Connect with us

Hi, what are you looking for?

သတင်း

ခေါပုတ်စခန်းမှ ထွက်ပြေးနေသည့် စစ်ကောင်စီတပ်သား ၂၀ကျော်ရှိနိုင်ပြီး ဖာပွန်ဗျူဟာ စခန်းသို့ ပူပေါင်းနိုင်ရေး ကြိုးပမ်းနေ

လေကြောင်း ပစ်ကူပေး ခုခံခဲ့သော်လည်း KNLA တပ်မဟာ(၅) ပူးပေါင်းတပ်က ခေါပုတ်စခန်းကို အောက်တိုဘာ ၂၉ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။

(ဖာပွန်ခရိုင်အတွင်းရှိစစ်ကောင်စီ၏ခေါပုတ်စခန်းသိမ်းတိုက်ပွဲမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - CJ)
(ဖာပွန်ခရိုင်အတွင်းရှိစစ်ကောင်စီ၏ခေါပုတ်စခန်းသိမ်းတိုက်ပွဲမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - CJ)

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် ခေါပုတ်စခန်းအား စွန့်ခွာ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သား ၂၀ ကျော် ကျန်ရှိနိုင်ကြောင်း KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဦး​ဆောင်​သော ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် အောက်တိုဘာ ၂၉ရက် တွင် ထွက်ပြေးသွားခြင်းဖြစ်ပြီး ဖာပွန်ဗျူဟာစခန်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေး ကြိုးပမ်းနေသည်ဟုစစ်မြေပြင်တာဝန်ရှိသူများအား ကိုးကားပြီးဗိုလ်မှူးကြီး စောကလယ်ဒိုက​ပြောသည်။

(ဖာပွန်ခရိုင်အတွင်းရှိစစ်ကောင်စီ၏ခေါပုတ်စခန်းသိမ်းတိုက်ပွဲမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - CJ)
(ဖာပွန်ခရိုင်အတွင်းရှိစစ်ကောင်စီ၏ခေါပုတ်စခန်းသိမ်းတိုက်ပွဲမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – CJ)

“အခုထက်ထိတော့ သူပြန်ဝင်လို့မရသေးဘူး။ တောထဲမှာပဲ လှည့်နေသေးတယ်။ ဒီဘက်ကလည်း လိုက်ပြီးတော့ ရှာနေကြတာပေါ့နော်။ သူဘယ်လမ်းသွားမလဲဆိုတာ လိုက်ပြီးတော့စောင့်နေကြတာရှိတယ်။ အခုကတော့ သူ့ဗျူဟာစခန်းအတွင်းကို ပြန်ဝင်လို့မရသေးဘူး” ဟု ဗိုလ်မှူးကြီး စောကလယ်ဒိုက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်သားများ ဖာပွန် ဗျူဟာသို့ ပြန်လည်ပူးပေါင်းနိုင်ရေး ခက်ခဲမည်ဟု၎င်းကဆိုသည်။

“သူတို့အင်အားကလည်း အခုလောက်ဆို သိပ်ပြီး မကျန်တော့ဘူးလေ။ တိုက်ပွဲထဲမှာ ကျတာတို့ ဘာတို့ အဲဒီလိုမျိုးဖြစ်နေတဲ့အပေါ်မှာလူအင်အား ဒီလောက်မရှိတော့ပါဘူး။ ခုန ရှေ့တန်းမှာရှိတဲ့ တာဝန်ရှိတဲ့သူတစ်ယောက်ကိုမေးကြည့်တော့ သူတို့ ခန့်မှန်းတာ ၂၀ ကျော်ကျော်လောက်ပဲ ကျန်အုံးမယ်လို့တော့ သူတို့ အဲဒီလိုပဲ ခန့်မှန်းတာပေါ့နော်” ဟု ဗိုလ်မှူးကြီး စောကလယ်ဒိုက ရှင်းပြသည်။

ခေါပုတ်စခန်းသိမ်းတိုက်ပွဲမှ စစ်ကောင်စီတပ်၏ လက်နက်ကြီး လက်နက်ငယ်များစွာ ရရှိသော်လည်း အရေအတွက် ကိုတရားဝင် သတင်း​ပေးပို့အကြောင်းကြားမှု မရသေးဟု သိရသည်။

“လက်နက်ခဲယမ်းတော့ တော်တော်လေးတော့ ရတယ်။ ဒါပေမဲ့ စာရင်းဇယား ပြုစုပြီးတော့ တရားဝင်အနေနဲ့ ကြေးနန်းနဲ့ တင်တာ မရှိသေးဘူး။ ရတော့ ရတယ် သူတို့ ပြောတာက။ဒီဘက်ကနေ တအားပစ်တဲ့အခါ သူတို့ကလည်း မခံနိုင်လို့ ဒီလို ထားပြီး ပြေးတဲ့ ပုံစံမျိုး ထားပစ်ခဲ့ပြီးတော့ ပြေးတာပေါ့။သူတို့လည်းသယ်လို့ မနိုင်တော့ဘူးလေ။ သူတို့ကလည်း နိုင်သလောက်ပဲသယ်မှာပေါ့။ “ ဟု ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောသည်။

စစ်ရေးတွင် ရှုံးနိမ့်သည့် စစ်ကောင်စီတပ်သည် အောက်တိုဘာ ၃၀ရက် မွန်းလွဲ ၃နာရီခန့်တွင် ဖာပွန်ခရိုင်(မူတြော်ခရိုင်) ရှိ ထီးဂေါ်ထာကျေးရွာအတွင်းသို့ ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အိမ်(၃)လုံးနှင့် ကျောင်းသူ/သားအဆောင်တစ်လုံးထိခိုက်ပျက်စီးသွားခဲ့ဟု KNU တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

(ဖာပွန်ခရိုင်အတွင်းရှိစစ်ကောင်စီ၏ခေါပုတ်စခန်းသိမ်းတိုက်ပွဲမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - CJ)
(ဖာပွန်ခရိုင်အတွင်းရှိစစ်ကောင်စီ၏ခေါပုတ်စခန်းသိမ်းတိုက်ပွဲမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – CJ)

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၂၅ရက်ကလည်းဖာပွန်ခရိုင်ရှိ ဆောဘွဲဒဲကျေးရွာအတွင်းသို့ တိုက်လေယာဥ်ဖြင့် ဗုံးဆံ(၃)လုံးကြဲချခဲ့ရာ၌ခရစ္စယာန်ဘုရားရှိခိုးကျောင်းဆောင်တစ်လုံးနှင့် အိမ်(၃)လုံး ထိခိုက်ပျက်စီးသွားခဲ့သည်ဟု ထုတ်ပြန်သည်။

အောက်တိုဘာ ၂၆ရက်ကလည်း တိုက်ပွဲဖြစ်ပွားရာ ခေါပုတ်ဒေသသို့ စစ်ကောင်စီက Y-12 လောယာဉ်ဖြင့် ဗုံးစံအလုံး ၄၀ ခန့် လာရောက်ကြဲချ တိုက်ခိုက်ခဲ့သည်။ အောက်တိုဘာ ၂၅ရက်ကလည်း ခေါပုတ် စခန်းအနီးသို့ တိုက်လေယာဉ်၊ Y12 လေယာဉ်တို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုသို့ လေကြောင်း ပစ်ကူပေး ခုခံခဲ့သော်လည်း KNLA တပ်မဟာ(၅) ပူးပေါင်းတပ်က ခေါပုတ်စခန်းကို အောက်တိုဘာ ၂၉ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။