Connect with us

Hi, what are you looking for?

သတင်း

အနန်းကွင်းဗျူဟာကို KNLA ပူးပေါင်းတပ် ဝိုင်းရံပိတ်ဆို့ထား၊ နေ့စဉ် တိုက်ပွဲငယ်များဖြစ်

တော်လှန်ရေးပူးပေါင်းတပ်က ဒရုန်းဖြင့် စခန်းချေမှုန်းနေ၊ စစ်ကောင်စီက စစ်အင်အားဖြည့်တင်းကာ လက်နက်ကြီးပစ်ခုခံ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)မှ ရဲဘော်တစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - Getty Images

ဟန်နွေ/People’s Spring

ဘုရားသုံးဆူ – သံဖြူဇရပ်လမ်းပေါ်ရှိ စစ်ကောင်စီ၏ အနန်းကွင်းဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်လျက်ရှိရာ စခန်းကို ၀ိုင်းရံပိတ်ဆို့ထားပြီး တိုက်ပွဲငယ်များ နေ့စဉ်ဖြစ်ပွားနေဟု စခန်းသိမ်းစစ်ဆင်ရေး၌ ပါဝင်သည့် နဂါးနီစစ်ကြောင်းမှ စစ်ကြောင်းမှူး ကိုဟိန်းက ပြောသည်။

အဆိုပါ စစ်ကောင်စီဗျူဟာကို KNLA ဦးဆောင်သည့် မဟာမိတ်တပ်က ယခုနှစ် နွေရာသီတွင် စတင် ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး စစ်ကောင်စီစစ်ကူတပ်များ အထိနာအောင် တိုက်ခိုက်ထားနိုင်သကဲ့သို့ စခန်းရှိ စစ်ကောင်စီတပ်များလည်း ထိခိုက်မှုရှိသည်ဟု အသိပေးသည်။

“လက်ရှိမှာ အနန်းကွင်းဗျူဟာကတော့ လက်ရှိမှာ KNLA ဦးဆောင်တဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေဟာ စခန်းပတ်ချာလည် ဝိုင်းရံပိတ်ဆို့ထားပါတယ်။ နေ့စဉ် တိုက်ပွဲငယ်ရှိပြီးတော့ တော်လှန်ရေးတပ်တွေဘက်က ဒရုန်းတွေနဲ့ စခန်းကို ချေမှုန်းနေပါတယ်။

Public Service Announcement

Public Service Announcement

ရန်သူအင်အားက ၁၅၀ ဝန်းကျင်ရှိပြီးတော့ ထိခိုက်ဒဏ်ရာရရှိထားတဲ့ လူနာတွေ ၅၀ လောက် စခန်းထဲမှာ ရှိပါတယ်။ အနန်းကွင်းစစ်ဆင်ရေး စတင်တဲ့အချိန်ကစပြီး ကြားထဲမှာ စခန်းကနေ ထွက်ပြေးလာတဲ့ စကစ ရဲဘော်တွေတော့ ရှိပါတယ်။ ဒါကလည်း စစ်ဆင်ရေးပြီးမှ ထုတ်ပြန်ချက်တွေ ရှိလာမှာပါ။ မရှိရင်လည်း မရှိဘူးပေါ့လေ”ဟု စစ်ကြောင်းမှူး ကိုဟိန်းက ပြောသည်။

လက်ရှိ သံဖြူဇရပ် – ဘုရားသုံးဆူ ကားလမ်းမကြီးပေါ်ရှိ တောင်စွန်းစခန်းနှင့် လွတ်ရှမ်း စခန်းများကို တော်လှန်းရေးတပ်များက သိမ်းပိုက်ထားပြီးဖြစ်၍ အနန်းကွင်းဗျူဟာသာ ကျန်တော့သည်ဟု ဆိုသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကမြေပြင်မှ စစ်ကူအင်အားဖြည့်တင်းခဲ့ရာဩဂုတ်အတွင်းက စကခ(၁၉)မှ စစ်ကူတပ်များ ရောက်လာ၍ စခန်းတွင် အင်အားထပ်တိုးလာခြင်းဖြစ်သည်ဟု ဆိုသည်။

ဩဂုတ်လကုန်ပိုင်းက အနန်းကွင်းဗျူဟာစခန်းသို့ စစ်ကူတက်လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ၉ဦးသေဆုံး၊ ၂၄ဦး ဒဏ်ရာရခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်း စစ်ဒေသက အသိပေးထားသည်။

“လက်ရှိမှာတော့ ရေးမြို့နယ်၊ မော့ကနင် (၁၀၆)တပ် နဲ့ သံဖြူဇရပ်မြို့နယ် ၊ အမှတ်(၄) တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း(ဝဲကလီ) ကနေပြီးတော့ ၁၅၅ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေ ပစ်ကူက အမြဲရှိတယ်ပေါ့။ လေကြောင်းဆိုရင် Y-12 နဲ့ပဲ စခန်းအတွက် လိုတဲ့ ခဲယမ်း၊ ရိက္ခာတွေ ခဏခဏ လာချပေးတယ်” ဟု စစ်ကြောင်းမှူး ကိုဟိန်းက ပြောပြသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်မှ ထိခိုက်ကျဆုံးမှုရှိပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်မှု နေတိုင်းနီးပါးရှိသည်ဟု ဆိုသည်။

“စစ်ဆင်ရေးမပြီးဆုံးသေးလို့ ကျွန်တော်တို့ မထုတ်ပြန်သေးတာပါ။ ဒီ အနန်းကွင်းဗျူဟာစခန်းပြီးရင် ဒီဘက် ကြာအင်းဆိပ်ကြီး နဲ့ ဘုရားသုံးဆူနယ်မြေက စစ်ကောင်စီ ကင်းစင်နယ်မြေ ဖြစ်လာတော့မှာပေါ့နော်။ ဒါကြောင့် စစ်ကောင်စီဘက်ကလည်း စခန်းမကျရေးကို နည်းမျိုးစုံနဲ့ လုပ်နေတာပေါ့။ ကျွန်တော်တို့ တော်လှန်ရေးတပ်တွေအနေနဲ့ KNLA ဦးဆောင်မှုနဲ့အတူ စခန်းရရှိရေးကို အပြီးသတ် တိုက်ပွဲဝင်သွားမှာပါ”ဟု စစ်ကြောင်းမှူး ကိုဟိန်းက ပြောပြသည်။

ဆက်စပ်သတင်းများ

သတင်း

အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ထိခိုက်

သတင်း

ခမရ(၅၅၇)တပ်သား ၂ဦး လက်နက် ၃လက်ယူလာပြီး အလင်းဝင်လာ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အချို့သော ဖျော်ဖြေရေးလုပ်ငန်းတွေ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ မဟုတ်မမှန် ဖော်ပြချက်တွေကို ပြင်းထန်စွာရှုတ်ချကြောင်း KNUက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။