Connect with us

Hi, what are you looking for?

သတင်း

မိုးမောက် – ဗန်းမော်ကြား (၇)မိုင်အောင်မြေရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ကချင်ပြည်နယ် မိုးမောက်နှင့် ဗန်းမော်မြို့နယ် ကြားရှိ ၇မိုင်အောင်မြေကျေးရွာကို စစ်ကောင်စီက ယနေ့ ညပိုင်းတွင် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ ညသန်းခေါင်တွင် လိုင်ဇာမြို့အနီး လမိုင်ယာန်ကျေးရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - The Kachin Net

ထားမြတ်/People’s Spring

ကချင်ပြည်နယ် မိုးမောက်နှင့် ဗန်းမော်မြို့နယ် ကြားရှိ ၇မိုင်အောင်မြေကျေးရွာကို စစ်ကောင်စီက ယနေ့ ညပိုင်းတွင် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

အောက်တိုဘာ ၁၉ရက်ညနေ ၆နာရီ ၄၅မိနစ်နှင့် ၅၄ မိနစ်ခန့်တွင် ၇မိုင် အောင်မြေကျေးရွာအနီး တိုက်လေယာဉ်ဖြင့် ၂ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု စစ်ရေး၊နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က ပြောသည်။

Public Service Announcement

Public Service Announcement

“အဲဒီကြားမှာ ဗန်းမော်ဘက်က စစ်ကောင်စီက ပြန်ထိုးစစ်ဆင်လာတာ။ သူကပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ရက်နေ့မှာ KIA ဘက်က တိုက်ခိုက်သိမ်းယူထားတဲ့ မိုးမောက်မြို့နယ်မှာရှိတဲ့ ခမရ(၄၃၇)ကို အရပြန်ယူဖို့ ကြိုးစားနေတာ။ ဗန်းမော်ဘက်က စစ်ကောင်စီကအင်အားဖြည့်လာတယ်။ ဒီဘက်ကလည်း ပြန်ပိတ်ထားတယ်။ အဲဒီကြားထဲ တိုက်လိုက်နားလိုက်နဲ့ အခုရက်ပိုင်းအတွင်း အဲဒီလို ဖြစ်နေတာ”ဟု ဦးဇော်ဆန်က ပြောသည်။

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွင် လည်း မိုးမောက်မြို့နယ်ဘက် ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်များအနက် ၇မိုင်ဘက်တွင် တိုက်ခိုက်ခံရပြီး ဒုတပ်ရင်းမှူးနှင့် အရာရှိ စစ်သည်များ သေဆုံးခဲ့ဟု အသိပေးထားသည်။

ထို့ပြင် စစ်ကောင်စီက KIA နှင့် MNDAA ကိုးကန့်တပ်ရှိရာနယ်မြေများအား လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာနိုင်ကြောင်း ၎င်းက သုံးသပ်သည်။

ယမန်နေ့ ညသန်းခေါင်တွင် လိုင်ဇာမြို့အနီး လမိုင်ယာန်ကျေးရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – The Kachin Net

“အခုရက်ပိုင်းအတွင်းမှာလောက်ကိုင်၊မိုင်ဂျာယန် ၊ လိုင်ဇာ ဒီသုံးနေရာကို စစ်ကောင်စီက ရမ်းသမ်းဗုံးကြဲတိုက်ခိုက်လာရင်တော့ အရပ်သား ပြည်သူလူထုတွေထိခိုက်သေဆုံးမှုကတော့ပိုမိုများလာနိုင်တဲ့အတွက်ကြောင့်ဒေသခံ ပြည်သူလူထုလည်း သတိအသိရှိဖို့ လိုမယ် ထင်တယ်”ဟု ဦးဇော်ဆန်က ပြောသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ ညသန်းခေါင် တွင် လိုင်ဇာမြို့အနီး လမိုင်ယာန်ကျေးရွာကို လေကြောင်း တိုက်ခိုက်ခဲ့ရာ ဒေသခံ ၂ဦး သေဆုံးခဲ့သည်။ အလားတူ ကိုးကန့်တပ်(MNDAA)သိမ်းထားသည့် လောက်ကိုင်မြို့ကိုလည်း စစ်ကောင်စီက ယမန်နေ့ည သန်းခေါင်ကျော်တွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထို့ပြင် တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထားသည့် နောင်ချိုမြို့နယ်ကို စစ်ကောင်စီက ယနေ့ မနက်အစော လေကြောင်း တိုက်ခိုက်ရာ ကလေးငယ် ၂ဦး အပါအဝင်သုံးဦးသေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီတပ်သည် စစ်ရှုံးနိမ့်နေသည့် အခြေအနေတွင် နိုင်ငံတဝန်း ဒေသအသီးသီးကိုလေကြောင်း တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

Facebook