Connect with us

Hi, what are you looking for?

သတင်း

အမေရိကန် ရွေးကောက်ပွဲမှာ မဲပေးဖို့ ချီကာဂိုရောက် ရိုဟင်ဂျာတွေ တက်တက်ကြွကြွ ပြင်ဆင်နေ

အမေရိကန် နိုင်ငံသားအဖြစ် ခံယူခွင့် ရရှိထားတဲ့ ရိုဟင်ဂျာတွေဟာ လာမယ့် ရွေးကောက်ပွဲမှာ မဲပေးဖို့အတွက် စိတ်အားထက်သန် တက်ကြွနေကြပါတယ်။

(မဲ​ပေးဖို့ပြင်ဆင်​နေတဲ့ အ​မေရီကန်​ရောက် ရိုဟင်ဂျာ​တချို့ ။ဓါတ်ပုံ-Chicago Tribune)
(မဲ​ပေးဖို့ပြင်ဆင်​နေတဲ့ အ​မေရီကန်​ရောက် ရိုဟင်ဂျာ​တချို့ ။ဓါတ်ပုံ-Chicago Tribune)

-People’s Spring

ချီကာဂိုမှာရှိတဲ့ ရိုဟင်ဂျာ အမေရိကန်အသိုက်အဝန်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဝက်စ်ရစ်ဂျစ်မှာရှိတဲ့ ရိုဟင်ဂျာ ယဉ်ကျေးမှု စင်တာမှာ စုဝေးပြီး ရွေးကောက်ပွဲမှာ ပါဝင် မဲပေးရေး ကိစ္စအတွက် တိုင်ပင်ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီ ဆွေးနွေးမှုကို တက်ရောက်ခဲ့သူ အများအပြားဟာ ပထမဆုံးအကြိမ် မဲပေးခွင့် ရလာမယ့်သူတွေ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံသား ခံယူခွင့် ရထားတဲ့ ရိုဟင်ဂျာတွေက ရွေးကောက်ပွဲမှာ မဲပေးခြင်းဟာ ပြည်သူတိုင်း ကျေပြွန်သင့်တဲ့ တာဝန်တစ်ခုအဖြစ် မှတ်ယူထားကြောင်း ပြောပါတယ်။ “ကိုယ့်ဆီက မဲတစ်မဲ မပေးတာဟာ အသံတစ်ခု ဆုံးရှုံးသွားတာပဲလေ”လို့ ၁၉၉၉ ခုနှစ်တုန်းက မြန်မာနိုင်ငံကနေ ထွက်ပြေးလာပြီး ၂၀၁၃ ကတည်းက ချီကာဂိုမှာ နေထိုင်ခဲ့သူ အသက် ၃၇ နှစ်အရွယ် အမ်ရန်ယာကွတ်ဘ်က ပြောပါတယ်။

(မဲ​ပေးဖို့ပြင်ဆင်​နေတဲ့ အ​မေရီကန်​ရောက် ရိုဟင်ဂျာ​တချို့ ။ဓါတ်ပုံ-Chicago Tribune)
(မဲ​ပေးဖို့ပြင်ဆင်​နေတဲ့ အ​မေရီကန်​ရောက် ရိုဟင်ဂျာ​တချို့ ။ဓါတ်ပုံ-Chicago Tribune)

အခုအခါ အမေရိကန် နိုင်ငံသားအဖြစ် ခံယူခွင့် ရထားတဲ့ ယာကွတ်ဘ်ဟာ အမေရိကန်ကို လတ်တလော ရောက်ရှိလာတဲ့ ရိုဟင်ဂျာတွေကို ကူညီပေးနေသလို ပထမဆုံး မဲပေးခွင့်ရမယ့် အမေရိကန် နိုင်ငံသား ရိုဟင်ဂျာတွေကိုလည်း ရွေးကောက်ပွဲမှာ မဲပေးတဲ့ လုပ်ထုံးလုပ်နည်းတွေကို တက်တက်ကြွကြွ ကူညီ ရှင်းပြပေးနေပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံ အနောက်ပိုင်း ဒေသတွေမှာ အဓိကနေထိုင်တဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေကစလို့ နိုင်ငံမဲ့ လူတန်းစားအဖြစ် သတ်မှတ်တာ ခံလာရပြီး အခက်အခဲ ပေါင်းစုံနဲ့ ရုန်းကန်နေခဲ့ရပါတယ်။ အဲဒီထဲက အခြေခံ အခွင့်အရေးတွေ ရရှိဖို့ ကြိုးစားရုန်းကန်ရင်း ပြည်ပကို ထွက်ခွာလာတဲ့ထဲက ရိုဟင်ဂျာ မိသားစုပေါင်း ၈၀၀ ဝန်းကျင်လောက်ဟာ ၂၀၁၂ ကစပြီး ချီကာဂိုမှာ အခြေချလာနိုင်ခဲ့ပါတယ်။

ဘာသာစကား အခက်အခဲတွေ၊ ရင်းနှီးကျွမ်းဝင်မှု မရှိသေးတဲ့ အမေရိကန်က လုပ်ထုံးလုပ်နည်းနဲ့ စနစ်တွေကြောင့် ရိုဟင်ဂျာတွေဟာ အမေရိကန် အစိုးရ ရေးရာတွေနဲ့ မဲပေးမှုတွေကို သိနားလည်ဖို့ ရုန်းကန်ရလေ့ရှိကြောင်း ယာကွတ်ဘ်က ရှင်းပြခဲ့ပါတယ်။

(မဲ​ပေးဖို့ပြင်ဆင်​နေတဲ့ အ​မေရီကန်​ရောက် ရိုဟင်ဂျာ​တချို့ ။ဓါတ်ပုံ-Chicago Tribune)
(မဲ​ပေးဖို့ပြင်ဆင်​နေတဲ့ အ​မေရီကန်​ရောက် ရိုဟင်ဂျာ​တချို့ ။ဓါတ်ပုံ-Chicago Tribune)

ယာကွတ်ဘ်နဲ့ မိသားစုဟာ ထိုင်းနဲ့ မလေးရှား နိုင်ငံတွေမှာ နှစ်တွေ အတော်များများကြာအောင် နိုင်ငံမဲ့ ဒုက္ခသည်တွေအဖြစ် ခိုလှုံခဲ့ရပြီး အဲဒီနောက်မှ အမေရိကန်ကို ရွှေ့ပြောင်းခွင့် ရလာခဲ့တာပါ။ သူ့ရဲ့ ဇာတိမြေမှာ မဲပေးခွင့် ဆိုတာမျိုး ဘယ်တုန်းကမှ မရခဲ့ဖူးဘူးလို့ ယာကွတ်ဘ်က ဆိုပါတယ်။

ချီကာဂိုမှာရှိတဲ့ ရိုဟင်ဂျာ ယဉ်ကျေးမှု စင်တာရဲ့ ဝန်ထမ်းတွေကတော့ ပထမဆုံး မဲပေးခွင့်ရမယ့် ရိုဟင်ဂျာ ၁၁၀ လောက်ကို မဲပေးမှု နည်းလမ်းတွေ သင်ကြားပေးတာ၊ လိုအပ်ရင် ကြိုတင်မဲပေးဖို့အတွက် သက်ဆိုင်ရာ နေရာတွေဆီ ပို့ဆောင်တာတွေ ကူညီပေးနေတယ်လို့ မွတ်ဆလင် အရပ်ဖက် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ရဲ့ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဒီနာ ဟက်ဘဲလ်က ပြောပါတယ်။

သူက အမေရိကန်ရောက် ရိုဟင်ဂျာ အသိုက်အဝန်းရဲ့ မဲပေးဖို့ တက်ကြွနေမှုတွေဟာ တခြားသူတွေဆီကိုပါ အပျော်တွေ ကူးစက်စေခဲ့တယ်လို့လည်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

ကိုးကား- Chicago Tribune

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်းအနီးမှာ ငါးဖမ်းနေကြတဲ့ ဒေသခံရိုဟင်ဂျာငါးဖမ်းစက်လှေ ၂စီးကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်သင်္ဘောတွေက ပစ်ခတ်၊ မီးရှို့ခဲ့ပြီး စက်လှေပေါ်ပါလာသူတွေကို ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ အာရက္ခတပ်တော်(AA)နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီး၊ စစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေကို အသုံးပြုတိုက်ခိုင်းနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေကပြောပါတယ်။

သတင်း

မြန်မာနိုင်ငံမှာရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ဆီကဆုံးဖြတ်ချက်တစ်ခု အောက်တိုဘာလထဲမှာ ထွက်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။