Connect with us

Hi, what are you looking for?

News

မြောင်မြို့နယ်ရှိ ကျောက်ရစ်ရဲစခန်းကို PDFများ ပူးပေါင်းတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးဟု PDF ထုတ်ပြန်

အဆိုပါတိုက်ပွဲသည် ၂နာရီကျော်ကြာမြင့်ခဲ့ပြီးစစ်ကောင်စီတပ်သား ငါးဦးသေဆုံးကာ PDFတပ်ဖွဲ့ဝင်တစ်ဦးကျည်ထိမှန်ခဲ့သည်။သို့သော် လက်ရှိတွင် ဆေးကုသမှုခံယူပြီးနောက် အသက်အန္တရာယ် စိုးရိမ်မှုမရှိတော့ကြောင်း CDSOMက အသိပေးသည်။

မြောင်မြို့နယ်ရှိ ကျောက်ရစ်ရဲစခန်းကို PDF ပူးပေါင်းအဖွဲ့များ ဝင်တိုက်ခိုက်၍ အကြမ်းဖက်စစ်ကောင်စီတပ်သား ငါးဦးသေဆုံးကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM)က ယနေ့(အောက်တိုဘာ၂၅) ထုတ်ပြန်သည်။

အောက်တိုဘာ ၂၄ ရက် နေ့လည်ပိုင်းက မြောင်မြို့နယ်ရွှေတစ်ချောင်းဘက်မှ ဝင်လာသည့် စစ်ကောင်စီ တပ်သား ၁၀၀ခန့်ကို PDF အဖွဲ့များက ပူးပေါင်းကာကွယ်ခဲ့ရာမှ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။

ထို့နောက် မဟာမိတ်များပူးပေါင်းကာကွယ်နေစဥ် လမ်းကြောင်းပိတ်ဆို့ထားသည့် ကျောက်ရစ်ရဲစခန်းကို နှလုံးလှလူမိုက်ကြီးများအဖွဲ့၊BGF ၊ CDSOM နှင့် MGN T.G.R အဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ပွဲသည် ၂နာရီကျော်ကြာမြင့်ခဲ့ပြီးစစ်ကောင်စီတပ်သား ငါးဦးသေဆုံးကာ PDFတပ်ဖွဲ့ဝင်တစ်ဦးကျည်ထိမှန်ခဲ့သည်။သို့သော် လက်ရှိတွင် ဆေးကုသမှုခံယူပြီးနောက် အသက်အန္တရာယ် စိုးရိမ်မှုမရှိတော့ကြောင်း CDSOMက အသိပေးသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း ဒေသခံ PDF များမှ AKတစ်လက်၊ M4 ကျည် ၁၅၀ ၊ AKကျည် ၃၀၀ကျော် နှင့် ငွေ ၈၀၀,၀၀၀ ဆုံးရှံးခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေကို လက်မခံဖို့ စစ်တပ်က ကျေးရွာတွေကို ခြိမ်းခြောက်စာတွေ လိုက်ကပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။