Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး ထပ်မံသေဆုံး

ကျောက်ကြီးမြို့နယ်တွင် ယခု နိုဝင်ဘာလဆန်းပိုင်း၌ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်နေ၍ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်။

(ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ - KNU)
(ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ - KNU)

ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း KNUဗဟိုက ယနေ့(နိုဝင်ဘာ ၈ရက်) သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၆ရက် နံနက်ပိုင်းက စစ်ကောင်စီ၏ ခလရ(၂၆၄) တပ်ရင်းမှ (၁၂၀)မမ လက်နက်ကြီး ငါးလုံး ပစ်ခတ်ခဲ့ရာ ငဖယ်အင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး (၄၇)နှစ်အရွယ် အမျိုးသား တစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် ခရစ်ယာန်ဘုရားရှိခိုးကျောင်း တစ်ကျောင်းထိခိုက်ပျက်စီးခဲ့ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ကျောက်ကြီးမြို့နယ်တွင် KNU အုပ်နယ်နယ်မြေများအတွင်းအရပ်သား ပြည်သူလူထု နေထိုင်ရာများသို့ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများ မကြာခဏ ပြုလုပ်လျက်ရှိရာ အရပ်သားသေဆုံးထိခိုက်မှုများဆက်တိုက်ဖြစ်ပေါ်လျက်ရှိသည်။

ကျောက်ကြီးမြို့နယ်တွင် ယခု နိုဝင်ဘာလဆန်းပိုင်း၌ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်နေ၍ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်။

နိုဝင်ဘာ ၁ရက်က ကျောက်ကြီးမြို့နယ် ရွာကြီးအင်းကျေးရွာတွင် စစ်ကောင်စီတပ် စစ်ကြောင်းအား PDFနှင့် KNLA ပါဝင်သည့် တော်လှန်ရေး ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၁၀ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများစွာရှိခဲ့သည်ဟု PDFတောင်ပိုင်း စစ်ဒေသ ကအသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။