Connect with us

Hi, what are you looking for?

သတင်း

‘၁၁.၁၁စစ်ဆင်ရေး’နှစ်ပတ်လည်နေ့မတိုင်မီ လွိုင်ကော်မြို့ကို စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

‘၁၁.၁၁ စစ်ဆင်ရေး’အမည်ဖြင့် ၂၀၂၃ နိုဝင်ဘာ ၁၁ ရက်တွင် ကရင်နီတပ်ပေါင်းစုများစုဖွဲ့ပြီး ဒေသတွင်းရှိ စစ်ကောင်စီစခန်းများအား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(၁၁.၁၁ စစ်ဆင်ရေးအတွင်း လွိုင်ကော်မြို့တွင်းရှိ စစ်ကောင်စီစခန်းများကို ကရင်နီတပ်ပေါင်းစု၏ဝင်ရောက်တိုက်ခိုက်ခဲ့သည်ကိုတွေ့ရစဥ်။ ဓာတ်ပုံ - KNDF တပ်ရင်း- ၂)
(၁၁.၁၁ စစ်ဆင်ရေးအတွင်း လွိုင်ကော်မြို့တွင်းရှိ စစ်ကောင်စီစခန်းများကို ကရင်နီတပ်ပေါင်းစု၏ဝင်ရောက်တိုက်ခိုက်ခဲ့သည်ကိုတွေ့ရစဥ်။ ဓာတ်ပုံ - KNDF တပ်ရင်း- ၂)

ရဲခေါင်/People’s Spring

‘၁၁.၁၁စစ်ဆင်ရေး’ နှစ်ပတ်လည်နေ့မတိုင်မီ လွိုင်ကော်မြို့ကို စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ထားကြောင်း ဒေသခံအချို့က ​ပြောသည်။

‘၁၁.၁၁ စစ်ဆင်ရေး’အမည်ဖြင့် ၂၀၂၃ နိုဝင်ဘာ ၁၁ ရက်တွင် ကရင်နီတပ်ပေါင်းစုများစုဖွဲ့ပြီး ဒေသတွင်းရှိ စစ်ကောင်စီစခန်းများအား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“(၁၁၁၁)နှစ်ပတ်လည်နေ့ မှာ လွိုင်ကော်ထဲ တော်လှန်ရေးတပ်ဖွဲ့တွေ လာလည်မယ်ဆိုပြီး လွိုင်ကော်ပတ် ပတ်လည်ကို ကင်းတွေချ ၊ တောင်မှန်သမျှ တက်နေရာယူထားတယ်တဲ့။ခြိမ်းခြောက်တဲ့အနေနဲ့ လက်နက်ကြီးတွေနဲ့ လွိုင်ကော်ပတ်လည်ကို လျှောက်ပစ်နေတယ်”ဟု လွိုင်ကော်မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

(၁၁.၁၁ စစ်ဆင်ရေးအတွင်း လွိုင်ကော်မြို့တွင်းရှိ စစ်ကောင်စီစခန်းများကို ကရင်နီတပ်ပေါင်းစု၏ဝင်ရောက်တိုက်ခိုက်ခဲ့သည်ကိုတွေ့ရစဥ်။ ဓာတ်ပုံ - KNDF တပ်ရင်း- ၂)
(၁၁.၁၁ စစ်ဆင်ရေးအတွင်း လွိုင်ကော်မြို့တွင်းရှိ စစ်ကောင်စီစခန်းများကို ကရင်နီတပ်ပေါင်းစု၏ဝင်ရောက်တိုက်ခိုက်ခဲ့သည်ကိုတွေ့ရစဥ်။ ဓာတ်ပုံ – KNDF တပ်ရင်း- ၂)

ထို့အပြင် လွိုင်ကော်မြို့ ကြည်သာယာ ၊နမ့်ဘော်ဝမ် ၊ ရေနီကန် ၊ဧက(၅၀၀) /အောင်ချမ်းသာ ရပ်ကွက်မှ ဒေသခံအချို့ကိုလည်း စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းရန် အတင်းအဓမ္မခေါ်၍ လစာကျပ် နှစ်သိန်း ၊သေနတ်(၁)လက် ၊ကျည် နှင့် လက်ပစ်ဗုံး(၂)လုံးစီပေးထားပြီး လွိုင်ကော်မြို့၌ ကင်းချထားသည်ဟု ၎င်းက ဆိုသည်။

‘၁၁.၁၁ စစ်ဆင်ရေး’အတွင်း ကရင်နီတပ်ပေါင်းစုက လွိုင်ကော်မြို့ကိုပါ ထိုးစစ်ဆင်ခဲ့ပြီး မြို့လယ်ရှိ ရပ်ကွက်များကိုပါ လအတန်ကြာထိန်းချုပ်နိုင်ခဲ့သည်။

အဆိုပါ စစ်ဆင်ရေးအတွင်း လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်စခန်း ၁၂ ခု၊ ဒီးမော့ဆိုမြို့တွင် စခန်း ၁၃ ခု၊ ဖရူဆိုမြို့တွင် စခန်း တစ် ခု၊​ဘောလခဲမြို့တွင် စခန်း ၅ ခု၊ ဖားဆောင်းမြို့တွင် စခန်း ၉ ခု၊ ရှားတောမြို့တွင် စခန်း ၇ ခု၊ ဖယ်ခုံမြို့တွင် စခန်း ၁၇ ခု နှင့် မယ်စဲ့မြို့တွင် တပ်စခန်း တစ်ခု စုစုပေါင်း စခန်း ၆၅ ခုကို သိမ်းဆည်းနိုင်ခဲ့ပြီး တပ်ဆုတ်လက် နက်ချခဲ့သည့် စခန်းစုစုပေါင်း ၁၆ခုအထိ ရှိခဲ့သည်။

(၁၁.၁၁ စစ်ဆင်ရေးအတွင်း လွိုင်ကော်မြို့တွင်းရှိ စစ်ကောင်စီစခန်းများကို ကရင်နီတပ်ပေါင်းစု၏ဝင်ရောက်တိုက်ခိုက်ခဲ့သည်ကိုတွေ့ရစဥ်။ ဓာတ်ပုံ - KNDF တပ်ရင်း- ၂)
(၁၁.၁၁ စစ်ဆင်ရေးအတွင်း လွိုင်ကော်မြို့တွင်းရှိ စစ်ကောင်စီစခန်းများကို ကရင်နီတပ်ပေါင်းစု၏ဝင်ရောက်တိုက်ခိုက်ခဲ့သည်ကိုတွေ့ရစဥ်။ ဓာတ်ပုံ – KNDF တပ်ရင်း- ၂)

သို့သော် စစ်ကောင်စီ၏ ပင်မအခြေစိုက်တပ်များကို သိမ်းပိုက်နိုင်မှုမရှိခြင်း၊လေကြောင်းတိုက်ခိုက်မှု များပြားခြင်းနှင့် မြေပြင်စစ်ကူများစွာရောက်ရှိလာ၍ လွိုင်ကော်မြို့ကို ကရင်နီတပ်ပေါင်းစုဘက်က ပြန်လည်ဆုတ်ခွာပေးခဲ့ရသည်။

“လွိုင်ကော်ကို အင်အားဖြည့်ထားတဲ့ စကစ တပ်သားက သုံးထောင်လောက်ရှိတယ်။၁၁.၁၁ စစ်ဆင်ရေးတုန်းက အထိုင်တပ်တွေနဲ့ပေါင်းရင် အခု ၄,၀၀၀ ကျော် ၅,၀၀၀ ဝန်းကျင်မှာ ရှိလိမ့်မယ်။ဒါက ခုခံစစ်ထက် ပြန်ပြီး ထိုးစစ်ဆင်ဖို့ စကစ ဘက်က ပြင်ဆင်နေတဲ့သ ဘောပဲ”ဟု ကရင်နီစစ်ဘက်ရေးရာသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

လက်ရှိတွင် ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့ဘက်မှတဆင့် ဖယ်ခုံမြို့ဘက်သို့ စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး စစ်ကြောင်းထိုးလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

နိုင်ငံတကာ

ကျူးဘားနိုင်ငံဟာ အမေရိကန်အတွက် အမျိုးသား လုံခြုံရေး ခြိမ်းခြောက်မှု တစ်ခု ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။ သူက ကျူးဘားနဲ့ အမေရိကန်ကြားမှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်း သဘောတူညီမှုတွေ ရယူနိုင်ဖို့ ဆိုတာက ဖြစ်နိုင်ခြေ နည်းလွန်းတယ်လို့လည်း ဆိုပါတယ်။