Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့ လန်းဆန်းလက်ဖက်ရည်ဆိုင် လေကြောင်းတိုက်ခိုက်ခံရ၊ ပြည်သူ ၂၀ခန့်သေဆုံး

နောင်ချိုမြို့ လေကြောင်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ထံ ဆက်သွယ်မေးမြန်းနေဆြဲဖစ်သည်။

(ယနေ့ နောင်ချိုမြို့ လန်းဆန်းလက်ဖက်ရည်ဆိုင် လေကြောင်းတိုက်ခိုက်ခံရအပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - ပေးပို့)
(ယနေ့ နောင်ချိုမြို့ လန်းဆန်းလက်ဖက်ရည်ဆိုင် လေကြောင်းတိုက်ခိုက်ခံရအပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - ပေးပို့)

ဒီးဒီ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ လန်းဆန်းလက်ဖက်ရည်ဆိုင်အား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂၀ခန့်သေဆုံးခဲ့ရပြီး ဒဏ်ရာရသူများပြားကြောင်း အဆိုပါမြို့ခံများက ပြောသည်။

ယနေ့ (နိုဝင်ဘာ ၁၂ရက်) နေ့လယ် ၂နာရီခွဲခန့်တွင် နောင်ချိုမြို့ရှိ လန်းဆန်းလက်ဖက်ရည်ဆိုင်နေရာအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လက်ဖက်ရည်ဆိုင်ထိုင်နေသူများ၊ ခရီးသည်ကားများ ဗုံးထိမှန်ခဲ့ပြီး သေဆုံးသူ ပြည်သူ ၂၀ခန့်ရှိသည်ဟု နောင်ချိုမြို့မှ PDF ရဲဘော်တစ်ဦးက ပြောသည်။

သေဆုံးသူမှာ ၂၀ခန့်ရှိနေပြီး ခရီးဝေးဧည့်သည်အများစုပါဝင်သည်ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

” လန်းဆန်းလက်ဖက်ရည်ဆိုင်ပေါ် တည့်တည့်ကျတာ”ဟု PDF ရဲဘော်က ပြောသည်။

“လန်းဆန်းတော့ မြေကွက်လပ်ပဲကျန်တယ်တဲ့။ ဒဏ်ရာရတာတွေများတယ်။ ဒဏ်ရာရဦးရေသေချာမသိရသေးဘူး”ဟု နောင်ချိုဒေသခံက ပြောသည်။

ဗုံးထိမှန်သေဆုံးသူများပြား၍ လူစုလူဝေးဖြစ်ရာ တော်လှန်ရေးရဲဘော်များက သေနတ်ပစ်ဖောက်လမ်းရှင်းနေရသည်ဟု ၎င်းက ဆက်ပြောသည်။

နောင်ချိုမြို့ လေကြောင်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ထံ ဆက်သွယ်မေးမြန်းနေဆြဲဖစ်သည်။

စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်သည် နိုဝင်ဘာ၁၀ရက်တွင် တရုတ်နိုင်ငံမှပြန်ရောက်ရှိလာပြီး နောက်တစ်နေ့တွင် စစ်ကောင်စီက မြို့ရွာများ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယမန်နေ့ညပိုင်းတွင်လည်း မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ရာ ဒေသခံပြည်သူ အမျိုးသား ၁၆ ဦးနှင့်အမျိုးသမီး လေးဦး စုစုပေါင်း ၂၀ဦး သေဆုံးပြီး ၁၃ ဦးဒဏ်ရာရခဲ့သည်။

ထို့အပြင် စစ်ကောင်စီသည် ယနေ့(နိုဝင်ဘာလ ၁၂ရက်)တွင် မကွေးတိုင်း ပွင့်ဖြူမြို့၊ ချင်းပြည်နယ်မင်းတပ်မြို့နှင့် ရခိုင်ပြည်နယ်အမ်းမြို့နယ်တို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည်။

(ယနေ့ နောင်ချိုမြို့ လန်းဆန်းလက်ဖက်ရည်ဆိုင် လေကြောင်းတိုက်ခိုက်ခံရအပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - ပေးပို့)
(ယနေ့ နောင်ချိုမြို့ လန်းဆန်းလက်ဖက်ရည်ဆိုင် လေကြောင်းတိုက်ခိုက်ခံရအပြီး ပျက်စီးမှုများ။ ဓာတ်ပုံ – ပေးပို့)

စစ်ကောင်စီသည် TNLA သိမ်းပိုက်ထိန်းချုပ်ထားသော နောင်ချိုမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ မကြာခဏပြုလုပ်နေသည်။ နိုဝင်ဘာ ၁၀ ရက်ကလည်း နောင်ချိုမြို့ရှိ ရဲစခန်း၊ စျေးရပ်ကွက်နှင့် တောင်ရပ်ကွက်ကိုလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

အောက်တိုဘာ ၁၉ရက်က နောင်ချိုမြို့ လေကြောင်းတိုက်ခိုက်ခံရမှုတွင်လည်း ကလေး(၂)ဦးအပါအဝင် (၃)ဦးသေဆုံးပြီး၊ (၃)ဦး ဒဏ်ရာရခဲ့သည်။

မှတ်ချက် – သတင်းအားပြင်ဆင်ဖြည့်စွပ်ထားပါသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook