Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာမြို့တွင် စစ်ဆေးရေးဂိတ်၌ ရပ်မပေးသည့် ညွှန်မှူး၏ကား ပစ်ခတ်ခံရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်၌ ရပ်မပေးသည့် ညွှန်ကြားရေးမှူး၏ကား ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောသည်။

မိတ္ထီလာမြို့တနေရာ၌ စစ်ဆေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓါတ်ပုံ-CJ

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်၌ ရပ်မပေးသည့် ညွှန်ကြားရေးမှူး၏ကား ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက် ည ၁၀နာရီခန့်က မိတ္ထီလာမြို့အဝင်၌ စစ်အုပ်စုက စစ်ဆေးရေးပြုလုပ်နေစဥ် ကားတစ်စီးမှာ ရပ်မပေးဘဲ မောင်းနှင်သွား၍ အဆိုပါဂိတ်မှစစ်သားများက ပစ်ခတ်ခဲ့ကြောင်း မိတ္ထီလာမြို့ခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

ကားပေါ်၌ မိတ္ထီလာမြို့ ဌာနဆိုင်ရာတစ်ခုမှ ညွှန်ကြားရေးမှူးဆိုသူလိုက်ပါလာပြီး ကားပေါ်ပါသူများ ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း မြို့ခံအချို့က ပြောသည်။

“ညွှန်မှူးပါလာတဲ့ကားက ရပ်မပေးလို့ပစ်တာပြောတယ်။ ဘယ်ဌာနကလဲတော့မသိဘူး။”ဟု မိတ္ထီလာမြို့ခံတစ်ဦးက ပြောသည်။

ဖြစ်စဥ်အား နောက်ဆက်တွဲအခြေအနေ စုံစမ်းနေပြီး လက်တ​လောမသိရသေးပေ။

မိတ္ထီလာမြို့သည် အာဏာသိမ်းစစ်ကောင်စီ၏ လေတပ်စခန်းအပါအဝင် စစ်တပ်စခန်းအများအပြားရှိသော်လည်း စက်တင်ဘာလ ၁၇ ရက်က နန်းတော်ကုန်းလမ်းနှင့် ကန်ပတ်လမ်း လမ်းဆုံ ရထားသံလမ်း​ဘေးရှိ ရဲကင်းဗုံးပေါက်ကွဲပြီး ရဲ ၃ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က စစ်တပ် ၃ခုဆုံတဲ့နေရာအနီးမှာ အိုးဝေသမားတစ်ဦးကို လူငယ်တွေက သံချွန်နဲ့ထိုးပြီး လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။

Facebook