Connect with us

Hi, what are you looking for?

သတင်း

မှော်ဘီတွင် စက်ရုံဖယ်ရီကားတိမ်းမှောက်ပြီး တစ်ဦးသေဆုံး၊ ၃၀ကျော် ဒဏ်ရာရ

ရန်ကုန်မြို့၊ မှော်ဘီမြို့နယ် သန္ဓေပင်အုပ်စု ကြက်ဖြူကန်ကျေးရွာအနီး ရန်ကုန် – ပြည် လမ်းမပေါ်တွင် ယနေ့ည ၇ နာရီခန့်က စက်ရုံကြိုပို့ဖယ်ရီကား တိမ်းမှောက်ရာ စက်ရုံလုပ်သား တစ်ဦးသေဆုံးပြီး ၃၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

စက်ရုံဖယ်ရီကား တိမ်းမှောက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - CJ

သုည/People’s Spring

ရန်ကုန်မြို့၊ မှော်ဘီမြို့နယ် သန္ဓေပင်အုပ်စု ကြက်ဖြူကန်ကျေးရွာအနီး ရန်ကုန် – ပြည် လမ်းမပေါ်တွင် ယနေ့ည ၇ နာရီခန့်က စက်ရုံကြိုပို့ဖယ်ရီကား တိမ်းမှောက်ရာ စက်ရုံလုပ်သား တစ်ဦးသေဆုံးပြီး ၃၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ည ၇ နာရီကျော်လောက်က ထောက်ကြံ့ကနေ မှော်ဘီဘက်ကို မောင်းလာတဲ့ စက်ရုံဖယ်ရီကားက သူ့ဘာသာသူ တစ်ပတ်လည်ပြီး ဓာတ်တိုင်ကို ဝင်တိုက်ပြီး မှောက်သွားတာပါ။ ဒေဝူးစက်ရုံက ဖယ်ရီကားလို့တော့ သိရတယ်။ အရှိန်က တော်တော်များတယ်။ အမျိုးသမီးတစ်ယောက် သေတယ်။ ယာဥ်မောင်းလည်း တော်တော်ထိတယ်။ ကျန်တဲ့ လူ ၃၀ကျော်လောက် ထိခိုက် ဒဏ်ရာရကြတယ်”ဟု မှော်ဘီမြို့နယ်နေ မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများကို မှော်ဘီဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဒဏ်ရာပြင်းထန်သည့် အမျိုးသမီး ၁၂ဦးကို ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းပို့​ဆောင်ခဲ့ကြောင်း ဒေသခံပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါယာဥ်တိမ်းမှောက်မှုဖြစ်စဥ်ကို မှော်ဘီမြို့နယ်မီးသတ်စခန်းနှင့် မေတ္တာမြိုင်လူမှုအသင်း၊ စေတနာမွန်လူမှုရေးအသင်း၊ မြို့မလူမှုရေးအသင်း၊ မြင့်မြတ်လူမှုရေးအသင်း၊ မဇ္ဇိုမလှိုင်းလူမှုရေးအသင်းတို့က ကူညီကယ်ဆယ် ရေးလုပ်ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ မှော်ဘီမြို့မရဲစခန်းကနေ ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ထွက်လာတဲ့ ကားကို လက်လုပ်မိုင်းတွေ၊ လက်ပစ်ဗုံးတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

တော်လှန်ရေးအရှိန်မြှင့်တင်၍လုပ်ဆောင်မည်ဖြစ်၍ ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်အားဖြည့်ပေးရန် U.S.Oက တိုက်တွန်းထားသည်။

သတင်း

ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်တွင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးဓားထိုးခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ရန်ကုန်မြို့ မှော်ဘီမြို့နယ် ပြည်လမ်းပေါ်ရှိ တပ်မတော်အုပ်ချုပ်မှုသင်တန်းကျောင်း ဂိတ်ကင်းကို ပြင်းအားမြင့်လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်မှုရှိနိုင်ကြောင်း Yangon Army (YA)မှတာဝန်ရှိသူက ပြောသည်။