Connect with us

Hi, what are you looking for?

သတင်း

ဖားဆောင်းမြို့ကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ဖားဆောင်းမြို့သိမ်းတိုက်ပွဲတွင် ကျန်ရှိသော စစ်ကောင်စီတပ်သားများအား တပ်ပေါင်းစုနှင့်အတူ ၀န်းရံပိတ်ဆို့ တိုက်ခိုက်လျှက်ရှိပြီး အဖက်ဖက်မှ စစ်ကူများမလာနိုင်ရန်လည်း ကြိုးပမ်းနေကြောင်း ဖားဆောင်း PDF က အသိပေးသည်။

(ဖားဆောင်းတိုက်ပွဲအတွင်း တွေ့ရသော အမှတ်(၁၁၀၈)တပ်ရင်းမှ ရဲဘော်များ။ ဓာတ်ပုံ - ဖားဆောင်း PDF)
(ဖားဆောင်းတိုက်ပွဲအတွင်း တွေ့ရသော အမှတ်(၁၁၀၈)တပ်ရင်းမှ ရဲဘော်များ။ ဓာတ်ပုံ - ဖားဆောင်း PDF)

ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖားဆောင်း PDFက ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီ၏ တစ်ဖက်သတ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် မှုကို နိုဝင်ဘာ ၁၅ရက်တွင် နှစ်ကြိမ်၊ယမန်နေ့(နိုဝင်ဘာ ၁၆ရက်)တွင် နှစ်ကြိမ်ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

“၁၁.၁၁ စစ်ဆင်ရေးနှစ်ပတ်လည်(နိုဝင်ဘာ ၁၁ ရက်) နေ့ မနက်အစောကလည်း လေယာဥ်နဲ့ ဗုံးလာကြဲ ခဲ့တယ်။ဘာတိုက်ပွဲမှ မရှိဘူးလေ။အခုလည်း တိုက်ပွဲမရှိဘဲ ရက်ဆက်လာကြဲနေတာ။ဖြစ်နိုင်တာတော့ ဖားဆောင်းမှာ ပိတ်ဆို့ခံထားရတာ ကြာနေတဲ့ စကစ တပ်သားတွေကို စိတ်ခွန်အားပေးတာဖြစ်နိုင်သလို ကရင်နီပူးပေါင်းတပ်တွေ တိုးမလာအောင် လုပ်တာပဲ”ဟု ကရင်နီစစ်ရေး သတင်းရင်းမြစ်က လူထုနွေဦးသို့ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုသည် ဝမ်အောင်း (ကယားပိုင်း) ၊ ဖားဆောင်းမြို့တွင်း ၊ ပါပု ၊ နန်းကစ် ၊ သံလွင်တံတားထိပ်နှင့် ငါးမိုင် နေရာများသို့ ကျရောက်ခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

ပြင်းထန်သည့် လူထိခိုက်မှုမရှိဘဲ အဆောက်အဦးအချို့သာ ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

ဖားဆောင်းမြို့သိမ်းတိုက်ပွဲတွင် ကျန်ရှိသော စစ်ကောင်စီတပ်သားများအား တပ်ပေါင်းစုနှင့်အတူ ၀န်းရံပိတ်ဆို့ တိုက်ခိုက်လျှက်ရှိပြီး အဖက်ဖက်မှ စစ်ကူများမလာနိုင်ရန်လည်း ကြိုးပမ်းနေကြောင်း ဖားဆောင်း PDF က အသိပေးသည်။

အထိနာနေသော စစ်ကောင်စီသည် မြို့ရွာ ၊ ရပ်ကွက်တို့အား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေခြင်းကြောင့် ပြည်သူများအနေဖြင့် အသိ၊ သတိဖြင့်သွားလာနေထိုင်ရန်လည်း တိုက်တွန်းထားသည်။

၂၀၂၄ ဖေဖော်ဝါရီ၂၉ ရက်တွင်စတင်သည့် ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီစခန်း ၉ခုနှင့် ကာကင်းနေရာသုံးခုကို ကရင်နီတပ်ပေါင်းစုက သိမ်း ပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီအခြေ စိုက်တပ်ရင်း၂ခု ဖြစ်သော ခလရ(၁၃၄)၊ ခလရ(၁၃၅)ကို သိမ်းပိုက်နိုင်ရန် ကရင်နီတပ်ပေါင်းစုက ကြိုးပမ်းနေဆဲ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာတိုက်ပွဲတွေ ဆက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က သတင်းဖော်ပြထားပြီး စစ်တပ်က နေ့စဉ် လေယာဉ်နဲ့ စားနပ်ရိက္ခာတွေ ချပေးနေရတယ်လို့ ဖော်ပြထားပါတယ်။

သတင်း

တော်လှန်ရေးတပ်တွေရဲ့ မြေပြင်ရိက္ခာလမ်းကြောင်း ဖြတ်တောက်ခံထားရတဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်က အမှတ်(၃)တပ်မတော်အကြီးစားစက်ရုံ(တစခ -၃)ကို စစ်တပ်က လေယာဉ်နဲ့ ရိက္ခာတွေ ချပေးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု တာဝန်ရှိသူက ပြောပါတယ်။