Connect with us

Hi, what are you looking for?

သတင်း

ဆင်ဖြူကျွန်းတွင် ဆုတ်လေဦးစစ်ကောင်စီကင်းစခန်းအား PDFများတိုက်ခိုက်သိမ်းပိုက်

သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းစာရင်းကိုမူ အသိပေးခြင်းမရှိသေးဘဲ ထုတ်ပြန်သည့် ဓာတ်ပုံတွင်မူ သေနတ် ၃ လက်ကိုတွေ့ရှိရသည်။

(မင်းဘူးခရိုင်အမှတ်(၁)တပ်ရင်းမှရဲဘော်များအား သိမ်းဆည်းရမိသော လက်နက်အချိုနှင့်အတူ တွေ့ရစဥ်။ဓာတ်ပုံ-မင်းဘူးခရိုင်အမှတ်(၁)တပ်ရင်း)
(မင်းဘူးခရိုင်အမှတ်(၁)တပ်ရင်းမှရဲဘော်များအား သိမ်းဆည်းရမိသော လက်နက်အချိုနှင့်အတူ တွေ့ရစဥ်။ဓာတ်ပုံ-မင်းဘူးခရိုင်အမှတ်(၁)တပ်ရင်း)

​ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အနီး ဆုတ်လေဦးလမ်းဆုံရှိ စစ်ကောင်စီကင်းစခန်းအား တော်လှန်ရေးအဖွဲ့များ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း မင်းဘူးခရိုင် အမှတ်(၁)တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။

ယနေ့(နိုဝင်ဘာ ၁၅ ရက်) နံနက် ၅ နာရီခွဲခန့်က စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အနီး၊ ဆုတ်လေဦးလမ်း​ဆုံရှိ စစ်ကောင်စီအထိုင်စခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားများ ထိခိုက် သေဆုံးမှုများပြားပြီး လက်နက်များ သိမ်းဆည်းနိုင်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်(၁)တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။

“အများကြီး မပစ်လိုက်ရဘူး ကျွန်တော်တို့။ မိနစ်ပိုင်းပဲ ပစ်လိုက်ရတယ်။ အလံဖြူထောင်တဲ့ကောင်ကထောင်တယ်။ သေနတ်ထားပြီး ဆုတ်ပြေးတဲ့ကောင်တွေက ပြေးတယ်။ လောလောဆယ်တော့ အလောင်းတစ်လောင်းနဲ့ လက်နက်ပစ္စည်းအချို့ ရထားတယ်။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ထို စခန်းမှထွက်​ပြေး​သော စစ်​ကောင်စီတပ်ဖွဲ့ဝင်များသည် ဆင်ဖြူကျွန်းရဲစခန်းသို့ ​ဆုတ်ခွာသွားကြောင်း သိရသည်။

သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းစာရင်းကိုမူ အသိပေးခြင်းမရှိသေးဘဲ ထုတ်ပြန်သည့် ဓာတ်ပုံတွင်မူ သေနတ် ၃ လက်ကိုတွေ့ရှိရသည်။

ထိုစစ်ဆင်ရေးကို မင်းဘူးခရိုင်အမှတ်(၁)တပ်ရင်းက ဦးဆောင်ကာ မင်းဘူးခရိုင် အမှတ်(၅)တပ်ရင်း၊မိုးကြိုးပျောက်ကြားတပ်ဖွဲ့၊ဒေါင်းစစ်အောင်(LPDF)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၂၀ ရက်ကလည်း ယခုသိမ်းပိုက်ခံရသည့် ဆုတ်လေဦးကင်းစခန်းနှင့် လင်းဇင်းရဲစခန်းကို မင်းဘူးခရိုင် အမှတ်(၁)တပ်ရင်းနှင့် တော်လှန်ရေးအဖွဲ့များ တပြိုင်နက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ