်အားသုံး ဖြိုခွင်းရာက လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ပြီးတော့ ပြဿနာတွေ အရမ်းပြင်းထန်လာတဲ့နောက် အစိုးရဟာ အဲဒီ ပိတ်ပင်မှုကိုလည်း ရုပ်သိမ်းပေးခဲ့ရပါတယ်။

သတင်း

သာသ‌နာရေးကားဖြင့် ပုံဖျက်လာသည့် ရဲတပ်ဖွဲ့ဝင်ငါးဦးကို မကွေးတိုင်း ၊ဆင်ပေါင်ဝဲမြို့နယ်၊ ကျောသာကျေးရွာနှင့်သပြေစမ်းကျေးရွာကြားတွင် တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း သရက်ခရိုင်အမှတ် (၅) တပ်ရင်းက ထုတ်ပြန်သည်။

သတင်း

ဧရာဝတီတိုင်း၊ပုသိမ်မြို့နယ်ရှိ စစ်ကောင်စီ သတင်းရဲတပ်ဖွဲ့ ကို သတင်းပေါက်ကြားမှု​နေပြည်​တော်မှ လာရောက်စစ်ဆေးသည့် ​အထူးစစ်​ဆေး​ရေးအဖွဲ့မှ ရဲမှူးအဆင့်ရှိသူ နှစ်ဦးအား ပုသိမ်မြို့နယ် သတင်းရဲတပ်ဖွဲ့ တပ်ကြပ်ကြီး မင်းမင်းနှင့် အဖွဲ့ကဓါးဖြင့်တိုက်ခိုက်၍ ဒုရဲမှူး တစ်ဦး​သေဆုံးပြီး တစ်ဦးပြင်းထန်စွာဒဏ်ရာရခဲ့ကြောင်းသိရသည်။

သတင်း

အာရက္ခတပ်တော်(AA)က မြို့သိမ်းထိုးစစ်တိုက်ခိုက်နေသည့် မောင်တောမြို့မှ ခရိုင်ရဲတပ်ဖွဲ့မှူးဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင် ၂၀ ကျော်AA ထံ လက်နက်ချအလင်းဝင်ခဲ့သည်။