Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကာကွယ်ဆေးက ကိုဗစ်အပြင် နောက်ဆက်တွဲ သေဆုံးမှုတွေကိုပါ လျှော့ချနိုင်ကြောင်း အတည်ပြု

ကာကွယ်ဆေး ထိုးနှံခြင်းက ကိုဗစ် ရောဂါကြောင့်ရော၊ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကြောင့်ပါ သေဆုံးနိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ကြောင်း သုတေသီတွေက ပြောကြားခဲ့ပါတယ်။

အမေရိကန်နဲ့ နိုင်ငံတချို့က ပညာရှင်တွေ ပူးပေါင်းပြီး ကာကွယ်ဆေး ထိုးနှံထားသူတွေ နောက်ဆက်တွဲ ကိုဗစ်ရောဂါ ဖြစ်ပွားနိုင်ခြေနဲ့ ဆက်စပ် သက်ရောက်မှုတွေကို လေ့လာခဲ့ကြပါတယ်။ အဲဒီ သုတေသီ အဖွဲ့ဟာ Pfizer၊ Modernaနဲ့ Janssen ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ကာကွယ်ဆေး သုံးမျိုးရဲ့ နောက်ဆက်တွဲ အခြေအနေတွေကို စစ်တမ်းပြုစုခဲ့ကြတာ ဖြစ်ပါတယ်။

လေ့လာမှုတွေအရ အမေရိကန်မှာ လတ်တလော အသုံးပြုခွင့် ပေးထားတဲ့ ကာကွယ်ဆေး သုံးမျိုးစလုံးဟာ ကိုဗစ်ကြောင့် သေဆုံးနိုင်ခြေကို ရာခိုင်နှုန်း မြင့်မြင့်မားမား ဟန့်တားပေးနိုင်တဲ့အပြင် ကိုဗစ်နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကြောင့် ဖြစ်လာနိုင်တဲ့ အသေအပျောက် ကိန်းဂဏန်းကိုပါ လျော့ကျစေနိုင်ကြောင်း အမေရိကန် ရောဂါ ထိန်းချုပ်ကာကွယ်ရေးဌာန (CDC)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခု စမ်းသပ်လေ့လာမှုမှာ ကာကွယ်ဆေးရဲ့ အာနိသင် ထိရောက်မှုအပြင် ဘေးအန္တရာယ် ကင်းရှင်းမှုကိုပါ တစ်ပါတည်း ဆန်းစစ်ခဲ့ကြောင်း တောင်ပိုင်း ကယ်လီဖိုးနီးယား၊ သုတေသနနဲ့ ဆန်းစစ်မှုဌာနက ဦးဆောင် သုတေသီ တစ်ဦးဖြစ်တဲ့ စတန်လေဇူက ပြောပါတယ်။

ကနဦး ကာလတွေက ကာကွယ်ဆေးရဲ့ အာနိသင်အပေါ် သံသယတွေ များပြားခဲ့ပေမယ့် ကာကွယ်ဆေးဟာ ကိုဗစ်ရောဂါ ကူးစက်နိုင်ခြေ၊ အပြင်းအထန် ဖျားနာနိုင်ခြေနဲ့ သေဆုံးနိုင်ခြေတွေကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်တယ်ဆိုတဲ့ သိပ္ပံနည်းကျ အချက်အလက်တွေ အများအပြား တွေ့ရှိလာပြီလို့လည်း သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သုတေသီ အဖွဲ့ဟာ အမေရိကန်မှာ ကိုဗစ် ကာကွယ်ဆေး ထိုးနှံထားသူ ၆.၄ သန်းကျော်နဲ့ တုပ်ကွေး ကာကွယ်ဆေးထိုးပြီး ကိုဗစ် ကာကွယ်ဆေး မထိုးထားသူ ၄.၆ သန်းကျော်ရဲ့ အချက်အလက်တွေကို နှိုင်းယှဉ် လေ့လာခဲ့တာ ဖြစ်ပါတယ်။

ကာကွယ်ဆေး ထိုးထားသူတွေမှာ ရောဂါကြောင့် သေဆုံးသူ အချိုးအစား အရမ်းနည်းသွားခြင်းက ရေရှည် တည်တံ့နေမယ့် ကျန်းမာရေးဆိုင်ရာ ရွေးချယ်မှုတစ်ခုအဖြစ် ပီပြင်လာစေတယ်လို့ ဇူက ပြောပါတယ်။ လတ်တလောမှာတော့ အမေရိကန်မှာ အသက် ၁၂ နှစ်အထက် အရွယ်တွေကို ကာကွယ်ဆေး ထိုးနှံပေးနေပြီး မကြာခင် အသက် ၅ နှစ်အထက် ကလေးတွေကိုပါ ဆေးထိုးပေးဖို့ စီစဉ်နေကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာပေါ်မှာ ကလေးဦးရေ ၁၄ သန်းကျော်ဟာ ဘာကာကွယ်ဆေး တစ်မျိုးမှ မထိုးဖူးတဲ့ အခြေအနေမျိုး ကြုံတွေ့ခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန် ကျန်းမာရေးဝန်ကြီး ရောဘတ် အက်ဖ် ကနေဒီ ဂျူနီယာဟာ အစိုးရရဲ့ ကာကွယ်ဆေး ထိုးနှံမှုတွေကို စိစစ် အတည်ပြုပေးရတဲ့ ကော်မတီ တစ်ခုလုံးကို အလုပ်ထုတ်ပစ်ခဲ့ပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။