Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်နှင့် ဖားဆောင်းမြို့တွင် တိုက်ပွဲပြင်းထန်

လွိုင်ကော်မြို့​ပေါ်ရှိ မိုင်းလုံး (၁၁)ထပ်တိုက်၊ GTC ကျောင်း၊ နန့်ဘော်ဝမ်ရပ်ကွက် နှင့် နောင်ယားရပ်ကွက်တို့တွင် စစ်ကောင်စီက တပ်စွဲထားသည်။

(လွိုင်​ကော်မြို့တွင် ​ကရင်နီ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များကို ၂၀၂၄ နှစ်ဆန်းပိုင်းက​တွေ့ရစဥ်။ဓာတ်ပုံ-KNDF)
(လွိုင်​ကော်မြို့တွင် ​ကရင်နီ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များကို ၂၀၂၄ နှစ်ဆန်းပိုင်းက​တွေ့ရစဥ်။ဓာတ်ပုံ-KNDF)

ရဲခေါင်/People’s Spring

လွိုင်ကော်နှင့် ဖားဆောင်းမြို့တို့တွင် တိုက်ပွဲပြင်းထန်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မ တော်(PDF)၊ အလယ်ပိုင်းတိုင်း၊ ကယား(ကရင်နီ) စစ်ဒေသခွဲမှ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

ကရင်နီပြည်နယ်၏ မြို့တော် လွိုင်ကော်မြို့ရှိ စစ်ကောင်စီအခြေချသည့် ရပ်ကွက်များကို ကရင်နီပူးပေါင်းတပ်က ထိုးစစ်ဆင်နေသည်မှာ တစ်ပတ်ခန့်ရှိနေပြီး နေ့စဥ်နီးပါးတိုက်ပွဲရှိနေသည်ဟု ဆိုသည်။

ထို့အတူ ဖားဆောင်းမြို့၌ စစ်ကောင်စီ၏ ခလရ (၁၃၄)နှင့် (၁၃၅) အခြေစိုက်တပ်နှစ်ခုကို ထိုးစစ်ဆင်နေကြောင်းလည်း သိရသည်။

Public Service Announcement

Public Service Announcement

လွိုင်ကော်မြို့​ပေါ်ရှိ မိုင်းလုံး (၁၁)ထပ်တိုက်၊ GTC ကျောင်း၊ နန့်ဘော်ဝမ်ရပ်ကွက် နှင့် နောင်ယားရပ်ကွက်တို့တွင် စစ်ကောင်စီက တပ်စွဲထားသည်။

” ဖားဆောင်း နဲ့ လွိုင်​ကော်ဘက်မှာစစ်ရေးပြင်းထန်နေတယ်။နှစ်ဖက်ထိခိုက်မှုရှိတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

“လွိုင်ကော်မြို့ပေါ်က တိုက်ပွဲက စကစဘက်က စစ်ကြောင်းထိုးတာရှိသလို ကရင်နီပူးပေါင်းတပ်ဘက်က တိုက်နေတာရှိတယ်။ပြီးတော့ ဖယ်ခုံ-ပင်လောင်းဘက်လည်း တိုက်ပွဲဖြစ်နေတုန်းပဲ”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၄ ရက်ကစ၍ စစ်ကောင်စီက မိုင်းလုံး၊နမ့်ဘော်ဝမ် နှင့် ချီကယ် ဘက်သို့ လွိုင်ကော် ဒေသကွပ်ကဲစစ်ဆင်ရေးဌာနချုပ်(ဒကစ) ဘက်မှ စစ်ကြောင်းထိုးလာကြောင်းလည်း ဒေသခံစစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ပြည်သူသုံးဦး သေဆုံးခဲ့သည်။ထို့​ကြောင့်​ ဒေသခံပြည်သူများအ​နေဖြင့် စစ်ဘေးရှောင်ရန်လည်း ကရင်နီပူးပေါင်းတပ်က တိုက်တွန်းထားသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက် ကစတင်ခဲ့သော ကရင်နီပူးပေါင်းတပ်၏ ၁၁.၁၁ စစ်ဆင်ရေးကြောင့် လွိုင်ကော်မြို့ရှိ နေရာအများစုကို စစ်ကောင်စီက လက်လွှတ်ခဲ့ရသည်။

စစ်ကောင်စီသည် လွိုင်ကော်မြို့၌ ၎င်း၏ အုပ်ချုပ်ရေး ယန္တရားများပြန်လည်စတင်ရန် ခရီးသည်တင် ယာဥ်လိုင်းများကို ဇူလိုင်လ ၁ ရက်တွင် ပြေးဆွဲရေး အပါအဝင် သြဂုတ်လနောက်ဆုံးထား၍ ဝန်ထမ်းများ ပြန်လာရန်ခေါ်စာများ ထုတ်ပြန်ထားသည်။

စစ်ဘေးရှောင်များ ပြန်လာရေးနှင့်ပတ်သတ်၍ ကရင်နီပူးပေါင်းတပ်က မူ မှတ်ချက်တစ်စုံတစ်ရာ မပေး​သေးပေ။သို့သော်လည်း တိုက်ပွဲ သတင်းအချက် အလက်များကို နားစွင့်ရန် သတိပေးထားသည်။

လွိုင်ကော်မြို့တွင် စစ်ကောင်စီပင်မ အခြေစိုက်ရာ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစလွိုင်ကော်အပါအဝင်) ခြေလျင်တပ်ရင်း ခလရ ၂၆၁၊ ခလရ ၂၅၀၊ခလရ ၅၄၊ အမြောက်တပ်ရင်း (အမတ-၃၆၂)၊တပ်မတော်ဆေးရုံ (တဆရ – အမှတ် ၇)၊ထောက်ပို့နှင့်ပို့ဆောင်ရေးတပ်ခွဲ(ထပခ ၇၂၂) တို့ရှိသည်။

၁၁.၁၁ စစ်ဆင်ရေး၏ အဓိကဦးတည်ချက်သည် ကရင်နီဒေသတွင်း စစ်ကောင်စီတပ်ကင်းစင်ရေး ဖြစ်သကဲ့သို့ မြို့တော်ဖြစ်သော လွိုင်ကော်မြို့ကို သိမ်း ပိုက်နိုင်ရေးသည် ကရင်နီပူးပေါင်းတပ်၏ ရည်မှန်းချက်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။