Connect with us

Hi, what are you looking for?

သတင်း

တရုတ် – မြန်မာနယ်စပ် ကန်ဖန့်ရွာသိမ်းပိုက်စဉ် KIAနှင့်ပူးပေါင်းခဲ့သည့် ပြည်သူ့စစ်နှင့် BGFများကို ကြိုဆိုပွဲပြုလုပ်

ကန်ဖန့်ရွာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဟောပြောပွဲနှင့် အလင်းဝင်သူများ ကြိုဆိုပွဲအား ပြုလုပ်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်အချို့က နိုဝင်ဘာ ၈ရက်တွင် လူမှုကွန်ရက်၌ ရုပ်သံမှတ်တမ်းနှင့် အတူ ဖော်ပြသည်။

(ချီဖွေမြို့နယ်၊ ကန်းဖန့်ကျေးရွာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဟောပြောပွဲ နှင့် အလင်းဝင်သူများအား လက်ခံကြိုဆိုပွဲ ကျင်းပနေစဉ်။ ဓာတ်ပုံ- CJ)
(ချီဖွေမြို့နယ်၊ ကန်းဖန့်ကျေးရွာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဟောပြောပွဲ နှင့် အလင်းဝင်သူများအား လက်ခံကြိုဆိုပွဲ ကျင်းပနေစဉ်။ ဓာတ်ပုံ- CJ)

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ချီဖွေမြို့နယ် တရုတ် – မြန်မယနယ်စပ်ရှိ ကန်ဖန့်ကျေးရွာအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်စဉ် လက်နက်ချ အလင်းဝင်ခဲ့သည့် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်နှင့် နယ်ခြားစောင့် တပ်(BGF)တပ်ဖွဲ့ဝင်များအား KIAက ကြိုဆိုပွဲပြုလုပ်ခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ကန်ဖန့်ရွာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဟောပြောပွဲနှင့် အလင်းဝင်သူများ ကြိုဆိုပွဲအား ပြုလုပ်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်အချို့က နိုဝင်ဘာ ၈ရက်တွင် လူမှုကွန်ရက်၌ ရုပ်သံမှတ်တမ်းနှင့် အတူ ဖော်ပြသည်။

(ချီဖွေမြို့နယ်၊ ကန်းဖန့်ကျေးရွာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဟောပြောပွဲ နှင့် အလင်းဝင်သူများအား လက်ခံကြိုဆိုပွဲ ကျင်းပနေစဉ်။ ဓာတ်ပုံ- CJ)
(ချီဖွေမြို့နယ်၊ ကန်းဖန့်ကျေးရွာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဟောပြောပွဲ နှင့် အလင်းဝင်သူများအား လက်ခံကြိုဆိုပွဲ ကျင်းပနေစဉ်။ ဓာတ်ပုံ- CJ)

“အင်အားဘယ်လောက်လောက်ဆိုတာ အတိအကျတော့ ကျနော်လည်း မသိသေးဘူး။ ဒါပေမဲ့ အဲဒီပတ်ဝန်းကျင်(ကန်ဖန့်ဒေသ)မှာ ရှိသလောက်တော့ အကုန်လုံးအလင်းဝင်ကြတယ်လို့ သတင်းရတယ်”ဟု ကချင်စစ်ရေးသတင်းရင်မြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

KIA အနေဖြင့် စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း၏ ကချင်အထူးဒေသ(၁) အား ထိုးစစ်ဆင်၍ မြို့ရွာများကို သိမ်းပိုက်ခဲ့ရာ ကန်ဖန့်ရွာ သိမ်းပိုက်မှုတွင် ပြည်သူ့စစ်နှင့် BGFများက ပြန်လည်ခုခံခြင်းမရှိသည့်အပြင် ဒေသခံများက KIA ပူးပေါင်းတပ်ဖွဲ့ ကို ကြိုဆိုခဲ့ကြသည်။

ကန်ဖန့်ကျေးရွာကို KIAက နိုဝင်ဘာ ၄ရက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့စစ် ၁၀၀ ကျော် လက်နက်ချ အလင်းဝင်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပြထားသည်။ထို့ပြင် ဒေသခံများက ပြန်လည်ခုခံခြင်းမပြုရန် တိုက်တွန်းခဲ့၍ ပြည်သူ့စစ်များက KIAထံလက်နက်ချခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း ကန်ဖန့်ရွာတွင် ပြည်သူလူထုများက KIA တပ်ဖွဲ့ဝင်များ ဝင်ရောက်လာမှုကို ကြိုဆိုခဲ့ကြသည်ဟု ပြောကြားသည်။

(ချီဖွေမြို့နယ်၊ ကန်းဖန့်ကျေးရွာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဟောပြောပွဲ နှင့် အလင်းဝင်သူများအား လက်ခံကြိုဆိုပွဲ ကျင်းပနေစဉ်။ ဓာတ်ပုံ- CJ)
(ချီဖွေမြို့နယ်၊ ကန်းဖန့်ကျေးရွာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဟောပြောပွဲ နှင့် အလင်းဝင်သူများအား လက်ခံကြိုဆိုပွဲ ကျင်းပနေစဉ်။ ဓာတ်ပုံ- CJ)

” အဲဒီဘက်မှာကတော့ ပြည်သူ့စစ်တို့ BGF တို့ တော့ ရှိတာပေါ့။ ဒါပေမဲ့ အားလုံးကတော့ ကျနော်တို့ KIA တပ်ပေါင်းစုဆီမှာ ပူးပေါင်းသွားပါပြီ။ အဲဒီဘက်မှာ တိုက်ပွဲလည်း မရှိပါဘူး။ အားလုံး ကျနော်တို့ တိုင်းရင်းသား ညီအကို အချင်းချင်းဆိုတော့ အားလုံးက အမြင်မှန်ရပြီးတော့ ပူးပေါင်းသွားတာ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIA အနေဖြင့် ကန်ဖန့်ရွာ သိမ်းပိုက်ပြီးနောက် ကချင်အထူးဒေသ(၁) စစ်ဆင်ရေး လှုပ်ရှားမှုများ ပြန်လည်ငြိမ်သက်နေသည်ကိုလည်း တွေ့ရသည်။ ယင်းမတိုင်မီ စက်တင်ဘာ လကုန်ပိုင်းမှ စ၍ ကချင်အထူးဒေသ(၁)နယ်မြေရှိ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ဖီမောစသည့် မြို့များကို KIAက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ဦးဇခုန်တိန့်ယိန်း၏ BGF (၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃)တပ်ရင်းဌာနချုပ် သုံးခုလုံးကို KIAက သိမ်းပိုက်ခဲ့ပြီး ဒေသတွင်းရှိ စစ်ကောင်စီ ၊ ပြည်သူ့စစ်နှင့် BGFတပ်စခန်းများစွာကိုလည်းသိမ်းပိုက်နိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့ ပထဝီနိုင်ငံရေး အကျပ်အတည်း

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းတာတွေ လုပ်ရင် ထိရောက်စွာ အရေးယူမယ်လို့ ကချင်ပြည်နယ် ရွှေကူခရိုင် အခြေစိုက်လှုပ်ရှားနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၁၁) တပ်ရင်း(၁၂) က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ကာကွယ်ရေးနဲ့ မြေရှားသတ္တု တူးဖော် ထုတ်လုပ်ရေးဆိုင်ရာ အမေရိကန် ကုမ္ပဏီ ၁၀ ခုဆီ ပို့ကုန်တွေ တင်ပို့မှုအပေါ် ကန့်သတ်ချက် အသစ်တွေ တရုတ်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

တိုက်ပွဲအတွင်း သေဆုံးသူတွေနဲ့ ထွက်ပြေးနေသူတွေရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူ ပြော