Connect with us

Hi, what are you looking for?

သတင်း

မှော်ဘီမြို့နယ်တွင် အုပ်ချုပ်ရေးမှူးတစ်ဦးဓားထိုးခံရပြီး သေဆုံး

ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်တွင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးဓားထိုးခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ရဲခေါင်/People’s Spring

ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်တွင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးဓားထိုးခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

​မှော်ဘီမြို့နယ်၊အထယု​ကျေးရွာအုပ်ချုပ်​ရေးမှူးဦးထိန်လင်းသည် ဘီယာ​သောက်ရင်းစကားများရာမှ ဓားဖြင့် ငါးချက်ထက်မနည်းထိုးသတ်ခံရပြီး သေဆုံးခဲ့ခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ​၏ မှုခင်းမှတ်တမ်းများအရ အောက်တိုဘာ ၁၉ ရက် ညနေ ၆ နာရီခွဲခန့်တွင် ဦးထိန်လင်းသည် ဘီယာ​သောက်​နေစဥ် ဝက်သား​ရောင်းသည့်​ဇော်မင်းထွန်းကို​ခေါ်ပြီး ဝက်သားတစ်ပိသာကျပ်နှစ်​သောင်းခွဲ​ရောင်းသည့်ကိစ္စကို​ပြောဆိုခဲ့သည်။

“မင်းတို့ထိန်​တောမိုးညိုသား​တွေက ဦးစား​ပေးလို့ကိုမရဘူး။လူမိုက်​တွေ”ဟု​ ဦးထိန်လင်းက ပြောဆိုခဲ့ကြောင်း မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့ကြောင့် ဇော်မင်းထွန်းက စိတ်ဆိုးပြီးဓါးဖြင့်ထိုးရာ ဦးထိန်လင်းသည် ထိုးသွင်းဒဏ်ရာများဖြင့်သေဆုံးသွားပြီး ဓားဖြင့်ထိုးခဲ့သူ ဇော်မင်းထွန်းကို ဖမ်းမမိသေးဟု သိရသည်။

အောက်တိုဘာ ၁၆ ရက်ကလည်း အင်းစိန်မြို့နယ်၊ကမ်းနားအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးစိုးသန်း ဓားထိုးခံရပြီးသေဆုံးခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်အပါ အဝင် အခြားမြို့နယ်များ၌ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဆိုသူများနှင့် ၎င်းတို့၏ နောက်လိုက်များသည် လူထုအပေါ် အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်၊သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်။

ထို့ကြောင့် အုပ်ချုပ်ရေးမှူးများအနေဖြင့် စစ်ကောင်စီဘက်တော်သားများအဖြစ်မှ နှုတ်ထွက်ရန် မြို့ပြတော်လှန်ရေးအဖွဲ့များက သတိပေးမှုများနှင့်အတူ လူထုအပေါ်ဆက် လက်အနိုင်ကျင့်နေသူများကို ပစ်ခတ်ရှင်းလင်းသတိပေးမှုများရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးအသစ်တွေရွေးချယ်ပြီးနောက် စစ်မှုထမ်းကြေး‌ ငွေ ကောက်ခံမှု တိုင်ကြားခံရလို့ဆိုပြီး မဲနှိုက်မှုတွေပြန်လုပ်ကာ မဲပေါက်သူက ကျပ်သိန်းရာနဲ့ချီပို ပေးနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်မှာ စစ်တပ်ကို သတင်းအမှားတွေပေးကာ ကျေးရွာတွေကို လက်နက်ကြီး တွေနဲ့ပစ်ခိုင်းခဲ့တဲ့ စစ်ကောင်စီခန့် အုပ်ချုပ်‌ရေးမှူး ၂ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

အတွေးအမြင်

လည်ပင်းမှာ ပန်းကုံးတွေ အများကြီးအစွပ်ခံထားရတဲ့ အမျိုးသားတစ်ယောက်ဟာ မိုက်ကိုကိုင်ရင်းမျက်ရည်တွေဝဲနေခဲ့တယ်။သူ့ရှေ့က လူတွေကိုကြည့်ရင်း သူ့အသံတွေဟာ တုန်ရင်နေခဲ့တယ်။