Connect with us

Hi, what are you looking for?

LuduNwayOo

News

မြောင်မြို့နယ်ရှိ ကျောက်ရစ်ရဲစခန်းကို PDFများ ပူးပေါင်းတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးဟု PDF ထုတ်ပြန်

အဆိုပါတိုက်ပွဲသည် ၂နာရီကျော်ကြာမြင့်ခဲ့ပြီးစစ်ကောင်စီတပ်သား ငါးဦးသေဆုံးကာ PDFတပ်ဖွဲ့ဝင်တစ်ဦးကျည်ထိမှန်ခဲ့သည်။သို့သော် လက်ရှိတွင် ဆေးကုသမှုခံယူပြီးနောက် အသက်အန္တရာယ် စိုးရိမ်မှုမရှိတော့ကြောင်း CDSOMက အသိပေးသည်။

မြောင်မြို့နယ်ရှိ ကျောက်ရစ်ရဲစခန်းကို PDF ပူးပေါင်းအဖွဲ့များ ဝင်တိုက်ခိုက်၍ အကြမ်းဖက်စစ်ကောင်စီတပ်သား ငါးဦးသေဆုံးကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM)က ယနေ့(အောက်တိုဘာ၂၅) ထုတ်ပြန်သည်။

အောက်တိုဘာ ၂၄ ရက် နေ့လည်ပိုင်းက မြောင်မြို့နယ်ရွှေတစ်ချောင်းဘက်မှ ဝင်လာသည့် စစ်ကောင်စီ တပ်သား ၁၀၀ခန့်ကို PDF အဖွဲ့များက ပူးပေါင်းကာကွယ်ခဲ့ရာမှ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။

ထို့နောက် မဟာမိတ်များပူးပေါင်းကာကွယ်နေစဥ် လမ်းကြောင်းပိတ်ဆို့ထားသည့် ကျောက်ရစ်ရဲစခန်းကို နှလုံးလှလူမိုက်ကြီးများအဖွဲ့၊BGF ၊ CDSOM နှင့် MGN T.G.R အဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ပွဲသည် ၂နာရီကျော်ကြာမြင့်ခဲ့ပြီးစစ်ကောင်စီတပ်သား ငါးဦးသေဆုံးကာ PDFတပ်ဖွဲ့ဝင်တစ်ဦးကျည်ထိမှန်ခဲ့သည်။သို့သော် လက်ရှိတွင် ဆေးကုသမှုခံယူပြီးနောက် အသက်အန္တရာယ် စိုးရိမ်မှုမရှိတော့ကြောင်း CDSOMက အသိပေးသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း ဒေသခံ PDF များမှ AKတစ်လက်၊ M4 ကျည် ၁၅၀ ၊ AKကျည် ၃၀၀ကျော် နှင့် ငွေ ၈၀၀,၀၀၀ ဆုံးရှံးခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။