Connect with us

Hi, what are you looking for?

သတင်း

မူဆယ်မြို့အနီးစစ်ကောင်စီနှင့် MNDAA တိုက်ပွဲဖြစ်

နှစ်လ​ကျော်အတွင်းMNDAA ကပထအဆုံးအကြိမ်ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်

MNDAA ကလားရှိူးစစ်တပ်၏ ရမခကို သိမ်းယူပြီး​နောက် ဆိုင်းဘုတ်​ရှေ့တွင် ​အောင်ပွဲခံစဥ်။ ဓါတ်ပုံ-MNDAA

လူအေး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့အနီးတွင်စစ်ကောင်စီ နှင့် MNDAA ​အောက်တိုဘာ ၁၅ ရက်ညတွင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဒေသခံများကပြောသည်။

မူဆယ်မြို့နမ့်ခုမ်ရွာအနီးတွင် အောက်တိုဘာလ ၁၅ ရက်ည ၆နာရီခန့်မှစတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အရပ်သားနေအိမ်အချို့ ထိခိုက်ပျက်စီးမှုမှုရှိကြောင်း သိရသည်။ သို့​သော် ယ​နေ့ ​(အောက်တိုဘာ ၁၆ ရက်)တွင်မူ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ငြိမ်သက်​နေ​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

“MNDAA လည်း မူဆယ်နားမှာ ရှိနေတယ်။ တိုက်ပွဲက ဖြစ်တော့မှာလို့ သတင်းတွေထွက်နေတာကြာပြီ။ဒီကြားထဲမှာပစ်ခတ်မှုတချို့လည်းဖြစ်ခဲ့တယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့အကြီးအကျယ်မဟုတ်ဘူး။ ညကတော့ စစ်ကောင်စီဘက်ကနေ လက်နက်ကြီးတွေပါပစ်တာ” ဟု မူဆယ်မြို့ခံတဦးကပြောသည်။

နမ့်ခုမ်ရွာသည် မူဆယ်မြို့နှင့် သုံးမိုင်ခန့်အကွာ၌ရှိသည်။ ယမန်နေ့ညက တိုက်ပွဲအတွင်း ဒေသခံတစ်ဦး၏ နေအိမ်တစ်လုံးသည် စစ်ကောင်စီပစ်ခတ်သည့်လက်နက်ကြီးထိမှန်ပြီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

MNDAA က သြဂုတ် ၃ ရင်တွင် လားရှိုးမြို့နှင့် စစ်တပ်၏ အ​ရှေ့​မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို အပြီးသတ်သိမ်းပိုက်ပြီး​နောက်ပိုင်း စစ်​ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းမရှိဘဲ စစ်​ကောင်စီကသာ သြဂုတ်လကုန်ပိုင်းမှစ၍ လားရှိုးမြို့ကို ဗုံးများဆက်တိုက်ကြဲ​နေခြင်းဖြစ်သည်။ထို​ကြောင့် MNDAA က နှစ်လ​ကျော်အတွင်း စစ်​ကောင်စီကိုပထမဆုံးအကြိမ် ပြန်လည်တိုက်ခိုက်လာခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲနှင့်ပတ်သက်၍ MNDAA က သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

စစ်ကောင်စီအားထောက်ခံသည့် ဝါဒဖြန့်ချိရေးတယ်လီဂရမ်စာမျက်နှာများတွင် MNDAAက ထိုးစစ်ဆင်လာပြီ ၁‌‌၀၅မိုင်ကုန်သယ်ရေးဇုန်သွားလမ်းကို ဖြတ်တောက်ရန် ကြိုးစားခြင်းဖြစ်သည်ဟု ရေးသားဝါဒဖြန့်နေကြသည်။ ထိုအပြင် MNDAA သည် မူဆယ်ကို တိုက်ခိုက်ရန် တိုက်ပွဲစတင်လိုက်ခြင်းဖြစ်ပြီး ပြန်လည်ဆုတ်ခွာသွားခြင်းမရှိသေးကြောင်း ရေးသားထားကြသည်။

မူဆယ်မြို့သည် တရုတ်နိုင်ငံနှင့်နယ်စပ် အဓိကကုန်သွယ်ရေးမြို့ဖြစ်သည်။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က တိုက်ခိုက်ရန်ပြင်ဆင်နေစဉ် တရုတ်၏ ကြားဝင်ညှိနှိုင်းမှုဖြင့် အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးခဲ့ရသည်။အပစ်ရပ်လက်မှတ်မထိုးခင် မူဆယ်မြို့ကို မတိုက်ခိုက်ရသေးသော်လည်း မူဆယ်အနီး ‌၁၀၅မိုင်ကုန်သွယ်ရေးဇုန်ကို မဟာမိတ်ညီနောင်များက သိမ်းယူခဲ့သည်။ လက်ရှိတွင် ၁၀၅မိုင်ကုန်သွယ်ရေးဇုန်ကို အာရက္ခတပ်တော်(AA)က ထိန်းချုပ်ထားသည်။

အာဏာသိမ်း​ခေါင်း​ဆောင်က တိုင်းရင်းသားလက်နက်ကိုင်များသိမ်းဆည်းသွားပြီး ဆုံးရှုံးနယ်​မြေများကို သင့်​တော်သလိုတုံ့ပြန်မည်ဟု စက်တင်ဘာလဆန်းတွင် ​ပြောပြီး​နောက်စစ်တပ်က လားရှိုးမြို့ကိုဆက်တိုက်ဗုံးကြဲခဲ့သည်။ MNDAA ကစစ်တပ်ကအရပ်သားများကိုပါမ​ရှောင် ဗုံးကြဲအကြမ်းဖက်မှုသည် ငြိမ်းချမ်း​ရေးကိုထိခိုက်​စေပြီး MNDAAက ​တောင်ကြီးနှင့် မန္တ​လေးကိုထိုးစစ်ဆင်တိုက်ခိုက်မည်မဟုတ်​သော်လည်း ကိုယ့်ကိုယ်ကို ခုခံကာကွယ်ခွင့်ကို အပြည့်အဝ ကျင့်သုံးမည်ဟု​ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။