Connect with us

Hi, what are you looking for?

သတင်း

ဗိုလ်မှူးနှစ်ဦးအပါအဝင် CDMပြုလုပ်လာသည့် အရာရှိစစ်သည် ၆၀ကျော်ကို ပကဖနှင့် YDF စောင့်ရှောက်ထား

CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်သား ၆၁ ဦးသည် လက်နက်မျိုးစုံ ၁၈လက်နှင့် ခဲယမ်းများ ယူဆောင်လာကြောင်း NUG ကာကွယ်ရေးက ထုတ်ပြန်သည်။

(အလင်းဝင်လာသော စစ်ကောင်စီတပ်မှ အရာရှိစစ်သည်များအား တွေ့ရစဉ်။ ဓာတ်ပုံ - File)
(အလင်းဝင်လာသော စစ်ကောင်စီတပ်မှ အရာရှိစစ်သည်များအား တွေ့ရစဉ်။ ဓာတ်ပုံ - File)

▪️ပြည်သူ့အာဏာမတရား ရယူထားသည့် စစ်ကောင်စီလက်အောက်မှ ရုန်းထွက်ကြန် CDM အရာရှိများ တိုက်တွန်း

ထားမြတ်/People’s Spring

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တာဝန်ကျနေသည့် စစ်ကောင်စီတပ် စစ်ကြောင်း နှစ်ခုမှ အရာရှိစစ်သည် ၆၁ဦး CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ရာ ၎င်းတို့အား အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် ယောဒေသကာကွယ်ရေးတပ်(YDF)တို့က ပူးပေါင်း စောင့်ရှောက်ထားကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်အသိပေးထားသည်။

ဗိုလ်မှူးအောင်မျိုးသွင် ဦးစီးပြီး အရာရှိ သုံးဦး အခြားအဆင့် ၃၁ဦး၊ ရဲမေ တစ်ဦးစုစုပေါင်း အင်အား ၃၁ဦးပါ စစ်ကြောင်းနှင့် ဗိုလ်မှူး အောင်ကိုထွေး ဦးစီးပြီး အရာရှိ သုံးဦး နှင့် အခြားစစ်သည် စုစုပေါင်း ၂၆ ဦးပါစစ်ကြောင်းသည် ပလက်၀ဒေသ ရပ်မိ၊ရပ်ဖများ၏ ချိတ်ဆက်ပေးမှုဖြင့် ၂၀၂၄ ဇန်နဝါရီ ၁၀ရက်တွင် CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင် ခိုလှုံလာခြင်းဖြစ်သည်ဟု ဆိုသည်။

ပလက်၀ဒေသရှိ ရပ်မိ၊ ရပ်ဖများ၏ချိတ်ဆက် ဆောင်ရွက်ပေးမှုဖြင့် ပလက်၀ CDFမှ တဆင့် ယောကာကွယ်ရေးတပ်(YDF)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် ချိတ်ဆက်ပြီးပြည်သူ့ရင်ခွင်ခိုလှုံလာခြင်းဖြစ်ကြောင်း ရှင်းပြသည်။

Public Service Announcement

Public Service Announcement

“အဓိကတော့ ဝင်ရောက်လာရတဲ့အကြောင်းအရင်းကတော့ စစ်ကောင်စီ အနေနဲ့ ပြည်သူရဲ့အာဏာကို မတရားရယူခြင်း၊ ပြည်သူကို မတရားညှင်းပန်းနှိပ်စက်ခြင်း၊ ပြည်သူကို တရားသတ်ဖြတ်ခြင်း ဒါတွေကို မြင်တွေ့ကြားနေရတော့ ဒါတွေဟာ ကျနော်တို့အတွက် ဒီ ပြည်သူ့ရင်ခွင့် CDM ဝင်ရောက်ဖို့အတွက် ကျနော်တို့ကိုတိုက်တွန်းနှိုးဆော်ချက်တွေဖြစ်ပေါ်ပါတယ်။ အဲဒါကြောင့် ဒါကို ကျနော် ဦးဆောင်ပြီးတော့ အားလုံးသဘောတူပြီးတော့ ဝင်ရောက်လာခြင်းဖြစ်ပါတယ်”ဟု ဗိုလ်မှူးအောင်မျိုးသွင်က ပြောသည်။

စစ်ကောင်စီက အထက်အောက် ဖိနှိပ်မှု ၊ မတရား ခိုင်းစေမှု၊ မတရားအမိန့်များ ရှိနေပြီး အောက်ခြေ၏ အခက်အခဲများကို အထက်အရာရှိများက မသိကျိုးကျွံ ပြုလုပ်လျက်ရှိသည်ဟုလည်း ဗိုလ်မှူး အောင်မျိုးသွင်နှင့် က ပြောသည်။

ဗိုလ်မှူးအောင်ကိုထွေးကလည်း ၎င်းတို့ စစ်ကြောင်း အနေဖြင့် ဗိုလ်မှူးအောင်မျိုးသွင် နှင့်ချိတ်ဆက်ပြီး နောက်အရာရှိစစ်သည်များဖြင့်တိုင်ပင်ကာ ပလက်၀ CDF ထံဦးစွာရောက်ရှိပြီး YDFကတဆင့် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ရှိ ပကဖ ဒတပ်ဖွဲ့များထံ ပူးပေါင်းလာခြင်းဖြစ်သည်ဟု ပြောပြသည်။

“ပြည်သူကို ရန်သူလိုပြုကျင့်နေတာတွေကို ကြားသိရတဲ့အတွက် အရာရှိတွေ စစ်သည်တွေကိုညှိနှိုင်းတိုင်ပင်ပြီးတော့ အားလုံးရဲ့ဆန္ဒကလည်းပါတာဖြစ်တဲ့အတွက် ကျနော် ဦးဆောင်ပြီး CDM ဝင်ရောက်ခဲ့တာဖြစ်ပါတယ်” ဟုဗိုလ်မှူးအောင်ကိုထွေးက ပြောသည်။

ထိုသို့ CDM ဝင်ရောက်လာမှုအပေါ် ပြည်သူများကလည်း နွေးထွေးစွာ ကြိုဆိုကြကြောင်း၊YDF နှင့် ပကဖ ၊ ပြည်သူများက ဝမ်းပမ်းတသာ ကြိုဆိုကြောင်း၊ စားနပ်ရိက္ခာ အဆင်ပြေကြောင်း ပြောပြသည်။

“ပြည်သူအားလုံးက ကျနော်တို့အပေါ်မှာ မိသားစုလို နွေးထွေးစွာ ကြိုဆိုတာ တွေ့ရပါတယ်။ ကျနော်တို့ ရဲ့ စားသောက်နေထိုင်ရေးမှာလည်း သူတို့ တက်စွမ်းသမျှ လိုလေသေးမရှိအောင် ဆောင်ရွက်ပေးတဲ့အတွက်လည်း ကျနော်တို့အနေနဲ့ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်” ဟု ဗိုလ်မှူး အောင်ကိုထွေးက ပြောသည်။

CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်သား ၆၁ ဦးသည် လက်နက်မျိုးစုံ ၁၈လက်နှင့် ခဲယမ်းများ ယူဆောင်လာကြောင်း NUG ကာကွယ်ရေးက ထုတ်ပြန်သည်။

ယခုကဲ့သို့ ပြည်သူ့ရင်ခွင်ဝင်ရောက်မှုသည် အင်အား အများအပြားဖြင့် ဝင်ရောက်သည့် အခြေအနေဖြစ်ပြီး အကြမ်းဖက်စစ်တပ်အတွင်းစိတ်ဓာတ်ပြိုလဲမှု၊ ပြည်သူ့ဘက်သို့ ကူးပြောင်းလိုသည့် အရာရှိ၊ စစ်သည် အမြောက်အများ စစ်တပ်တွင်းရှိနေမှုတို့ကို ညွှန်ပြလျက်ရှိသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

စစ်ကောင်စီအနေဖြင့် တိုက်ပွဲတိုင်း ရှုံးနေရခြင်းမှာ ပြည်သူလူထု အားပေးထောက်ခံမှု မရခြင်း၊ မတရား အမိန့်ပေးစေခိုင်းခြင်းတို့ကြောင့် ဖြစ်သည်ဟုလည်း CDM အရာရှိ တို့က သုံးသပ်သည်။

စစ်အာဏာရှင်က ပြည်သူ့အာဏာ မတရားသိမ်းပိုက်ခြင်းကြောင့် ပြည်သူပူးပေါင်းပါဝင်မှု မရှိ၍ တိုက်ပွဲတိုင်းရှုံးနေခြင်းဖြစ်သည်ဟု ပြောသည်။

ထို့ပြင် ကျန်ရှိနေသည့် စစ်ကောင်စီ လက်အောက်ခံအရာရှိ စစ်သည်အားလုံးအနေဖြင့်လည်း အမြန်ဆုံး ပြည်သူ့ရင်ခွင်ခိုလှုံကြရန် လည်း CDM အရာရှိတို့က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

အမ်းမြို့နယ်ရှိ အာရက္ခတပ်​တော်(AA)ရဲ့အကျ‌ဉ်းစခန်းကို စစ်ကောင်စီဗုံးကြဲမှုမှာ စစ်သုံ့ပန်းဗိုလ်မှူးချုပ်မြင့်ရွှေအပါအဝင် အရာရှိအများအပြား​သေဆုံးခဲ့ပြီး စစ်တပ်အသိုင်းအဝိုင်းမှာ အကြီးအကျယ်ဂယက်ရိုက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်က အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်ခဲ့တဲ့ ကျောင်းဆရာတစ်ဦး တိုက်ပွဲtတွင်း ကျဆုံးခဲ့တယ်လို့ ကျောက်တံခါးမြို့နယ် ပညာရေးဘုတ်အဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ယောနသံ/People’s Spring လက်နက်မဲ့အရပ်သားပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်ပြီး သူရဲကောင်းတွေလို ဟစ်ကြွေးနေတဲ့ စစ်အုပ်စုဟာ အာရက္ခတပ်တော်(AA)ကိုတော့ အင်မတန်ကြောက်တယ်လို့ သတင်းကြီးပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ AAရဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ ဒူးထောက်အညံ့ခံရတဲ့ ဗိုလ်မှူးချုပ်တွေ၊ ထောင်ချီတဲ့ စစ်သုံ့ပန်းတွေရဲ့ သွင်ပြင်တွေက စစ်အုပ်စုပုံရိပ်ကိုအကြီးအကျယ်အထိနာစေခဲ့ပါတယ်။ အာဏာသိမ်းခေါင်းဆောင်အနေ နဲ့ AAကိုလက်နက်ချဖို့ စစ်သုံ့ပန်းဗိုလ်မှူးချုပ်တချို့က...

သတင်း

အာဏာသိမ်းစစ်တပ်အတွင်းအရာရှိများကအောက်ခြေစစ်သည် အခြား အဆင့်များကို ဖိနှိပ်မှုများ ၊ စစ်သည်များ၏ လစာရိက္ခာများကို ၎င်းတို့အကျိုးအတွက် အသုံးချမှုများစွာရှိနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၌ ဖမ်းဆီးရရှိခဲ့သော စစ်သုံ့ပန်းများဖြစ်သည့် တပ်ကြပ်ကြီးသန်းအောင်နှင့် တပ်သားလွင်ဦးတို့က ထွက်ဆိုသည်။