Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ပိုင်း နယ်စပ်ဆီ ဆက်သွယ်ထားတဲ့ ရထားလမ်း၊ ကားလမ်းတွေကို မြောက်ကိုရီးယား စတင်ဖျက်ဆီး

နယ်စပ်ဆီ ဆက်သွယ်ထားတဲ့ ရထားလမ်းနဲ့ ကားလမ်းတွေကို မြောက်ကိုရီးယားက စတင် ဖောက်ခွဲ ဖျက်ဆီးနေကြောင်း တောင်ကိုရီးယား စစ်တပ်က အတည်ပြုခဲ့ပါတယ်။

နယ်စပ်ဆီ ဆက်သွယ်ထားတဲ့ ရထားလမ်းနဲ့ ကားလမ်းတွေကို မြောက်ကိုရီးယားက စတင် ဖောက်ခွဲ ဖျက်ဆီးနေကြောင်း တောင်ကိုရီးယား စစ်တပ်က အတည်ပြုခဲ့ပါတယ်။

နှစ်နိုင်ငံ ဆက်ဆံရေး ဆိုးရွား တင်းမာလာတဲ့နောက် မြောက်ကိုရီးယာက တောင်ပိုင်းသား ပြိုင်ဘက်တွေနဲ့ အဆက်အသွယ် အားလုံး ဖြတ်တောက်မယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးအဖြစ် နယ်စပ်ဆီ ဆက်သွယ်ထားတဲ့ ရထားလမ်းနဲ့ ကားလမ်းတွေကို ဖောက်ခွဲ ဖျက်ဆီးပစ်ခဲ့တာပါ။

အခုသီတင်းပတ် အစောပိုင်းကစလို့ မြောက်ကိုရီးယားပိုင်နက် နယ်စပ်ဖက်မှာ ဒိုင်းနမိုက်တွေ အသုံးပြုပြီး ရထားလမ်းတွေ၊ ကားလမ်းတွေကို ဖောက်ခွဲ ဖျက်ဆီးပစ်နေသံတွေ ကြားနေရသလို မီးခိုးလုံးတွေ အူထွက်လာတာကို တွေ့ခဲ့ရတယ်လို့ တောင်ကိုရီးယား နယ်ခြားစောင့် တပ်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

နယ်စပ်မှာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း မြောက်ကိုရီးယားဖက်က ခါးသီးရန်လိုတဲ့ အလားတူ လှုပ်ရှားမှုတွေ ပိုပြီး တွေ့လာနေရတယ်လို့လည်း တောင်ကိုရီးယားက စွပ်စွဲ ရှုတ်ချခဲ့ပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့မှာတော့ မြောက်ကိုရီးယား စစ်တပ်ဟာ နယ်စပ်မျဉ်းနဲ့ ထိကပ်တဲ့ နေရာထိ ဖောက်လုပ်ထားတဲ့ ရထားလမ်းတွေ၊ ကားလမ်းတွေကို ဖျက်ဆီးပစ်လာခဲ့တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားဖက်က ပေါက်ကွဲသံတွေကို တုံ့ပြန်တဲ့ အနေနဲ့ တောင်ကိုရီးယားကလည်း သေနတ်တွေ သတိပေး ပစ်ဖောက်ခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားက တောင်ကိုရီးယား စေလွှတ်တဲ့ ဒရုန်းတွေဟာ နိုင်ငံလေပိုင်နက်ကို ကျူးကျော်ခဲ့တယ်လို့ စွပ်စွဲပြီး နောက်ဆက်တွဲ အခြေအနေ တင်းမာမှုတွေ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျောင်က နောက်ထပ် တောင်ကိုရီးယား ဒရုန်းတွေ နယ်ကျော်လာရင် စစ်ကြေညာတယ်လို့ ယူဆရလိမ့်မယ်လို့တောင် ခြိမ်းခြောက်ထားပါတယ်။

တောင်ကိုရီးယား စစ်တပ်ကတော့ အဲဒီဒရုန်းတွေဟာ မြောက်ကိုရီးယား ဆန့်ကျင်ရေး ဝါဒဖြန့် လက်ကမ်းစာစောင်တွေကို ကြဲချဖို့အတွက် တောင်ကိုရီးယား အရပ်ဖက် အဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေက စေလွှတ်တာသာဖြစ်ပြီး သူတို့နဲ့ တိုက်ရိုက် ဆက်နွှယ်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ ပြီးတော့ မြောက်ကိုရီးယားကသာ တောင်ကိုရီးယား အရပ်သား ပြည်သူတွေရဲ့ လုံခြုံရေးကို ထိပါးခြိမ်းခြောက်လာရင် ငြိမ်ခံနေမှာ မဟုတ်ဘူးလို့လည်း တောင်ကိုရီးယားက သတိပေးထားပါတယ်။

တောင်ကိုရီးယား နယ်စပ်ဆီ ဆက်သွယ် ဖောက်လုပ်ထားတဲ့ ရထားလမ်း၊ ကားလမ်းတွေကို ဖျက်ဆီးပစ်တယ် ဆိုတာက မြောက်ကိုရီးယားဟာ တောင်ပိုင်း အိမ်နီးချင်း နိုင်ငံကို အဓိက ရန်သူအဖြစ် အတိအလင်း သတ်မှတ်ပြီး ဆက်ဆံမှုအားလုံး ဖြတ်တောက်တယ်ဆိုတဲ့ သဘောတရားကို သွယ်ဝိုက် ပြသခြင်းလည်း ဖြစ်ပါတယ်။

တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံဟာ ၁၉၅၀ ကနေ ၁၉၅၃ ခုနှစ်ထိ ဖြစ်ပွားခဲ့တဲ့ ကျွန်းဆွယ် စစ်ပွဲအပြီးမှာ အပစ်အခတ် ရပ်စဲထားပေမယ့် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုထားခြင်း မရှိတာကြောင့် လက်ရှိ အချိန်ထိ စစ်မက် ဖြစ်ပွားနေဆဲလို့ သတ်မှတ် ယူဆနိုင်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေ ကတည်းက မြောက်ကိုရီးယားဟာ နယ်စပ် တဝိုက်မှာ တင့်ကား အတားအဆီးတွေ တိုးမြှင့် ချထားတာ၊ မိုင်းတွေ ချဲ့ထွင်ပြီး ထောင်နေတာ၊ လုံခြုံရေး အစီအမံတွေ ပိုမိုတင်းကျပ်တာတွေ လုပ်ဆောင်နေခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောကြားထားပါတယ်။

ကိုးကား: Sky

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေကြီးရာကနေ မြောက်ကိုရီးယားဖက်ကနေ မျောပါလာတယ်လို့ ယုံကြည်ရတဲ့ မြေမြှုပ်မိုင်းတွေကို တောင်ကိုရီးယားက လိုက်လံ သိမ်းဆည်း ဖယ်ရှားနေရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ရှစ်လေးလုံးအရေးတော်ပုံ (၃၈) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဒီကနေ့(သြဂုတ် ၇)မှာ တောင်ကိုရီးယား-အာဆီယံစင်တာနဲ့ အာဆီယံသံရုံးအပါအဝင် နေရာ ၁၂ ခုမှာ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ​ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး (၃၈)နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့အကြို လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အခုနှစ် နွေရာသီမှာ လွန်လွန်ကဲကဲ ပူပြင်းမှုတွေကြောင့် သေဆုံးသူ ၁၉ ဦးထိ ရှိလာကြောင်း တောင်ကိုရီးယား အစိုးရက ထုတ်ပြန်ပါတယ်။