Connect with us

Hi, what are you looking for?

သတင်း

‘၁၁.၁၁စစ်ဆင်ရေး’နှစ်ပတ်လည်နေ့တွင် လွိုင်ကော် မြို့ပတ်လည်ကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်နေ

စစ်ရေးအချက်အလက်များအရ မိုးဗြဲ ၊ရှားတော၊ရွာသစ်၊မယ်စဲ့၊မော်ချီး၊ဖားဆောင်း ဒီးမော့ဆိုနှင့်နန်းမယ်ခုံမြို့တို့ကို ကရင်နီတပ်ပေါင်းစုက ထိန်းချုပ်သိမ်းပိုက်ထားဆဲ ဖြစ်သည်။

(စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့ရှိ နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့ရှိ နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ရဲခေါင်/People’s Spring

ကရင်နီတပ်ပေါင်းစု၏ ‘၁၁.၁၁ စစ်ဆင်ရေး’နှစ် ပတ်လည်နေ့ ဖြစ်သော ယနေ့(နိုဝင်ဘာ ၁၁ ရက်)တွင် လွိုင်ကော်မြို့ပတ်ပတ်လည်ကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံ အချို့က ပြောသည်။

ဖယ်ခုံ၊မိုးဗြဲနှင့် လွိုင်ကော်မြို့တို့တွင်လည်း စစ်ကောင်စီ၏ ကင်းထောက်လေယာဥ်အချို့ပျံသန်းနေပြီး ဖားဆောင်းမြို့နယ်ကို လေယာဥ်ဖြင့် ၁၁ ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ဆိုသည်။

“ဖယ်ခုံနဲ့ လွိုင်ကော်မှာ မနက်ကတည်းက ကင်း ထောက်လေယာဥ်ပျံနေတာ။အခု ညနေ ၄ နာရီလောက်ကစပြီး လက်နက်ကြီးနဲ့ လွိုင်ကော်မြို့ပတ်ချာလည်ကို ပစ်နေတယ်။တိုက်ပွဲမရှိဘူး။ရမ်းသမ်းပစ်နေတာ”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ တပ်ရင်းနှစ်ခုသာကျန်ပြီး မြို့ကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထား သည့် ဖားဆောင်းမြို့နယ်ကိုလည်း ယနေ့ နံနက်အစောပိုင်းတွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဘောလခဲခရိုင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အသိပေးသည်။

“ဒီနေ့က စစ်ဆင်ရေးနေ့ ဆိုတော့ ကြောက်ပြီး လေကြောင်းကနေ လာခြိမ်းခြောက်တာ။ထူးထူး ခြား ခြား ထိခိုက်မှုမရှိဘူး”ဟု ၎င်းက ​လူထုနွေဦးသို့ပြောသည်။

‘၁၁.၁၁ စစ်ဆင်ရေး’သည် ၂၀၂၃နိုဝင်ဘာ ၁၁ ရက်တွင် ကရင်နီတပ်ပေါင်းစုများစုဖွဲ့ပြီး ဒေသတွင်းရှိ စစ်ကောင်စီစခန်းများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။စစ်ဆင်ရေးတွင် လွိုင်ကော်မြို့ကိုပါ ကရင်နီတပ်ပေါင်းစုက ထိုးစစ်ဆင်ခဲ့ပြီး မြို့လယ်ရပ်ကွက်များကိုပါ လအတန်ကြာထိန်းချုပ်နိုင်ခဲ့သည်။

လွိုင်ကော်မြို့တွင် စစ်ကောင်စီ တပ်စခန်း ၁၂ ခု၊ ဒီးမော့ဆိုတွင် စခန်း ၁၃ ခု၊ ဖရူဆိုတွင် စခန်း တစ် ခု၊​ဘောလခဲတွင် စခန်း ၅ ခု၊ ဖားဆောင်းတွင် စခန်း ၉ ခု၊ ရှားတောတွင် စခန်း ၇ ခု၊ ဖယ်ခုံတွင် စခန်း ၁၇ ခုနှင့် မယ်စဲ့မြို့တွင် တပ်စခန်း တစ်ခု စုစုပေါင်း တပ်စခန်း ၆၅ ခု သိမ်းဆည်းနိုင်ခဲ့ပြီး တပ်ဆုတ်လက်နက်ချခဲ့သည့် စခန်းစုစုပေါင်း ၁၆ ခုအထိ ရှိခဲ့သည်။

စစ်ကောင်စီ၏ ပင်မအခြေစိုက်တပ်များကို သိမ်းပိုက်နိုင်မှုမရှိခြင်း၊လေကြောင်းတိုက်ခိုက်မှု များပြားခြင်း နှင့် မြေပြင်စစ်ကူများစွာရောက်ရှိလာ၍ လွိုင်ကော်မြို့ကို ကရင်နီတပ်ပေါင်းစုဘက်က ပြန်လည်ဆုတ်ခွာပေးခဲ့ရသည်။

စစ်ရေးအချက်အလက်များအရ မိုးဗြဲ ၊ရှားတော၊ရွာသစ်၊မယ်စဲ့၊မော်ချီး၊ဖားဆောင်း ဒီးမော့ဆိုနှင့်နန်းမယ်ခုံမြို့တို့ကို ကရင်နီတပ်ပေါင်းစုက ထိန်းချုပ်သိမ်းပိုက်ထားဆဲ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။