Connect with us

Hi, what are you looking for?

News

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ အဖမ်းခံရ

စစ်ကောင်စီအနေနဲ့ ဖမ်းဆီးမှုနောက်ပိုင်းဖြစ်ပေါ်လာတဲ့အခြေအနေ အားလုံးကို တာဝန်ယူဖြေရှင်းရမယ်လို့လည်း မနီလာသိမ်းက ဖေ့ဘွတ်ခ်မှာပြောထားပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဂျင်မီကို စစ်ကောင်စီက မနေ့က အောက်တိုဘာလ ၂၃ ရက် ညပိုင်း မြောက်ဒဂုံမှာ ဖမ်းဆီသွားတယ်လို့ သူရဲ့အမျိုးသမီး မနီလာသိမ်းက ဖေ့ဘွတ်ခ်မှာရေးသားထားပါတယ်။

ကိုဂျင်မီရဲ့အသက်အန္တရာယ်အတွက် စိုးရိမ်တယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီအနေနဲ့ ဖမ်းဆီးမှုနောက်ပိုင်းဖြစ်ပေါ်လာတဲ့အခြေအနေ အားလုံးကို တာဝန်ယူဖြေရှင်းရမယ်လို့လည်း မနီလာသိမ်းက ဖေ့ဘွတ်ခ်မှာပြောထားပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းတာကို ဆန့်ကျင်သူတွေထဲ အလိုရှိသူတွေရဲ့စာရင်းကို လိုက်လံကပ်ထားရာမှာ အဲဒီစာရင်းထဲမှာ ကိုဂျင်မီလည်းပါဝင်နေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ကဗျာ

သူ့အကြောင်း တွေးမိရင်ကို ပေါ်လာတဲ့ ဝိသေသတွေက ထင်းခနဲပဲ။သူက နိုင်ငံရေးမှာ ပါတီကို အာရုံမကျဘူး။မတရားမှုမှန်သမျှကို ခါးခါးသီးသီးမုန်းတယ်၊ တွန်းလှန်တယ်၊တရားတာကို မြတ်နိုးတယ်။တရားတဲ့သူသာ နိုင်ကြေးဟေ့ဆိုတာ သူ့အဘိဓမ္မာဘဲ။သူက ဘယ်တုန်းကမှ တစ်ကိုယ်ကောင်း မဆန်ခဲ့ဘူး။ရဲဘော်ရဲဘက်စိတ် အပြည့်နဲ့လူ။လိုအပ်နေတဲ့သူတွေကို ကူညီပေးရမယ်ဆိုတာ သူ့နိုင်ငံရေးပဲ။သူ နိုင်သလောက် ကူတယ်၊ကူနိုင်တဲ့သူတွေကိုလည်း ကူကြဖို့ တွန်းအားပေးတယ်။အဲ့ဒါ သူ့ဗီဇ။ကျွန်တော်အရမ်းကြိုက်ပြီး...

သတင်း

စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရရဲ့တရားလက်လွတ် ကြိုးပေးသတ်ဖြတ်မှုကြောင့်ချင်းတိုင်းရင်းသားကျောင်းသားခေါင်းဆောင်ဆလိုင်းတင်မောင်ဦးကျဆုံးခဲ့တာဟာဒီနေ့ဆိုရင် နှစ် ၅၀ တင်းတင်းပြည့်ခဲ့ပြီလို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

သတင်း

ယ‌နေ့ (ဒီဇင်ဘာ ၆ရက်) နံနက် ၆နာရီခွဲတွင် ရန်ကုန်မြို့နေအိမ်၌ နှလုံးအမောဖောက်၍ ကွယ်လွန်သွားခြင်းဟု ကိုမြတ်စံ၏ မိတ်ဆွေတစ်ဦးက ပြောသည်။

သတင်း

"ငါတို့အားလုံးကိုဂျင်မီ၊ ငါတို့အားလုံးဖြိုးဇေယျာသော်၊ ငါတို့အားလုံးအောင်သူရဇော်၊ ငါတို့အားလုံးလှမျိုးအောင်" စတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်သပိတ်မှောက်ခဲ့ပါတယ်။